ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းသူများအတွက်နည်းလမ်းကောင်း

အားကစားနည်းပြ ဆရာမတစ်ယောက်ရဲ့ ဗွီဒီယိုဖိုင်ဟာ Facebook လူမှုကွန်ယက်မှာ ကြည့်ရှုသူ (25)သန်း
ကျော်အထိ ရောက်ရှိခဲ့ပါတယ်။ သူမရဲ့ အမည်ဟာ April Storey ဖြစ်ပြီး ကျန်းမာရေး အားကစားနည်းပြ
ဆရာမ တစ်ယောက်ဖြစ်သလို ကလေးတစ်ယောက် အမေလည်း ဖြစ်ပါတယ်။

သူမ အဆန်းထွင်ထားတဲ့ အားကစားလေ့ကျင့်ခန်းက အင်တာနက်မှာ ယခုလို မျှော်မှန်းမထားနိုင်တဲ့ ကြည့်ရှု
သူတွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုဖိုင်မှာ သူမဟာ လက်မောင်းကြွက်သား လေ့ကျင့်ခန်းအတွက်
ဝိတ်ပြားအစား ၀ိုင်ပုလင်းနှစ်ပုလင်းကို မပြခဲ့ပြီး၊ ဒိုက်ထိုးလေ့ကျင့်ခန်း လုပ်နေစဉ်မှာလည်း ၀ိုင်ခွက်ကို ပိုက်နဲ့
စုပ်ယူ ခဲ့ပါတယ်။ April ဟာ “ ၀ိုင်သောက်ဖို့ပြေးကြမလား ” ဆိုတဲ့ ခေါင်းစဉ်နဲ့လည်း တင်ဆက်မှုလုပ်ခဲ့ပြီး သူ
မရဲ့ ခေါင်းပေါ်မှာ စပျစ်ဝိုင်ပုလင်းကို တင်ဆောင်တဲ့ ပြကွက်ကိုလည်း ပြသခဲ့ပါတယ်။

READ
သန္တာလှိုင် ဝေမျှလိုက်တဲ့ ကိရိယာလွတ် လေ့ကျင့်ခန်း ဗီဒီယိုဖိုင်

Health-coachs-wine-workout-is-bound-to-be-a-smash-hit2

သူမရဲ့ လူကြည့်များခဲ့တဲ့ ဗွီဒီယိုဖိုင်ကြောင့် ကယ်လီဖိုးနီးယားမှာရှိတဲ့ ရက်ဒင်းမြို့လေးမှာ သူမဟာ နေ့ချင်းည
ချင်း နာမည်ကြီးသွားပါတယ်။ သူမက သူမရဲ့ လူမှုကွန်ယက်မှာ “ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်
နည်းကို ပြသဖို့ ကျွန်မက သိပ်တော်ပါတယ် … အားကစားဆိုတာ … (1) စိတ်ကို ပျော်ရွှင်စေရမယ် …
(2) နေ့စဉ်လုပ်တဲ့ အားကစားကြောင့် သင့်ရဲ့ နေ့စဉ်ဘ၀ဟာ ကျန်းမာသန်စွမ်းမှုနဲ့ သဟဇာတဖြစ်မယ် …
(3) အားကစားက ကျွန်မတို့ သိပ်ကြိုက်တဲ့ ၀ိုင်ကိုလည်း အလွန်အကျွံမသောက်မိအောင် ထိန်းပေးသလို
ဖြစ်စေမယ်”လို့ ရေးသားခဲ့ပါတယ်။

ShweMOM

Source: mirror

SHARE