ISတွေကိုချေမှုန်းဖို့ ကောလိပ်ကနေထွက်ပြီးစစ်ထဲဝင်ခဲ့တဲ့နိုင်ငံရေးကျောင်းသူ

Joanna Palaniလို့အမည်ရတဲ့ အသက်၂၂အရွယ် ကျောင်းသူဟာ ISတွေကို တိုက်ခိုက်ဖို့ ကောလိပ်ကနေထွက်ပြီး စစ်တပ်ထဲကို ဝင်ခဲ့ပါတယ်။ သူမဟာ ဆီးရီးယားမှာ Jihadisတွေကို ရှေ့တိုင်းမှာ တိုက်ခိုက်ခဲ့ပြီး ISစစ်သားတွေဟာ သတ်ရ
တာလွယ်ကြောင်း ပြောကြားခဲ့ပါတယ်။

Screen Shot 2016-05-27 at 11.28.00 AM

ကလေးတွေကိုလိင်ကျွန်အဖြစ်ခိုင်းစေပြီး ၊လူတွေကိုလည်း မညှာမတာသတ်တတ်တဲ့ ISတွေရဲ့အကြောင်းကို သူမက ပြန်လည် ပြောပြခဲ့ပါတယ်။ သူမဟာ ISတွေကိုတိုက်ခိုက်တဲ့ရှေ့တန်းမှာ တစ်နှစ်လောက်တိုက်ခိုက်ခဲ့ပြီး အခြားမိန်းကလေးတွေကိုလည်း ဘယ်လိုတိုက်ခိုက်ရတယ်ဆိုတာ သင်ပေးခဲ့ပါတယ်။

Screen Shot 2016-05-27 at 11.28.24 AM

အခုတော့ သူမရဲ့အိမ်ကိုပြန်ရောက်နေပြီဖြစ်ပြီး သူမရဲ့ အတွေ့အကြုံတွေကို မီဒီယာတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။ IS နဲ့  သမ္မတ္တအာဆတ်ရဲ့စစ်သားတွေကြားထဲက ကွာဟချက်ကိုလည်း ပြန်လည်ပြောပြခဲ့ပါတယ်။ “IS စစ်သားတွေကနှိမ်နှင်းရတာ လွယ်ပါတယ်။ သူတို့က သူတို့အသတ်ကို အစကတည်းက စတေးချင်နေတာလေ၊ အာဆတ်ရဲ့စစ်သားတွေက
တော့ လေ့ကျင့်ရေးကောင်းကောင်းပြုလုပ်ထားသူတွေဖြစ်ပြီး လူသတ်တဲ့နေရာမှာ specialistတွေဖြစ်ကြပါတယ်”လို့
သူမက ဆိုခဲ့ပါတယ်။

READ
တစ်နေ့ကို ဆေးလိပ် အလိပ် (၄၀) ကုန်အောင်သောက်တဲ့ (၂)နှစ်အရွယ် ကလေးငယ်

Screen Shot 2016-05-27 at 11.28.35 AM

သူမဟာ ၂၀၁၄မှာ သူမရဲ့မေးရပ်မြေ ဒိန်းမတ်၊ကိုပင်ဟေဂင်ကို စွန်ခွာခဲ့ပြီး လူသားအားလုံးတန်းတူအခွင့်အရေးရရေး
အတွက် ကြိုးပမ်းခဲ့ပါတယ်။ ပထမဆုံးဆီးရီးယားကို မသွားမီ အီရတ်ကိုသွားခဲ့ပါသေးတယ်။ အီရတ်မှာ People’s
Protection Unit (YPG)အဖွဲ့နဲ့အတူ ၆လအကြာ တိုက်ခိုက်ခဲ့ပါတယ်။

Screen Shot 2016-05-27 at 11.29.04 AM

ပထမဆုံးရှေ့တန်းထွက်ရတဲ့ညမှာပဲ သူမရဲ့ဘေးကစစ်သားအဖော်ဟာ စနိုက်ပါနဲ့အပစ်ခံခဲ့ရပါတယ်။ ထိုစစ်သားရဲ့
ဆေးလိပ်ငွေ့ကို မြင်ပြီး ရန်သူက စနိုက်ပါနဲ့ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူမဟာ သေနတ်ပစ်ရာမှာ
လက်ဖြောင့်ပြီး အရေးကြီးတဲ့အချိန်မျိုးမှာ မလှုပ်မရှက်ငြိမ်ငြိမ်သက်သက်နေတတ်တဲ့ သူမရဲ့အရည်အချင်းကိုရိပ်မိ
ခဲ့ပါတယ်။ သူမဟာ အသက်၉ နှစ်အရွယ်ကတည်းက သေနတ်ပစ်သင်ခဲ့ဖူးသူဖြစ်ပါတယ်။ Kurdishစစ်သားအသစ်
တွေကို သေနတ်ပစ်ဖြောင့်အောင် သူမကူညီပေးခဲ့ပါတယ်။ ISစစ်သားတွေရဲ့ လိင်ကျွန်တွေအဖြစ်ဖမ်းဆီးထားခံရတဲ့
မိန်းကလေးတွေဆီက စာကိုလည်း တစ်ခါက သူမလက်ခံရရှိခဲ့ပြီး မျက်ရည်ဝဲခဲ့ရပါတယ်။

Screen Shot 2016-05-27 at 11.28.55 AM

ကျွန်မကစစ်သားတစ်ယောက်ဖြစ်ပေမယ့် ဆယ်နှစ်အရွယ်ကလေးလေးတစ်ယောက် အဓမ္မကျင့်ခံရလို့ သွေးထွက်ပြီး
သေခဲ့ရကြောင်း ရေးထားတဲ့ စာကိုဖတ်ဖို့တော့ အတော်ကိုခက်ခဲခဲ့ပါတယ်။၂၀၁၅ခုနှစ်အစောပိုင်းမှာ အီရတ်က Mosul နားမှာ မိန်းကလေးတွေကိုဖမ်းပြီး လိင်ကျွန်အဖြစ်လုပ်စားကာ နေ့စဉ်ISစစ်သားတွေနဲ့ ပျော်ပါးဖို့ စေလွှတ်ခြင်းခံနေရတဲ့
အိမ်တစ်လုံးကို သူမတို့အဖွဲ့တွေ့ရှိခဲ့ပါတယ်။ အဲ့ဒိအိမ်မှာ၁၁နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ကိုယ်ဝန်ရနေပြီး
မွေးလာတဲ့ အမွှာလေးကြောင့် ထိုမိခင်မိန်းကလေး သေဆုံးခဲ့ရပါတယ်။

READ
အမေရိကန်အလံကို ရှူးနဲ့ပန်းပြတဲ့ အမျိုးသမီး၊ မိသားစုဝင်တွေပါ အသက်န္တရာယ်စိုးရိမ်နေရ

အခု၂၃နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ JOanna ဟာ အမိမြေကိုခွင့်နဲ့ပြန်လာခဲ့တာဖြစ်ပါတယ်။ အကြောင်းအရင်းက သူမရဲ့
ပတ်စ်ပို့သက်တမ်းကုန်လို့ပါ။ ဆီးရီးယားနဲ့အီရတ်မှာ ဆက်နေရင် ထောင်ဒဏ်၆နှစ်အထိကျသွားနိုင်ပါတယ်။ ဒါပေမယ့်
လတ်တလောမှာ ပြန်သွားဖို့မဖြစ်နိုင်တာကြောင့် Joanna ဟာ အမိမြေမှာ နိုင်ငံရေးသိပ္ဗံကိုပြန်လည် သင်ယူနေပါတယ်။
သူမအနေဲ့ ကျန်ခဲ့တဲ့ စစ်သားတွေကို သတိရနေပြီး တာဝန်မကျေသလိုခံစားရကာ ဖြစ်နိုင်ရင် ချက်ချင်းပြန်သွားချင် တယ်လို့လည်း ဆိုခဲ့ပါတယ်။

Source: mirror

shwemom

SHARE