ဒီနှစ်ထဲမှာ ပွဲဦးထွက်မယ့် ပထမဆုံး အိန္ဒိယလူမျိုး ကေပေါ့အိုင်ဒေါနှစ်ယောက်

ကေပေါ့ကတော့ အာရှမှာသာမက အနောက်တိုင်းမှာပါအောင်မြင်မှုတွေ ရရှိနေတာဖြစ်ပါတယ်။ကေပေါ့ အဖွဲ့တွေတော်တောများများကလည်း အင်တာနေရှင်နယ်အဆိုတော်အဖွဲ့တွေအဖြစ် သူတို့ကိုသူတို့ တင်ဆက်ပြသမှုတွေလည်း ရှိလာပြီး ကိုရီးယားလူမျိုးမဟုတ်တဲ့ အဖွဲ့ဝင်တွေပါဝင်တဲ့ ကေပေါ့အဖွဲ့တွေလည်း တော်တော်လေးများလားပါတယ်။

Z-Pop Dream ဆိုတဲ့ အေဂျင်စီတစ်ခုကနေ ကိုရီးယားလူမျိုးမဟုတ်တဲ့သူတွေပဲပါတဲ့ ကေပေါ့အဖွဲ့နှစ်ဖွဲ့ကို စတင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေနဲ့ နာမည်ကတော့Z-Girls and Z-Boys ဆိုတဲ့ မိန်းကလေးအဖွဲ့တစ်ဖွဲ့နဲ့ ယောကျာ်းလေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့၂ဖွဲ့ကိုတော့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ Z-Pop Dream Live In Seoul ဆိုတဲ့ ဖော်ျဖြေပွဲကျင်းပပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီအဖွဲ့နှစ်ဖွဲ့ထဲက Priyanka နဲ့ Sidတို့ကတော့ သမိုင်းသစ်ကို ရေးကြမယ့် သူနှစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ အန္ဒိယနိုင်ငံသားတွေဖြစ်ကြပြီး ပထမဆုံး အိန္ဒိယလူမျိုး ကေပေါ့အိုင်ဒေါတွေလည်း ဖြစ်ပါတယ်။

READ
နှစ်ယောက်ပေါင်းပြီး အမိုက်စား Tik Tok ဖန်တီးခဲ့တဲ့ ခင်လေးနွယ်နဲ့ ယုသန္တာတင်

Z-Girls အဖွဲ့မှာတော့ အိန္ဒိယလူမျိုး Priyanka အပြင် အခြားနိုင်ငံသား မိန်းကလေး ၅ယောက်ပါဝင်ပါတယ်။ သူတို့တွေကတော့ ထိုင်း၊ဖိလစ်ပိုင်၊ထိုင်ဝမ်၊ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပါတယ်။

Z-Boys အဖွဲ့မှာတော့ အိန္ဒိယလူမျိုး Sid အပါဝင် အဖွဲ့ဝင် ၆ယောက်ရှိပြီး သူတို့တွေကလည်း ဗီယက်နမ်၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ထိုင်ဝမ်၊ထိုင်းနိုင်ငံအသီးသီကဖြစ်တယ်လို့ သတင်းတွေထွက်ေ်နပါတယ်။

ဒီအဖွဲ့နှစ်ဖွဲ့ကတော့ ၂၀၁၉ ခုနှစ်မှာ ကေပေါ့အိုင်ဒေါတွေအဖြစ် အောင်မြင်လာမယ့် ထူးခြားတဲ့ ကေပေါ့အဖွဲ့ဖြစ်နိုင်တယ်လို့လည်း ပရိသတ်တွေကတော့ ထင်ကြေးပေးနေကြပါတယ်။ ပရိသတ်ကြီးရော ဘယ်လိုထင်ကြလဲ။

Source: Koreaboo

SHARE