မင်းသားကြီး George Clooney ကိုတော့ ပရိတ်သတ်တွေအနေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာတောင် လိုတော့မယ်မထင်ပါဘူး။ မင်းသားကြီးဟာ အသက် ၅၉ နှစ်ရှိနေပါပြီ။ ဇနီးသည် Amal ကတော့ အသက် ၄၂ နှစ်ပေါ့။
View this post on Instagram
CBS Sunday Morning နဲ့ အင်တာဗျူးတစ်ခုမှာတော့ အမွှာလေးရခဲ့တုန်းကအကြောင်းလေးကို ပြန်ပြီးပြောခြဲာ့ပါတယ်။ အဲဒီအချိန်တုန်းက George Clonney အနေနဲ့ ဇနီးသည် Amal တစ်ယောက် အနေအစားမမှန်တာကြောင့် တစ်ခုခုဖြစ်နေပြီဆိုတာ ရိပ်မိခဲ့ပါတယ်။ နောက် ကိုယ်ဝန်ရှိနေလားဆိုပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ကိုယ်ဝန်ရနေခဲ့တယ်ပေါ့။
View this post on Instagram
ဒါပမေဲ့ ကလေးလေးတစ်ယောက်ပဲလို့ မျှော်လင့်ထားခဲ့တာပါတဲ့။ ဖြစ်ချင်တော့ ultrasound လည်းရိုက်ရော ဇနီးသည်လွယ်ထားရတာဟာ ရင်သွေးလေးတစ်ယောက်တည်း မဟုတ်ဘဲနဲ့ အမွှာလေးဖြစ်နေတာကို အံ့သြနပမ်း သိခဲ့ရပါတယ်တဲ့။

သူ့ခင်ဗျာ ၁၀မိနစ်လောက် ငိုင်ကျသွားတယ်ဆိုပဲ။ စစချင်းမှာတော့ အသက်တူအရွယ်တူ၊ လူ့လောကထဲ အတူတူရောက်လာကြမယ့် ရင်သွေးနှစ်ယောက်အတွက် မိဘတွေအနေနဲ့ စိတ်ပိုင်ဆိုင်ရာအရ အဆင်သင့်မဖြစ်သေးလို့ စိုးရိမ်ပူပန်မိပေမယ့်လို့ နောက်တော့လည်း အမွှာလေးအဖြစ် Ella နဲ့ Alexander တို့ွေးလာတဲ့အတွက်တောင်မှပဲ ဝမ်းသာမိတယ်ဆိုပြီးတော့ အချစ်တွေပြည့်နေတဲ့ ခံစားချက်ကြီးနဲ့ ပြောပြလာခဲ့ပါတယ်။ ဒါကတော့ အင်တာဗျူးအစီအစဉ်အပြည့်အစုံပါ။
penny