John Wick 3: Parabellum ရဲ့ ပထမဆုံး official trailer ထွက်ရှိလာခဲ့ပြီ….

John Wick စွန့်စားခန်းတွေဟာ ဟောလီဝုဒ်ရဲ့ အံဖွယ်ကောင်းလောက်အောင် အလွန်အောင်မြင်တဲ့ ဇာတ်လမ်းတွေဖြစ်ပါတယ်။ အမှောင်လောကထဲက အဖြစ်အပျက်တွေအကြောင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း အက်ရှင်တွေကြောင့် တစ်စ တစ်စ အောင်မြင်လာခဲ့ပါတယ်။ Kenau Reeves ရဲ့ စွမ်းဆောင်မှုတွေလည်း ပါတာပေါ့….

အခုဆို John Wick Chapter 3 ဟာ ထွက်ရှိလာတော့မှာဖြစ်ပြီး အော်ဖစ်ရှယ် ထွေလာလည်း ထွက်ရှိလာခဲ့ပါပြီ။ John Wick 3: Parabellum မှာတော့ John တစ်ယောက် (၁၄) သန်းတန် စာချုပ်တစ်ခုကို ဖောက်ဖျက်မိလို့ လိုက်သတ်ခံနေရတယ်။ အဲ့ဒါကို ဟိုတယ်တစ်ခုမှာ ပုန်ရှောင်ရင်း နောက်ဆုံး နယူးမြို့က ထွက်ဖို့ကြိုးစားတာကို ထုံးစံတိုင်း အက်ရှင်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။

ဒီ ဇာတ်ကားကို ဒါရိုက်တာ Chaad Stahelski က ရိုက်ကူးပြီး သူက အတွေ့အကြုံရှိတဲ့ စတန့်သမားတစ်ယောက်လည်းဖြစ်တယ်။ ဒီ ဇာတ်ကား တွဲဖက် သရုပ်ဆောင်များ အဖြစ် Halle Berry, Laurence Fishburne, Ian McShane, Lance Reddick တို့လည်း ပါဝင်ထားပါတယ်။

READ
သူကလွဲပြီး နောက်ထပ် အင်ဒီယားနား ဂျုံးစ်ဆိုတာ ရှိလာမှမဟုတ်ဘူးဆိုတဲ့ ဟယ်ရီဆင်ဖို့ဒ်
Daily Express

မြင်းတွေ၊ ခွေးတွေ၊ ကြောင်တွေ၊ ကျီးနက်၊ ခိုအုပ်တွေကို ထည့်သွင်းရိုက်ကူးထားသလို မော်တော်ဆိုင်ကယ်နဲ့ လိုက်တာ၊ ကားနဲ့လိုက်တဲ့ အခန်းတွေ ပါဝင်ပါတယ်။ ဒီ့အပြင် ရှော့ဂန်းတွေ နင်ဂျာတွေလည်း ပါဝင်သေးတယ်လို့ Stahelski က Empire ကို ပြောပြခဲ့ပါတယ်။

Summit Entertainment

ဇာတ်ကားကို ပိုမို အသက်ဝင် ပြောင်မြောက်ဖို့အတွက် အရင် John Wick 2 ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ The Bowery King နဲ့ Charon တို့လည်း ဆက်လက်ပါဝင်လာမှာ ဖြစ်ပါတယ်။

Twitter

အရင်ကတော့ John ဟာ သူ့ခွေးသေလို့ လက်စားချေဖို့ အကြောင်းနဲ့ ရိုးရိုးလေးစခဲ့ပါတယ်။ အခု ဇာတ်ကားမှာလည်း ဘာတွေ ဘယ်လိုဖြစ်မယ်၊ ဒါနောက်ဆုံးထွက်တဲ့ ကားဟုတ်ဟုတ် မဟုတ်ဟုတ် ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။

READ
Tom Holland တစ်ယောက် မိန်းကလေး ပရိသတ်တွေကို အသဲကွဲစေတော့မှာလား..

ဒီ့အပြင် Continental Hotel ကို အခြေခံပြီး ရိုက်ကူးထားတဲ့ တီဗီ ရှိုးအသစ်ဟာလည်း John Wick နဲ့ အပြိုင်ပဲ ထွက်ရှိလာခဲ့သလို ဒါကို John Wick ရဲ့ နောက်ကွယ်က ဖန်တီးတဲ့ အဖွဲ့ကပဲ စီစဉ်ခဲ့တာဖြစ်သလို လက်ရှိအချိန်အထိ အပိုင်း (၈) ပိုင်းထွက်ရှိထားပါတယ်။

Ref: Unilad , ScreenRent

Matthew (ShweMOM)
SHARE