ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှ စတိုင်လ်အကျဆုံး ကစားသမား (၅)ဦး

©(AP Photo/Michel Euler)

တစ်ချိန်တစ်ခါတုန်းကတော့ ဘောလုံးသမားတွေနဲ့ ဖက်ရှင်ဆိုတာ ဘာမှမဆိုင်သလိုရှိခဲ့ပေမယ့် အင်္ဂလန်ကွင်းလယ်မင်းသား ဘက်ခမ်း၊ ဂျပန်ကွင်းလယ်လူ နာကာတာတို့ရဲ့ ကောင်းမှုလို့ ပြောရမလိုပဲ သူတို့ရဲ့ ဖက်ရှင်အပေါ်စိတ်ဝင်စားမှုတွေ၊ ကွင်းအတွင်းအပြင်အထာကျမှုတွေဟာ စံနမူထားရလောက်တဲ့ထိ စိုးမိုးခြယ်လှယ်ခဲ့ကြပြီး အခုနောက်ပိုင်းကစားသမားတွေဆိုရင် ဘယ်သူ့ကိုကြည့်ကြည့် သန့်၊ခန့်ပြီး မင်းသားတွေအလား မှတ်ထင်ရပါတယ်။

မော်စကိုမြို့မှာ စဖွင့်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုရောက်ဖို့ သိပ်မလိုတဲ့အချိန်မှာ ပြိုင်ပွဲဝင်အသင်းတွေထဲက ဖက်ရှင်စတိုင်ကျတဲ့ ကစားသမား (၅)ယောက်ကို ရှာဖွေထားပါတယ်။ ဒီကစားသမားငါးဦးဟာ ကွင်းပြင်ထက်မှာ အောင်မြင်မှုတွေ အကြီးအကျယ် ရှာဖွေကြမယ့်သူတွေဖြစ်သလို ဘယ်အချိန်ကြည့်ကြည့် ချန်ပီယံရုပ်ပေါက်နေတဲ့သူတွေလည်း ဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ စပိန်ညာနောက်ခံလူ ဖက်ရှင်လိုက်စားတဲ့ ဟက်တာဘယ်လာရင်တစ်ယောက် စပိန်လူစာရင်းထဲမှာ မပါလာတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဘယ်လာရင် မပါလာတော့ သူရဲ့ဆန်းသစ်တဲ့ ဖက်ရှင်အမြင်တွေ၊ အချိန်အခါ နေရာနဲ့လိုက်အောင် ၀တ်စားဆင်ယင်ပုံတွေ၊ အထာကျချက်တွေကို ဖော်ပြခွင့်မရတော့ပါဘူး။ အလားတူပဲ ဖက်ရှင်ဝါသနာအိုးတွေ၊ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တွေ စုဝေးရာ အီတလီဟာလည်း ခြေစစ်ပွဲမအောင်ခဲ့ပြန်ပါဘူး။

၁။ နေမာ

https://www.instagram.com/p/BhkNN5ogGHI/?taken-by=neymarjr

ပထမဆုံးဦးဆုံးအနေနဲ့ နေမာနဲ့စလိုက်ရအောင်။ မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမား၊ စီရော်နယ်ဒိုဟာလည်း ဂုဏ်သရေအရှိဆုံး ကစားသမားဆိုပေမယ့် ဒီနှစ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ကစားသမားတွေထဲမှာ ဖက်ရှင်နဲ့ပတ်သက်လာရင် နေမာကလည်း ပြိုင်ဘက်ကင်းတစ်ယောက်ပါပဲ။ သူရဲ့ကစားဟန်အတိုင်းပဲ အ၀တ်အစားနဲ့ ပတ်သက်ပြီး ရွေးချယ်တဲ့အခါမှာလည်း အဆန်းတွေကို ရဲရဲတင်းတင်းပဲ ၀တ်ဆင်တတ်တဲ့သူ ဖြစ်ပါတယ်။ ကြီးကြီးမားမား အားထုတ်ထားရတဲ့ ပုံစံမပေါ်ဘဲနဲ့ အချိန်တိုင်းမှာ Gentleman တစ်ယောက်လို အခန့်သားဖြစ်နေတာကလည်း သူ့ရဲ့ထူးခြားတဲ့ ဖက်ရှင်အယူအဆပဲ ဖြစ်ပါတယ်။

၂။ အိုဇေး

https://www.instagram.com/p/BeYEfV1n1q1/?taken-by=m10_official

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်အကျော်အမော် အိုဇေးဟာ Street Wear တွေရဲ့အမာခံပရိသတ်ဖြစ်ပြီး ကိုယ်ပိုင်ဖက်ရှင်လေဘယ်လ်ရှိသူ ဖြစ်ပါတယ်။ သူ့ရဲ့street fashion နဲ့ ပတ်သက်လို့ “ဖက်ရှင်က ကျွန်တော့် အရူးအမူးဖြစ်ရတဲ့အရာတစ်ခုပါ။ ကျွန်တော် ရွေးချယ်စုဆောင်းထားတဲ့ ဖက်ရှင်တွေထဲက အကြိုက်ဆုံးစတိုင်လ်တွေကို လမ်းမတွေထက်မှာ ချပြနေကျပါ” လို့ ပြောဖူးပါတယ်။ လူငယ်ဆန်တဲ့ အငွေ့အသက်နဲ့ ပေါ့ပါးတဲ့ဟန်ကို ပေါင်းစပ်ထားတဲ့ သူ့ရဲ့စတိုင်လ်ဟာ street fashion ကို အမြင်တစ်ခု ပြောင်းလဲစေတာတော့ အမှန်ပါပဲ။

READ
အမိုက်စား ဆံပင်ပုံစံတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထူးအာရုံစိုက်ခံရသူများ

၃။ ပေါ့ဂ်ဘာ

https://www.instagram.com/p/BLlEdrHjiJJ/?taken-by=paulpogba

ပေါ့ဂ်ဘာအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရနိုင်သလို ခံစားရမယ့် ရှုံးနိမ့်မှုတွေကိုလည်း ကြုံတွေ့နိုင်တယ်။ ဒါပေမယ့် မန်ယူကွင်းလယ်လူအတွက်ကတော့ ခံစားမှုတွေ အမြင့်ဆုံးရောက်ရှိနေချိန်နဲ့ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ဖို့ အသင့်ဖြစ်နေပုံပါပဲ။ ဆံပင်ကေကို အမြဲပြောင်းတတ်ပြီး ပွဲတစ်ပွဲကို ဆံပင်ပုံတစ်ပုံ ထားတတ်သူပါ။ ကွင်းတွင်း အောင်ပွဲခံ Dabbing ဆွဲတာနဲ့ အဆုံးစွန် ဟိတ်ဟန်ထုတ်တတ်သူလည်း ဖြစ်ပါတယ်။ လူအများကြားထဲက တစ်မျိုးတစ်ဘာသာနဲ့ အမြဲကွဲထွက်နေတဲ့ ဖက်ရှင်မျိုးကို ၀တ်ဆင်တတ်သူဖြစ်ပြီး အဲ့ဒီ့ကွဲပြားမှုကပဲ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားတစ်ခုလို အရောင်အ၀ါထွက်စေတာကိုလည်း တွေ့ရပါတယ်။

၎။ ဟွန်ဒါ

ဟွန်ဒါဟာ ဖက်ရှင်ဝါသနာအိုး နာကာတာလိုပဲ ဆံပင်ကို အရောင်ချွတ်ထားပြီး နာရီနှစ်လုံး ၀တ်ရတာကို ဖက်ရှင်တစ်ခုအနေနဲ့ ခုံခုံမင်မင်ရှိပုံရသူပါ။ အီတလီ ဒီဇိုင်နာချုပ် Suit တွေနဲ့ မျက်မှန်အမိုက်စားတွေတပ်ပြီး သွားသွားလာလာလုပ်တတ်သူ ဖြစ်ပါတယ်။ ဟွန်ဒါရဲ့ အထာကတော့ ဒီဘက်ခေတ် ဘောလုံးသမားတွေ ၀တ်ဆင်ပုံနဲ့ ကွဲထွက်နေပြီး လုံးဝလူကြီးလူကောင်းပုံစံပါပဲ။ ခန့်ငြားထည်ဝါမှုကို အသားပေးတဲ့ သူ့ရဲ့ဖက်ရှင်ဟာ ယောက်ျားတစ်ယောက်ရဲ့ တည်ကြည်ခန့်ငြားမှုကို ကိုယ်စားပြုတယ်လို့လည်း သုံးသပ်နိုင်ပါတယ်။

READ
2018 FIFA World Cup အတွက် ပွဲလမ်းညွှန်

၅။ ရာမို့စ်

Let's do this! #APorLa13

A post shared by Sergio Ramos (@sergioramos) on

ရာမို့စ်ဆိုရင် နောက်တန်းအလယ်လူတွေထဲက ဉာဏ်လည်းကောင်း၊ ကြမ်းလည်းကြမ်း၊ ကြောက်ဖို့လည်းကောင်းတဲ့ ကစားသမားလို့ လူတိုင်းက သိထားကြပါတယ်။ ဒါကြောင့်ပဲ ချန်ပီယံလိဂ်ဖိုင်နယ်တုန်းကလည်း အငြင်းပွားမှုများစွာ ဖြစ်စေခဲ့သူပါ။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ကို အရင်တုန်းက စိတ်ကသိကအောက်ဖြစ်ဖွယ် ကေရှည်ကြီးနဲ့ အစွမ်းတွေပြခဲ့တဲ့ လူဆိုးလေးအနေနဲ့လည်း မှတ်မိကြမှာပါ။ အခုအချိန်မှာတော့ ခပ်ကျော့ကျော့ ဆံပင်ကေ၊ ပါးမြိုင်းမွေးထင်းထင်းနဲ့ အပျံစား Suit တွေဝတ်ပြီး ခန့်ညားလျက်ပါပဲ။ ဘလေဇာကုတ်၊ ဒီဇိုင်နာချုပ်တွေနဲ့ အမြဲသန့်နေသူကြီးဟာ နေရာအချိန်အခါပေါ် မူတည်ပြီး အမိုက်စားဖြစ်နေအောင် ၀တ်ဆင်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါတွေကတော့ လာမယ့်၂၀၁၈ ကမ္ဘာ့ဖလားမှာ ပါဝင်ပွဲထွက်လာမယ့် ဘောလုံးသမားတွေထဲက စတိုင်လ်အမိဆုံး လူတွေရဲ့ ဖက်ရှင်တွေအကြောင်း ဖြစ်ပါတယ်။ မကြာခင်မှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးမှာလည်း ဘယ်လိုရင်သပ်ရှုမောဖွယ် ဖက်ရှင်တွေနဲ့ ရှိုးထုတ်ကြဦးမလည်းဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

SHARE