ကြိုးကြာငှက်များကို မုန်တိုင်းအတွင်း ဘေးလွတ်ရာ Florida တိရစ္ဆာန်ရုံထဲပို့ဆောင်ပေးခဲ့

ဗီဒီယိုမှာ မြင်ရတာကတော့ ကြွားကြွားဝင့်ဝင့်နဲ့ လမ်းလျှောက်နေတဲ့ ကြိုးကြာအုပ်စုဖြစ်ပါတယ်။ Florida က တိရစ္ဆာန်ရုံထဲကိုသွားနေကြတာပါ။ ဟာရီကိန်းမုန်တိုင်း Irma ကြောင့်လူတွေရော၊ တိရစ္ဆာန်တွေပါ အတိဒုက္ခရောက်ရတဲ့ မြင်ကွင်းတွေကို Metro သတင်းစာမျက်နှာမှတဆင့်ဖော်ပြလိုက်ပါတယ်။

အစတုန်းကတော့ သူတို့ကို Tampa မှာရှိတဲ့ Busch Gardens ခြံခတ်ထားတဲ့ ဟင်းလင်းပြင်ထဲမှာ ထားတာပါ။ အခုတော့ဟာရီကိန်း Irma ကြောင့် သူတို့ကိုနေရာရွှေ့ခဲ့ရပါတယ်။

ဒီဗီဒီယို အပိုင်းလေးက သူတို့ကို တာဝန်ရှိသူက သူတို့ကိုထားမယ့်ယာယီဝင်းခြံထဲကိုပါ။ Busch Gardens က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ပြောတာက “ပန်းခြံကိုတနင်္ဂနွေ၊တနလာင်္နေ့ထိ ပိတ်ပါမယ်။ တိရစ္ဆာန်တွေအပါအ၀င်သူတို့ကို ထိန်းသိမ်းတဲ့သူတွေရဲ့ လုံခြုံရေးအတွက် ဥယျာဉ်ရဲ့ ကြိုတင်သတိပေးချက်တွေထား၇ှိထားပါတယ်။ ”

READ
အိမ်မွေးဝက်လေးကို ပိုင်ရှင်လာခေါ်တဲ့အထိခေါ်ထားမယ်ဆိုပြီး ဟင်းလုပ်ပစ်ခဲ့တဲ့အမျိုးသား
ယာယီဲအခန်းတစ်ခုထဲမှာ လုံလုံခြုံခြုံရှိနေကြတဲ့ ကြိုးကြာတွေ (Picture: Busch Gardens)

ဟာရီကိန်း Irma ဟာ Florida ကိုလည်း ဆက်လက်ဝင်ရောက်တာကြောင့် အနည်းဆုံးလူလေးဦးသေဆုံးခဲ့ပါတယ်။

Picture: NOAA via AP

မုန်တိုင်းမြောက်ဘက်ပိုင်းက မျက်လုံးနံရံဟာ Miami ကိုတနင်္ဂနွေမနက်အစောပိုင်းကရောက်ရှိခဲ့ပါတယ်။ ပြင်းထန်မှုအခြေအနေအဆင့်(၄)ဖြစ်တယ်လို့ National Hurricane Center (NHC) က အတည်ပြုခဲ့ပါတယ်။

Picture: REUTERS/Robin Respaut

တစ်နာရီကို ၁၃၅မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး မြေထဲပင်လယ်မှာတော့ အနည်းဆုံးလူ၂၂ယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ တစ်ညအတွင်းမှာပဲ Cuba ကနေ Florida ကိုလမ်းကြောင်းသွားလာခဲ့တာပါ။ အိမ်ခြေ ၁သန်းနီးပါး လျှပ်စစ်ဓာတ်အားအပြတ်တောက်ခံခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ကားတိုက်မှုတွေဖြစ်ခဲ့ပြီး လူသေဆုံးခဲ့ပါသေးတယ်။

Picture: Twitter/MikeTheiss
Picture: Twitter/MikeTheiss
Picture: Twitter/MikeLaCrosseWBZ
Picture: AP Photo/Wilfredo Lee
Picture: REUTERS/Carlos Barria

ဒေသဆိုင်ရာ ရာသီဥတုအဖွဲ့အစည်းက ပြောခဲ့တာက လေငြိမ်နေတယ်ဆိုရင် မုန်တိုင်းရဲ့ မျက်လုံးထဲရောက်နေတာကြောင့် အိမ်ထဲမှာပဲနေဖို့ပါ။ လမ်းကြောင်းပြောင်းသွားတဲ့အခါမှာ လေကပြင်းပြင်းထန်ထန်တိုက်ခိုက်တာကြောင့် အန္တရာယ်ရှိတဲ့အတွက်ဖြစ်ပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE