စားစရာမှာပြီး ဖုန်းမကိုင်သူကို ဖြတ်ထိုးဉာဏ်ကောင်းစွာ ဆက်သွယ်ခဲ့တဲ့အမျိုးသား

instagram/aiman_nazr1

အခုခေတ်မှာ အွန်လိုင်းကနေ အစားအသောက်မှာယူတာဟာ အရမ်းလွယ်ကူနေပါပြီ။ ဖုန်းတစ်လုံးရှိရင်နဲ့ စားချင်တာမှာယူနိုင်တဲ့အတွက် ထိုင်ဝမ်မှာတော့ food delivery လုပ်ငန်းက အရမ်းကိုတွင်ကျယ်နေတာပါ။ ဒါပေမဲ့ ပြဿနာက တစ်ချို့စားသုံးသူတွေဆိုရင် စားစရာမှာပြီးလို့ လာပို့တဲ့အခါ ဖုန်းမကိုင်တာ၊ အိမ်ရှေ့မှာ ထွက်စောင့်မနေတာ စတာတွေကြောင့် delivery ပို့သူတွေခမျာ ဒုက္ခတွေ့ရပါတယ်။

 

View this post on Instagram

 

鹹酥雞還是烤雞串? #foodpandataiwan #鹹酥雞 #烤雞串

A post shared by foodpanda Taiwan (@foodpanda_taiwan) on

မကြာသေးခင်ကလည်း ထိုင်ဝမ်လူမျိုး delivery ပို့တဲ့အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံ အွန်လိုင်းပေါ်တက်လာပါတယ်။ သိရတာက Foodpanda delivery ပို့တဲ့ အဆိုပါလူက ကျောင်းရှေ့ဂိတ်ပေါက်ဝမှာရပ်ပြီး လော်စပီကာနဲ့ အခုလိုအော်နေတာပါ။

READ
ဂါနာအကသမားတွေ ပုံစံတုပပြီး ဝန်ဆောင်မှုပေးနေတဲ့ ထိုင်ဝမ်က ကလပ်တစ်ခု

“Foodpanda က ခေါ်နေတာပါ။ Foodpanda ကခေါ်နေတာပါ။ မိသားစုအမည် Liu ဆိုတဲ့နာမည်နဲ့ ကျောင်းသားရှိပါသလား။ စားစရာမှာထားတာရောက်နေပြီနော်။ ဖုန်းကိုင်ထားရင် အကြောင်းကြားပေးပါ။ ဆက်သွယ်လို့မရလို့ပါ။”

Facebook/爆料公社

ဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်ချို့ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ ကျောင်းသားဟာ စားစရာထွက်ယူရမှာရှက်နေတယ်ထင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ တစ်ချို့ကလည်း ဒီdelivery ပို့တဲ့အမျိုးသားဟာ အရမ်းသဘောကောင်းကြောင်းနဲ့ ကျောင်းသားကို သေချာစားသောက်စားချင်တဲ့အတွက် အခုလိုစေတနာနဲ့အော်နေတာဖြစ်ကြောင်း ဆိုပါတယ်။

တကယ်လို့ ကျောင်းသားသာ မှာထားတဲ့စားစရာကိုမယူဘူးဆိုရင် အစားအသောက်အတွက် အဖိုးအခကို delivery အမျိုးသားက စိုက်ပေးရမှာပါ။ တစ်ချို့ကလည်း ဒီလူဟာ အရင်တုန်းကလည်း အလားတူအဖြစ်မျိုးကြုံဖူးတာကြောင့် လော်စပီကာပါဆောင်လာတယ်။ တကယ့်ကိုဝါရင့်နေပြီဆိုပြီးတော့လည်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Shwe Mom

SHARE