James Bond အဖြစ်သရုပ်ဆောင်ချင်တယ်လို့ပြောလာခဲ့တဲ့ Game of Thrones မင်းသမီး

[email protected]_clake, 007

နောက်ဆုံး James Bond မင်းသားဖြစ်တဲ့ Daniel Craig ဟာ James Bond အဖြစ်ကနေပြီး အနားယူတော့မယ်လို့ တရားဝင်ပြောကြားသွားခဲ့ပါပြီ။ ဒါကြောင့် နောက်တက်မယ့် James Bond မင်းသား ဘယ်သူဖြစ်မလဲဆိုတာ အားလုံးက စိတ်ဝင်စားလျက်ရှိနေခဲ့ကြပါတယ်။

အနုပညာလောကမှာလည်း Harry Styles တို့၊ ပထမဆုံးလူမည်း James Bond ဖြစ်ချင်တဲ့ Danny Dyer တို့စတဲ့ အနုပညာရှင်တွေလည်း တန်းစီပြီး သူတို့က နောက်လာမယ့် James Bond ဖြစ်ချင်ပါတယ်ဆိုပြီး ဖွင့်ပြောလာခဲ့ကြပါတယ်။ အခုတစ်ခေါက်ကတော့ နဂါးမယ်မယ်ကြီးပါပါလာခဲ့ပါတယ်။

[email protected]_clake
[email protected]_clake

Game of Thrones ထဲက မင်းသမီးချောလေး Emilia Clarke ဟာ သူမအနေနဲ့ ပထမဆုံးအမျိုးသမီး James Bond အဖြစ် သရုပ်ဆောင်ချင်ပါတယ်ဆိုပြီး ဖွင့်ပြောလာခဲ့ပါတော့တယ်။ Lad Bible ရဲ့ ဖော်ပြချက်အရ Emilia ဟာ Empire မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေကြားသွားခဲ့တာပါတဲ့။ အင်တာဗျူးမေးသူက အကယ်၍ သူမသာ James Bond အဖြစ် သရုပ်ဆောင်ရမယ်ဆိုရင် ဘယ်လိုနေမလဲလို့ အရင်ဆုံးစမေးလာခဲ့တာပါ။ ဒါကေို Emilia ဟာ James Bond က အရမ်းနာမည်ကြီးတဲ့ ဇာတ်ရုပ်တစ်ခုဖြစ်တာကြောင့် လာများကမ်းလှမ်းလာခဲ့မယ်ဆိုရင် နှစ်ခါပြန်မစဉ်းစားတော့ဘူးလို့ပြောလာခဲ့တာပါ။

[email protected]_clake

လက်ရှိအချိန်မှာ James Bond ရဲ့ လျှို့ဝှက်အေးဂျင့်နံပါတ်ဖြစ်တဲ့ 007 ကိုတော့ Lashana Lynch က ရထားခဲ့ပြီး ရိုက်ကူးရေးတွေတောင် စနေခဲ့ပါပြီ။ Lashana Lynch ဟာ Captain America ထဲမှာလည်းလူကြိုက်များခဲ့တဲ့ အရံမင်းသမီးတစ်လက်ဖြစ်ခဲ့ပါသေးတယ်။

Instagram- Lashana Lynch

Peny

SHARE