လူကြိုက်များတဲ့ သူဌေးလေးရေညှိ နောက်ကွယ်က စွန့်ဦးတီထွင်သူထိုင်းလူငယ်

instagram/jinisawolf instagram/taokaenoirussia

Taokaenoi သူဌေးလေးရေညှိမုန့်ကိုတော့ လူတော်တော်များများသိကြပါတယ်။ အဆာပြေစား၊ ရုပ်ရှင်တီဗီကြည့်ရင်းစား၊ ခေါက်ဆွဲပြုတ်ဘူးလေးတွေထဲပါမကျန်ထည့်စားသောက်ကြပြီး အရသာထူးခြားတဲ့ ဒီရေညှိမုန့်အမျိုးမျိုးဟာ အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တော်တော်လေးအရောင်းသွက်လှပါတယ်။ Forbes သတင်းစာမျက်နှာအရ  Taokaenoi အစားအသောက်နဲ့ မားကတ်တင်းဟာ ကမ္ဘာတစ်ခွင် နိုင်ငံပေါင်းလေးဆယ်ကို တင်ပို့ရောင်းချလျက်ရှိပြီး ရေညှိမုန့်ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Taokaenoi ရေညှိမုန့်ရဲ့ နောက်ကွယ်မှာရှိတဲ့ ဦးနှောက်ပိုင်ရှင်ကတော့ အသက်၃၅နှစ်သာရှိပြီး ကျောင်းထွက်ထားတဲ့ လူငယ်လေးတစ်ဦးပဲဖြစ်ပါတယ်။ သူ့နာမည်က Itthipat “Tob” Peeradechapan ဖြစ်ပါတယ်။ သူ့အကြောင်းကို ၂၀၁၁ခုနှစ်တုန်းက The Billionaire ဆိုတဲ့ ထိုင်းရုပ်ရှင်အဖြစ် ဖန်တီးခဲ့ပါသေးတယ်။

 

View this post on Instagram

 

Picadera de alga nori sabor variados #taokaenoi

A post shared by Sofimart (@sofimartrd) on

သူ့ဘဝအကြောင်းကိုတော့ scmp ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။ ၂၀၀၂ခုနှစ်မှာ Tob က မိဘတွေမှာ ဘတ်သန်း၄၀အကြွေးတင်နေတယ်ဆိုတာ သိသွားခဲ့ပါတယ်။ အရင်တုန်းက သူ့အဖေလုပ်ကိုင်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာလည်း ၁၉၉၇ ခုနှစ်မှာပိတ်သိမ်းခဲ့ရပါတယ်။ သူဟာ ဆယ်ကျော်သက်အရွယ်တုန်းက အွန်လိုင်းဂိမ်းကစားသူဖြစ်ပြီး ဂိမ်းနဲ့ငွေရှာပါတယ်။ ဂိမ်းနဲ့ဆက်စပ်တဲ့ပစ္စည်းတွေရောင်းပြီး အမေရိကန်ဒေါ်လာ ၁သောင်းလောက်ရှာနိုင်ခဲ့ပါတယ်။ သူ တက္ကသိုလ်ပထမနှစ်ရောက်တော့ ပိုက်ဆံပိုရှာချင်တာကြောင့် ကျောင်းထွက်လိုက်ပါတယ်။ အရင်ဆုံး သူ DVD ချပ်တွေရောင်းပါတယ်။ အလုပ်မဖြစ်တော့ သစ်အယ်သီးတွေလှော်ရောင်းပါတယ်။

ပထမ ရှော့ပင်းမောလ်တစ်ခုမှာ ဒေါ်လာ ၇,၂၀၀ရင်းနှီးမြှုပ်နှံပြီး ဆိုင်ခန်းငှား၊ သစ်အယ်သီးတွေလှော်ရောင်းပါတယ်။ သူ့နေရာက ငွေရှင်းကောင်တာနားမှာရှိတော့ အရောင်းအဝယ်တော်တော်လေးကောင်းပါတယ်။ သူ့ဆိုင်လေးကိုတော့ သူက Taokaenoi (သူဌေးလေး) လို့နာမည်ပေးလိုက်ပါတယ်။ ဒီနာမည်ကတော့ သူ့ကို သူ့အဖေက စွန့်ဦးတီထွင်သူလုပ်ငန်းရှင်လေးဆိုပြီး ချစ်စနိုးနဲ့ပေးထားတဲ့ နာမည်ဖြစ်ပါတယ်။

 

View this post on Instagram

 

Grilled Seaweed Roll & Seasoned Fish Snack Roll. Dah rasa ke belum, gais? Tao Kae Noi ni memang antara pengeluar terbesar Snek Rumput Laut.. Ada macam-macam jenis produk berasaskan rumput laut dari company dieorg ni tau..!! 1. Tao Kae Noi – Big Roll Grilled Seaweed – Classic Flavour 2. Tao Kae Noi – Big Roll Grilled Seaweed – Spicy Flavour 3. Tao Kae Noi – Big Roll Grilled Seaweed – Spicy Grilled Squid Flavour 4. Tao Kae Noi – Tin Ten Roll Seasoned Fish Snack Roll – Spicy Grilled Squid Flavour Cara Aku Cara Kau Cara Kita…Makan! #taokaenoi #seaweed #rumputlaut #taokaenoiclub #taokaenoiclubmy #taokaenoisnacks #taokaenoiseaweed #seaweedlover #eatingshow #mukbang #ASMR #asmrcommunity #asmrmalaysia #KEROPFAIS #CACKCK #caraakucarakaucarakita

A post shared by Kerop Fais (@kerop.fais) on

သူအသက် ၁၉နှစ်ရောက်တော့ သူ့ရဲ့ သစ်အယ်သီးလှော်တဲ့လုပ်ငန်းက နေရာပေါင်း ၃၀ မှာရောင်းချပြီး ဝန်ထမ်းဦးရေ ၅၀ ခန့်ထားရတဲ့အထိ ကြီးပွားလာခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့အလုပ်တွဲလုပ်နေတဲ့ Tesco Lotus ဟိုက်ပါမားကတ်ကြီးက သူ့ဆိုင်တွေက မီးခိုးတွေထွက်တဲ့အတွက် အပြင်ကိုရွှေ့ပြောင်းခိုင်းရာကနေ သူ့ရောင်းအားတွေကျလာခဲ့ပါတယ်။

READ
မခံမရပ်နိုင်အောင် အသည်းကွဲပြီးတဲ့နောက် မခံချင်စိတ်နဲ့ ရုန်းထပြီး လုံးဝပြောင်းလဲပစ်လိုက်သူ

အခုသူထပ်လုပ်မယ့်စီးပွားရေးကတော့ သူ့ကိုသန်းကြွယ်သူဌေးကြီးဖြစ်တဲ့အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ တစ်နေ့ Tob ကို သူ့ကောင်မလေးက သူမတို့တက္ကသိုလ်ကျောင်းမှာရောင်းတဲ့ စတိုးဆိုင်တစ်ဆိုင်ကနေ ရေညှိကြော်မုန့်ဝယ်ပေးလိုက်ပါတယ်။ ဒီမှာတင် သူအို်င်ဒီယာရပြီး Kasetsart University က ပညာရှင်တွေနဲ့ သူ့အမေရဲ့အကူအညီကိုယူပြီး ကုမ္ပဏီလိုဂိုတစ်ခုဖန်တီးပါတယ်။ ၂၀၀၆ မှာတော့ သူ့ကိုယ်ပိုင်စက်ရုံကိုတည်ထောင်ခဲ့ပါတယ်။

 

View this post on Instagram

 

Thank you so much @taokaenoiclubmy for a boxer of yummy snacks from this wonderful giveaway. My family love it so much. Hi Guy, let’s join and support Tao Kae Noi, to be one of the monthly Top Fans like me… Just get your Top Fans badge now. It’s so easy with just few simple steps: To be an active follower on Tao Kae Noi, like & react to Tao Kae Noi posts and comment or share. Is so simple, right? Wish you will be a next Top Fans winners for the following month, all the best!! #TaoKaeNoi #TaoKaeNoiClub #TaoKaeNoiClubMY #TaoKaeNoiSnacks #TaoKaeNoiSeaweed #TaoKaeNoiContest #TaoKaeNoiTopFans #TopFans #Seaweed #SeaweedSnacks #Snack #HealthySnack #GuiltFreeSnack #Foodie #Yummy #SnackMsia #SnackMY

A post shared by Jasper (@ja.sper7788) on

စစချင်းမှာတော့ သူ့ရဲ့ရေညှိမုန့်တွေက အရောင်းမသွက်သေးပါဘူး။ နောက်ပိုင်းတော့ စတိုးဆိုင်မန်နေဂျာတွေက ရေညှိမုန့်တွေကို လူမြင်တဲ့နေရာမှာ ထားတော့မှ အဝယ်တိုးလာပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ရေကြီးလို့ သူ့စက်ရုံပျက်စီးခဲ့ပါသေးတယ်။ ဒါပေမဲ့ Tob ဟာ သုံးလတိုင်တိုင် မရပ်မနားအလုပ်လုပ်ပြီး စက်ရုံကိုပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်လာခဲ့တဲ့ Tob ဟာ အခုဆိုရင်တော့ သူဌေးကြီးတစ်ဦးဖြစ်နေပါပြီ။ သူဟာ ၂၀၁၈ခုနှစ် Forbes အရ အသားတင်အမြတ် ဒေါ်လာ သန်း၆၀၀နဲ့ ထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးသူစာရင်း အယောက်၅၀ထဲပါဝင်ကြောင်းလည်း သိရပါတယ်။


ShweMom

SHARE