၂၀၁၈ အကုန်မှာ ခေတ်စားလာတဲ့ ပုရိသတို့ရဲ့ ပန်းမုတ်ဆိတ်များ

Pinterest

Flower beard trend ဟာ မင်္ဂလာမောင်မယ်တွေ pre-wedding ရိုက်ကူးတဲ့အခါမှာ အမျိုးသားတို့မှ ပြုလုပ်လာကြတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ မင်္ဂလာဆောင်ဓာတ်ပုံတွေကို တစ်ယောက်နဲ့တစ်ယောက် မတူညီစေဖို့ ဆန်းပြားတီထွင်လာကြတဲ့အထဲ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတို့ထဲ ပန်းလေးတွေနဲ့ အလှဆင်တဲ့ အမူအကျင့်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

Instagram

ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွှေးတို့အထဲ ဒေစီပန်းလေးတွေ၊ နှင်းပန်းလေးတွေနဲ့ အခြားပန်းသေးသေးလေးတွေကို ပန်းအိုးထိုးသလို၊ ပန်းစည်းစည်းသလိုအလှဆင်ပုံဖော်ကာ ထိုးထားလေ့ရှိပါတယ်။

Instagram

ဒါဟာ Instagram trend တစ်ခုဖြစ်ပြီး သတို့သမီးရဲ့ ပန်းစည်းနဲ့ကိုက်ညီတဲ့ အရောင်၊ ပန်းအမျိုးအစားတွေကို ရွေးချယ်တတ်ကြပါတယ်။ ဒါကြောင့်သတို့သမီးပဲ ပန်းစည်းကိုင်နိုင်တာမဟုတ်ဘဲ သတို့သားများကလည်း မုတ်ဆိတ်ပန်းစည်းနဲ့ နုယွနိုင်ပါပြီ။

Instagram
Instagram

မင်္ဂလာဆောင်တွေမှာတင် မဟုတ်ဘဲ အလှဓာတ်ပုံရိုက်တဲ့အခါမျိုးတွေမှာလည်း flower beard trend ကို အမျိုးသားများပြုလုပ်လာကြပါပြီ။

SONY DSC
Pinterest
Instagram

အလှကိုသဘာဝနဲ့ထပ်ကွန့်ထားတဲ့အတွက် aesthetic ဆန်ဆန်နဲ့ ထင်ပေါ်ကျော်ကြားလျက်ရှိပါတယ်။

Source: The Sun, Instagram (#flowerbeard), Pinterest

READ
အခန်းရှင်းခိုင်းလို့ဆိုပြီး အဖွားအရင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ကောင်လေး

Penny

SHARE