လိုက်ဖ်တွေ လွှင့်ရင်း ပရိသတ် (၁) သိန်းခွဲအထိရရှိလာတဲ့ ဂိမ်းမာ ဘိုးဘိုး

မြင်ဖူးကြုံဖူးတဲ့ အဘိုးအရွယ် လူကြီးတော်တော်များများက အာရုံနောက်တာကိစ္စတွေ၊ ရှုပ်ရှုပ်ယှက်ယှက်တွေကို ဆို သည်းမခံနိုင်စွမ်းမရှိကြတော့ဘဲ အေးအေးလူလူနဲ့ လုပ်ချင်တာလေးတွေ လုပ်ကြပါတယ်။

ဒါပေမယ့် Twitch ဆိုတဲ့ ၀က်ဘ်ဆိုက်ပေါ်မှာတော့ ဂိမ်းမာဘိုးဘိုးတစ်ယောက်ဟာ သူဆော့ကစားတာကို တိုက်ရိုက်ပြသရင်းနဲ့ တော်တော်လေး ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။

grndpagaming

နေဗီ ရေငုပ်သမားဟောင်းတစ်ယောက်ဖြစ်တဲ့ အဘိုးက GrndPaGaming ဆိုတဲ့ အကောင့်နာမည်နဲ့ လိုက်ဖ်တွေ လွှင့်ပြီး အောင်မြင်လာခဲ့တာ အခုဆို ပရိသတ် (၁၅၀,၀၀၀) အထိရရှိနေပါတယ်။

အသက် (၆၆) နှစ်အရွယ် အဘိုးက အမေရိကန် ရေတပ်မှာ နှစ် (၂၀) နဲ့ (၄) လ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အငြိမ်းစားယူခဲ့ပါတယ်။ အခုဆို နက္ခတ္တဗေဒကို လေ့လာတာ၊ ခရုကောက်၊ ဟင်းချက်၊ ပြီးတော့ ဂိမ်းဆော့နေတယ်။

(၁၉၉၂) ခုနှစ်က တပ်ကနေ အနားယူခဲ့ကြောင်းကိုလည်း သူရဲ့ ဂိမ်းပရိုဖိုင်မှာ ဖော်ပြထားပါတယ်။ အိမ်ထောင်နှစ်ဆက်ပြုခဲ့ပြီး သမီးတစ်ယောက်နဲ့ မြေးနှစ်ယောက်ရှိတယ်။

grndpagaming

သူက Fallout 4, Amrmored Warfare, World of Warships, World of Tanks, The Witcher 3, Battlefield 1,2,3,4, League of Legends, Doom and The Division စတဲ့ ဂိမ်းတွေကို သဘောကျပြီး အခုနောက်ပိုင်းတော့ Apex Legends မှာ စကေးတွေပြနေပါတယ်။ Apex Legends ဟာလည်း PUBG တို့ Fortnite တို့လို battle royale ဂိမ်းဖြစ်ပြီး Respawn Entertainment က ထုတ်လုပ်တယ်လို့သိရပါတယ်။

READ
Pokemon ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ ပါဝင်အားဖြည့်သွားမယ့် Katy Perry

သူက Live တွေမှာလည်း စကေးတွေပြ၊ ပြိုင်ဘက်တွေကို ခနဲ့တဲ့တဲ့ ထိထိရှရှတွေပြောတာကြောင့် စိတ်ဝင်စားမှုတွေပို မြှင့်တက်လာခဲ့ပါတယ်။ တစ်ပွဲမှာလည်း ကိုယ့်အသင်းဖော်ကျသွားပြီး တစ်ယောက်တည်း ကျန်ခဲ့တဲ့ အခြေအနေမျိုးမှာ စကေးတွေကို ပြခဲ့တယ်လို့သိရတယ်။ ပြီးတော့ ဘယ်သူ လေတိုက်တိုက် ဂရုမစိုက်တဲ့ သူလည်းဖြစ်တယ်။

သူ့မှာ ကျန်းမာရေး ပြဿနာရှိကြောင်းလည်း သူရဲ့ ပရိုဖိုင်းမှာ ဖော်ပြထားတာတွေ့ရတယ်။ သူက မောက်စ့်နဲ့ ကီးဘုတ်ကို အသုံးပြုတဲ့နေရာမှာ နည်းနည်းလေးအခက်အခဲ ရှိတယ်လို့ သိရတယ်။

grndpagaming

သူက ဆီးကြိတ် ကင်ဆာ (၇) နှစ်လောက် ခံစားခဲ့ရဖူးပြီး အခုလက်ရှိမှာလည်း သောက်ခဲ့ရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုးဒဏ်တွေကို ခံစားနေရပါတယ်။ ဓာတ်တွေလည်း ကင်ခံရတယ်။ အဲ့ဒီ့အပြင် ညာဘက်လက်ရဲ့ လက်မနဲ့ လက်ညှိုးဟာဆိုလည်း ခံစားမှုမရှိဘူး။

READ
ကမ္ဘာကျော် ဘောလုံးအသင်းတွေနဲ့ Collaboration လုပ်ခဲ့တဲ့ Fornite ဂိမ်း

ပခုံးကစပြီး အောက်ဘက်တစ်လျှောက် အာရုံခံစားမှုတွေ ချို့ယွင်းနေတဲ့အတွက် ကိုင်တွယ် အသုံးပြုရတာ တကယ်မကောင်းကြောင်း ပြောပါတယ်။ သူက အဲ့လိုအခြေအနေနဲ့ ထရိန်းထားတဲ့ (၆၆) နှစ်အရွယ် လူအိုတစ်ယောက်ဖြစ်တယ်လို့ ပြောထားတာလည်း တွေ့ရတယ်။

သူကို လေတိုက်တဲ့ သူတွေကိုလည်း ဒီလို ခံစားမှုမရှိတဲ့ လက်နဲ့ ကစားနေတဲ့သူနဲ့ ယှဉ်ဆော့ကြည့်လိုက်ဖို့ စိန်ခေါ်ထားပါသေးတယ်။

Ref: GrndPaGaming, Lad Bible

Matthew (ShweMOM)
SHARE