နေ့စဉ်အိပ်ချိန် ၆နာရီထက်နည်းသူများ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါများပိုမိုဖြစ်နိုင်

ဆေးပညာလေ့လာချက်တစ်ခုကတော့ သက်ရှိကိုယ်တွင်း၌အစာခြေချက်မှုဇီဝတွင်းဖြစ်ပျက်မှုနဲ့ဆိုင်တဲ့  ရောဂါ ဝေဒနာများဖြစ်တဲ့ Type 2 ဆီးချိုရောဂါ၊သွေးဖိအားများခြင်းနဲ့ အ၀လွန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနေသူများဟာ ပိုပြီး အိပ်စက်ချိန်လိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။(Type 2 ဆီးချိုရောဂါ  (အင်ဆူလင် ပမာဏ မလုံလောက်ခြင်း)
ခန္ဓာကိုယ်ရဲ့ ပန်ကရိယထဲက အင်ဆူလင်ဟော်မုန်း ထုတ်လုပ်တဲ့ အင်္ဂါ မှ လုံလောက်တဲ့ အင်ဆူလင် ပမာဏကို မထုတ်လုပ်ပေးနိုင်တော့တဲ့ အတွက် ဖြစ်ရတဲ့ ဆီးချိုရောဂါ ကို အမျိုးအစား ၂ (Type 2 ) ဆီးချိုရောဂါလို့ခေါ်ပါတယ်။)

ဒီလေ့လာချက်ဟာ အသက်ပျှမ်းမျှ ၄၉ နှစ်ခန့်ရှိတဲ့ လူနာ ၁၃၄၄ ယောက်ကို လက်တွေ့စမ်းသပ်ခန်းထဲမှာ အိပ်စေပြီး ရေရှည်စမ်းသပ်ခဲ့တာဖြစ်ပြီး ဒီလေ့လာချက်ဟာ အိပ်ချိန်ပမာဏဟာ လူတစ်ယောက် စောစောစီးစီး သေဆုံးနိုင်ခြေအပေါ်ကို ဘယ်လောက်သက်ရောက်နိုင်သလဲဆိုတာကို လေ့လာခဲ့တဲ့ ပထမဆုံးလေ့လာချက်တစ်ခုလည်းဖြစ်ပါတယ်။

READ
အ၀လွန်ခြင်းဟာ ဦးနှောက်မှတ်ဥာဏ်ကိုပါ ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရ

လေ့လာသူများကတော့ အိပ်စက်ခြင်းကြာချိန်ဟာ သွေးပေါင်ချိန် ပမာဏမြင့်မားနေသူများ(သို့)ဆီးချိုရောဂါ ဖြစ်ပွားနေသူများအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိပြီး တစ်နေ့အိပ်ချိန် ၆ နာရီအောက်ပဲရှိသူတွေဟာ အိပ်စက်ချိန်လုံလောက်တဲ့သူတွေထက် ၂.၁ ဆခန့် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ မြင့်မားတယ် လို့ဆိုပါတယ်။

ယခု သုတေသနပြုချက်ဟာ  လေ့လာချက်တစ်ခုသာ ဖြစ်တဲ့အတွက် ဖြစ်ပေါ်လာမဲ့ ရလာဒ်များကို အတိအကျ အာမမခံ နိုင်ပေမဲ့ အိပ်စက်ချိန် မလုံလောက်တဲ့ သူများဟာ နှလုံးရောဂါနဲ့ စောစောစီးစီး သေဆုံးနိုင်ခြေမြင့်မားတယ် ဆိုတာကိုတော့ သက်သေပြနိုင်ခဲ့တယ် လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယား ဆေးကောလိပ်မှ ဒေါက်တာ ဂျုလီယို ဖာနန်ဒက်ဇိ မန်ဒိုဇာ (Dr Julio Fernandez-Mendoza) ကတော့ ” လေဖြတ်ခြင်း နှလုံးရောဂါဖြစ်ခြင်းများကို ကာကွယ်လိုတယ် ဆိုရင်တော့ သင့်ရဲ့ အိပ်စက်ချိန်ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။နောက်ပိုင်း ဆေးပညာဆိုင်ရာ လေ့လာချက်တွေဟာ အိပ်စက်ချိန်က သွေးပေါင်ချိန်တိုးခြင်း၊နှလုံးရောဂါ ကို ဘယ်လောက်အထိ ဖြစ်စေနိုင်သလဲ ဆိုတာကို ပိုသိလာဖို့ ဆက်လက်လုပ်ဆောင်သင့်ပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။

READ
ဖိအားများစွာရှိတဲ့အလုပ်မှာ ကာလကြာရှည်စွာလုပ်ကိုင်ခြင်းဟာ ကင်ဆာရောဂါပိုမိုဖြစ်ပွားနိုင်

Arkar Hein (Shwemom)

Ref : The Sun

SHARE