ဆုကြေးငွေ ဒေါ်လာသန်း(၁၀၀)ပေးမယ်လို့ ကြေငြာလိုက်တဲ့ Fortnite အွန်လိုင်းဂိမ်းပြိုင်ပွဲ

E-Sports ဆိုတာ ယနေ့ခေတ် လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ အွန်လိုင်းဂိမ်းပြိုင်ပွဲတွေပါ။ (၂၀၁၀) နောက်ပိုင်းမှာ စတင်ခဲ့တဲ့ အွန်လိုင်းဂိမ်းပြိုင်ပွဲတွေဟာ ယနေ့အချိန်မှာတော့ လူပေါင်းသန်းချီပြီး စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ အနေအထား တစ်ရပ်ကို ရောက်ရှိနေပါပြီ။ ဆုကြေးငွေတွေကလည်း အဆမတန် မြင့်တက်လာပြီး ဂိမ်းကစားတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေတောင် ရှိနေပါတယ်။

The Verge

Fortnite ဂိမ်းဟာ မနှစ်ကမှ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ လူကြိုက်အရမ်းများခဲ့ပြီး (၂၀၁၇)ခုနှစ်ရဲ့ ၀င်ငွေအများဆုံး အွန်လိုင်းဂိမ်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အခမဲ့ကစားနိုင်တဲ့ (Free-To-Play) ဂိမ်း အမျိုးအစားဖြစ်ပြီး PlayStation၊ X-Box ၊ လက်ပ်တော့၊ PC ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် ကစားနိုင်ပါတယ်။ Fortnite ရဲ့ အဓိက ပြိုင်ဘက်ဂိမ်းကတော့ PUBG (PlayerUnknown’s -Battlegrounds)ပါ။

READ
လျှပ်စစ်စွမ်းအင်မလိုတဲ့ အဝတ်လျှော်စက်ကို တီထွင်ခဲ့တဲ့ (၉)နှစ်အရွယ် ကျောင်းသားလေး

Fortnite ကိုထုတ်လုပ်တဲ့ Epic Games ကုမ္ပဏီ က သူတို့ရဲ့ ပြိုင်ဘက်ဂိမ်း PUBG ကို အလဲထိုးဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် (၂၀၁၈-၂၀၁၉) E-Sports ပြိုင်ပွဲရာသီမှာ Fornite ဂိမ်းပြိုင်ပွဲတွေအတွက် ဆုကြေးငွေ ဒေါ်လာသန်း(၁၀၀)ပေးမယ်လို့ မေလ(၂၁)ရက်နေ့က ကြေညာခဲ့ပါတယ်။ ပြိုင်ပွဲကို ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပပြီး ဆုကြေးငွေတွေ ဘယ်လို အချိုးအစားနဲ့ ခွဲပေးမှာလဲဆိုတာတော့ ကြေညာခဲ့ခြင်း မရှိသေးပါဘူး။

Epic Games ကုမ္ပဏီဟာ ဖေဖော်ဝါရီလက သူတို့အမြတ်ငွေကို ထုတ်ပြန်ကြေညာခဲ့တာမှာ ဒေါ်လာ(၁၂၆)သန်း အထိရှိခဲ့ပါတယ်။ အချိန်တိုအတွင်း ထိပ်တန်းကုမ္ပဏီအဆင့်ကို ရောက်လာတဲ့ Epic Games ဟာ သူတို့ရဲ့ ပေါက်ဂိမ်း Fortnite ကို E-Sports ပြိုင်ပွဲတွေမှာပါ ရေပန်းစားစေချင်တဲ့ ဆန္ဒလည်း ရှိနေပါတယ်။ လက်ရှိအချိန် မှာတော့ E-Sports ပြိုင်ပွဲတွေမှာ Dota-2 ပြိုင်ပွဲက ဆုကြေးငွေ အများဆုံးဖြစ်ပြီး (၂၀၁၃)ခုနှစ်တည်းက အစပြုလို့ နှစ်စဉ် ဒေါ်လာ သန်း(၁၄၀)ကျော် ချီးမြှင့်နေကြောင်းလည်း သိရပါတယ်။

READ
ဂေါ့ဖ်ပြိုင်ပွဲတွေမှာ အရွယ်နဲ့မလိုက်တဲ့ စွမ်းဆောင်ရွည်တွေ ပြနေတဲ့ ဆယ်ကျော်သက်မလေး

Source : CNBC

SHARE