လမ်းဖြတ်ကူးတဲ့ ၀ိဉာဉ်တစ်ကောင်ကို CCTV ကရှင်းရှင်းလင်းလင်းဖမ်းယူရရှိခဲ့

လက်တလေ YouTube မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်တစ်ခုကတော့ လမ်းဖြတ်ကူးတဲ့ ၀ိဉာဉ်တစ်ကောင်ရဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါ
တယ်။ ဒါပေမယ့် ဗွီဒီယိုမှတ်တမ်းတင်ထားတဲ့ ရက်စွဲကို ကြည့်ရင် 2016 ခုနှစ် သြဂုတ်လ 15 ရက်နေ့ဖြစ်ပေမယ့် ပြီးခဲ့တဲ့ (18)နာရီကျော်လောက်ကမှ အဆိုပါဗွီဒီယိုဟာ YouTube မှာ စတင်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

Alton Tower က အမျိုးသမီးရဲ့ဝိဉာဉ်

ဒီဗွီဒီယိုကို ရိုက်ကူးထားခဲ့တဲ့ နေရာဒေသကိုလည်း မသိရပါဘူး။ ဒါပေမယ့် ဗွီဒီယိုထဲမှာတော့ ၀ိဉာဉ်ရဲ့ပုံစံဟာ ရှင်းရှင်း
လင်းလင်းရှိလှပြီး ပြီးခဲ့တဲ့ အပတ်ကလည်း  Alton Tower မှာ အမျိုးသမီးတစ်ယောက်ရဲ့ ၀ိဉာဉ်လို့ ယူဆရတဲ့ အရာတစ်
ခုကို ခရီးသွားတစ်ယောက်ရဲ့ ကင်မရာကနေ ဖမ်းယူရရှိခဲ့ပါသေးတယ်။ အဲဒီအမျိုးသမီးဝိဉာဉ်ဟာ လွန်ခဲ့တဲ့ ရာစုနှစ် နှစ်စုအတွင်းက အ၀တ်အစားကို ၀တ်ဆင်ထားတယ်လို့ ယူဆရပါတယ်။

READ
ရောဂါသည်ဇနီးကို စောင့်ရှောက်ဖို့ခေါ်လိုက်တဲ့ သူနာပြုနဲ့ ဇာတ်လမ်းဆင်ခဲ့တဲ့ခင်ပွန်း

ယခု ဗွီဒီယိုဖိုင်ထဲမှာလည်း ၀ိဉာဉ်ဟာ အမျိုးသားလို့ယူဆရပြီး လမ်းရဲ့ တူရှုတည့်တည့်ကို ဖြတ်လျှောက်လာတာ ဖြစ်ပါ
တယ်။ ကားတွေဟာ သူ့ခန္ဓာကိုယ်အတွင်းမှာ ထွင်းဖောက်ဖြတ်သန်းသွားနေတာဆိုပေမယ့် ၀ိဉာဉ်ကတော့ လမ်းတစ်
ဘက်အထိ ရောက်အောင် ဖြတ်လျှောက်သွားတာကို တွေ့ရပြီး လမ်းတစ်ဘက်ကို ရောက်မှ ကွယ်ပျောက်သွားတာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE