ထောင်သားတွေအကုန် တားဆေးစားခဲ့ရတဲ့ သြစတေးလျက အမျိုးသမီးအကျဉ်းထောင်

သြစတေးလျနိုင်ငံ ပါ့သ်မြို့မြောက်ပိုင်း ဂရင်းနိုးဒေသအကျဉ်းထောင်မှာရှိတဲ့ ဒါဇင်ပေါင်းများစွာသော အကျဉ်းသားအမျိုးသမီးတွေဟာ ထောင်အာဏာပိုင်တွေက တိုက်ကျွေးတဲ့ သန္ဓေတားဆေးဝါးတွေ သောက်သုံးခဲ့ရကြောင်း သိရပါတယ်။ ဖြစ်ပုံက အမျိုးသားအကျဉ်းသားအုပ်စုတစ်စုဟာ လက်တစ်ကိုင်စာပစ္စည်းကိရိယာတွေသုံးပြီး အမျိုးသမီးအကျဉ်းထောင်ကို ထောင်ဖောက်ဝင်ခဲ့တာဖြစ်ပါတယ်။

PR IMAGE

(၁၂)နာရီတာကြာမြင့်တဲ့ ထောင်အဓိကရုဏ်းမှာ ထောင်အာဏာပိုင်တွေဟာ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး စိုးရိမ်တာကြောင့် တားဆေးတွေကို အကာအကွယ်သဘောနဲ့ တိုက်ကျွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အကျဉ်းသားအမျိုးသမီးတွေကို မေးမြန်းတဲ့အခါမှာတော့ အမျိုးသားထောင်ဖောက်အကျဉ်းသားတွေဟာ သူမတို့ကို ဗလက္ကာရ လုပ်ခဲ့တာမျိုး မရှိခဲ့ဖူးလို့တော့ ငြင်းဆိုထားပါတယ်။

PR IMAGE

ထောင်ဖောက်ခံရတဲ့နေရာနဲ့ ပတ်သက်လို့တော့ ထောင်အာဏာပိုင်တွေက ထုတ်ဖော်ပြသဖို့ ငြင်းဆိုခဲ့ပါတယ်။ အကျဉ်းထောင်အရာရှိတစ်ဦးက “ခင်ဗျားတို့အနေနဲ့ ထောင်ဖောက်ခံရတဲ့ ကိစ္စမျိုးကြုံရမယ်ဆိုပါစို့။ အဖောက်ခံရတဲ့အချိန်ကလည်း ညကြီးမင်းကြီး မှောင်မိုက်နေတဲ့အခါမှာ။ ပြီးတော့လည်း ၁၀နာရီ ၁၂နာရီလောက်ကြာပြီး ထောင်ထဲမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အတူရှိနေတဲ့အခါမှာ။ ခင်ဗျားတို့အနေနဲ့ ဘယ်လိုကိစ္စမျိုးတွေဖြစ်နိုင်သလဲဆိုတာ စဉ်းစားကြည့်သင့်တယ်။” လို့ ဆိုထားပါတယ်။

READ
ဈေးထဲကိုဖောက်ခွဲဖို့ဝင်လာတဲ့အမျိုးသမီးနှစ်ဦး အကြံမအောင်ပဲ ၀ိုင်းဝန်းရိုက်နှက်ခြင်းခံလိုက်ရ
PR IMAGE

ထောင်တွင်း အဓိကရုဏ်းဖြစ်နေတဲ့ အခြေအနေမှာ အမျိုးသမီးအကျဉ်းသားတစ်ဦးဟာ ရုံးဖုံးကိုအသုံးပြုပြီး ထောင်ဖောက်ခံရတဲ့အကြောင်း Seven News ကို ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ အမျိုးသားထောင်ဖောက်သူအုပ်စုကြီးဟာ ဖောက်စက်တွေနဲ့ အခြားကိရိယာတွေကိုပါ သယ်ဆောင်ပြီး အကျဉ်းထောင်ထဲ ဟိုဒီပြေးနေတာကြောင့် အမျိုးသမီးအကျဉ်းသားတွေမှာ စိုးရွံ့ထိတ်လန့်ခဲ့ရကြောင်း သူမကပြောပြခဲ့ပါတယ်။

9News

ထောင်ဖောက်မှုကြောင့် ထောင်ထဲကနေ အကျဉ်းသား(၁၀) ဦးခန့် လွတ်မြောက်ခဲ့ပေမယ့် ၄င်းတို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ပြစ်ဒဏ်တွေ ထပ်တိုးချမှတ်ထားပါတယ်။ ယင်းအဓိကရုဏ်းဟာ သြစတေးလျအနောက်ပိုင်းမှာတော့ အကြီးဆုံးထောင်ဖောက်ထွင်းမှုကြီးဖြစ်လာကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE