Fifty Shades Of Grey ကို အပြစ်တင်လိုက်တဲ့ သုတေသီများ

fifty shades of grey

ကျွမ်းကျင်သူများရဲ့ စစ်တမ်းအရ အမျိုးသမီးများဟာ အမျိုးသားများကို အိပ်ရာပေါ်က စွမ်းဆောင်ရည်ကြောင့် ထားသွား
နိုင်ခြေ ပိုရှိတာကို တွေ့ရှိခဲ့ပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ အမျိုးသမီးများရဲ့ သုံးပုံတစ်ပုံဟာ သူတို့ရဲ့ချစ်သူတွေကို
အိပ်ရာပေါ်က စွမ်းဆောင်ရည်ကြောင့် လမ်းခွဲခဲ့တာပါ။

ဒီစစ်တမ်းအရ အမျိုသမီးများဟာ လက်တွဲဖော်ရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကြောင့် လက်တွဲဖော်ကို လမ်းခွဲဖို့
ဖြစ်နိုင်ခြေများတာကို တွေ့ရှိခဲ့ရပါတယ်။ အိပ်ရာပေါ်ကစွမ်းဆောင်ရည်များကြောင့် အမျိုးသမီးများဟာ စိတ်ပျက်လာ
တတ်ကြပါတယ်။

Fifty Shades of Grey နဲ့ ဘယ်လိုပက်သက်နေလဲ

နောက်ထပ်သုတေသီတွေ တွေ့ရှိခဲ့တဲ့အချက်ကတော့ Fifty Shades of Grey လိုစာအုပ်၊ ရုပ်ရှင်မျိုးတွေကြောင့်
အမျိုးသမီးတွေရဲ့ လိုချင်တပ်မက်မှုဟာ များလာခဲ့ပါတယ်။ စစ်တမ်းကောက်ယူခဲ့သူအမျိုသမီးများရဲ့ ၃၃ရာခိုင်နှုန်း
ဟာ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုမရတာကြောင့် သူတို့ရဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့ကြတာပါလို့ ဆိုပါတယ်။ စစ်တမ်းကောက်
တဲ့အထဲမှာတော့ အမျိုးသား ၂၀ရာခိုင်နှုန်းကသာ ထိုအဖြေကို ဖြေခဲ့ကြပါတယ်။

READ
Charlie’s Angels ရုပ်ရှင် Fail ခဲ့ပြီးနောက် အငြင်းပွားစရာစကားဆိုလာတဲ့ ဒါရိုက်တာ

fifty shades of grey scene

စစ်တမ်းကောက်ယူခဲ့တဲ့ အထဲက အမျိုးသမီး ၅၀ရာခိုင်နှုန်းကတော့ သူတို့ချစ်သူတွေရဲ့ လိင်ပိုင်းဆိုင်ရာ နည်းစနစ်
တွေဟာ အရမ်းအရေးကြီးတယ်လို့ဖြေခဲ့ပါတယ်။ အမျိုးသားများကတော့ ထိုအဖြေကို ဖြေခဲ့တာ ၃၇ရာခိုင်နှုန်းပဲ
ရှိပါတယ်။

ဒီစစ်တမ်းကို ဗြိတိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင်း ၁၇၅၀ ကို မေးခဲ့တာဖြစ်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူက
Richard Longhurst က “Fifty Shades စာအုပ်တွေဟာ အမျိုးသမီးတွေကို လွှမ်းမိုးခဲ့တာ ပြောစရာတောင်
လိုမယ် မထင်ပါဘူး။ သူတို့ရဲ့ အိပ်ရာထဲက အပြုအမူတွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်” လို့ဆိုပါတယ်။

Myanmar Online Media Team

Source: mirror.co.uk

သင့်ရဲ့ထင်မြင်ချက်တွေကို အောက်မှာ Facebook ဖြင့် အလွယ်တကူ Comment ပေးလို့ရနေပြီနော်။

SHARE