
Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ George Clooney ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြမှာပါ။ Ocean’s Thirtten, Ocean’s Twelve, Ocean’s Eleven, Batman & Robin, Gravity အစရှိတဲ့ နာမည်ကြီး Hollywood ရုပ်ရှင်ဇာတ်ကားတွေနဲ့ လူသိများလာတဲ့ George ဟာ သရုပ်ဆောင်ကောင်းတဲ့ မင်းသားကြီးဖြစ်တဲ့အပြင် အ်ေစကာဆုပိုင်ရှင် မင်းသားကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ George ဟာ လွန်ခဲ့တဲ့ ၇ နှစ်ကျော်တုန်းက သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း ၁၄ ယောက်ကို တစ်ယောက် ဒေါ်လာ ၁ သန်းဆီ လက်ဆောင်ပေးခဲ့ဖူးတဲ့အကြောင်း ပြောပြလာခဲ့တယ်လို့ Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
ဒီအကြောင်းကို ပထမဦးဆုံး ဖွင့်ပြောခဲ့တဲ့ လူကတော့ George ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Rande Gerber ပဲ ဖြစ်ပါတယ်။ Rande ပြောပြပုံအရဆိုရင် George ဟာ ၂၀၁၃ ခုနှစ်တုန်းက သူအပါအဝင် George ရဲ့ အချစ်ဆုံး သူငယ်ချင်း ၁၃ ယောက်ကို ညစာဖိတ်ကျွေးခဲ့ပါတယ်။ ဒီလိုနဲ့ ညစာစားသောက်ပြီးတဲ့ အချိန်မှာတော့ George ဟာ အမေရိကန်ဒေါ်လာ ၁ သန်းဆီပါတဲ့ လက်ဆွဲအိတ် ၁၄ လုံးကို သူငယ်ချင်း ၁၄ ယောက်စလုံးထံပေးအပ်ခဲ့ပြီး သူနဲ့ တောက်လျှောက် သူငယ်ချင်းဖြစ်လာပေးခဲ့ပြီး ကိစ္စတိုင်းမှာ သူ့ဖက်က အမြဲလိုလို ရပ်တည်ပေးခဲ့ကြလို့ ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
View this post on Instagram
“အဲဒီအချိန်တုန်းက ကျွန်တော်အနားမှာ တစ်ယောက်မှမရှိသလို မိသားစုဘဝဆိုလည်း မရှိခဲ့ပါဘူး။ ကျွန်တော်တစ်ယောက်တည်း ရပ်တည်ခဲ့ရတာပါ။ ပြီးတော့ အဲဒီအချိန်တုန်းက စဉ်းစားမိတာ ကျွန်တော်သေသွားရင် ကျွန်တော်ပိုင်ဆိုင်မှုတွေကို ဘယ်သူ့ကိုပေးခဲ့ရမှာလဲ စဉ်စားမိတယ်ဗျ။ အဲဒီအချိန် ခေါက်းထဲပေါ်လာတာ ကျွန်တော့်အခင်ဆုံးသူငယ်ချင်း ၁၄ ယောက်ပါ။ အဲဒါကြောင့် အဲဒီအချိန်တုန်းက အဲဒီလိုပေးခဲ့ပစ်တာပါ”လို့ George က ပြောကြားခဲ့ပါတယ်။ George ဟာ ၂၀၁၄ ခုနှစ်မှာတော့ နာမည်ကြီး လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ Amal Alamuddin နဲ့ လက်ထပ်ခဲ့ပြီး Alexander နဲ့ Ella အမည်ရ အမွှာမောင်နှမနှစ်ယောက်ကို မွေးခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw