(၁၉၂၀)ပေါင်အထိ အလေးချိန်ရှိတဲ့ ဖရုံသီးကြီး

ဂင်းနစ်မှတ်တမ်းဝင်ထားခဲ့ဖရုံသီးရဲ့ အလေးချိန်က (2323)ပေါင်အထိ အလေးချိန်ရှိပါတယ်။ အခု ဗြိတိန် တောင်သူကြီးရဲ့ ဖရုံသီးကတော့ (1920) ပေါင် အလေးချိန်သာ ရှိတာမို့ ဂင်းနစ်မှတ်တမ်းကိုတော့ မမီသေးပါဘူး။ ဒါပေမယ့် ဒီအလေးချိန်
ဟာ ဗြိတိန်မှာတော့ အကြီးဆုံးစံချိန်ကို ချိုးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒီဧရာမဖရုံသီးကြီးကို စိုက်ပျိုးခဲ့သူကတော့ Stuart နဲ့ Ian Paton အသက် (55)တို့ နှစ်ဖြစ်ပါတယ်။ ဖရုံသီးပေါ်မှာ ဓာတ်ပုံအရိုက်ခံနေတဲ့ ကလေးငယ်လေးကတော့ Ian ရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမွှာရင်သွေးနှစ်ယောက်အနက် Libby အမည်ရ သမီးငယ်လေး ဖြစ်ပါတယ်။ ဖရုသီးကြီးရဲ့အရွယ်အစားကတော့ လေးပေ အမြင်ရှိပြီး 18 ပေ ပတ်လည်ရှိပါတယ်။

Stuart က ” ကျွန်မတို့မှာ ဖရုံသီးနှစ်လုံးရှိပါတယ် .. တစ်ခုက ပေါင် 1850 ရှိပြီး … ဒီတစ်လုံကတော့ 1920 ပေါင် ဖြစ်ပါတယ် … ကျွန်မတို့ လင်မယားနှစ်ယောက်ဟာ တစ်ရက်ကို သုံးနာရီလောက်အထိ … တစ်ခါတလေ 5 နာရီလောက်အထိ ဒီဖရုံသီးတွေကို ပြုစုခဲ့ရလို့ … အနည်းဆုံးတော့ ဗြိတိန်မှာ အကြီးဆုံးဖရုံသီးဖြစ်မယ်လို့ မျှော်လင့်ရပါတယ် … “လို့ ဖွင့်ဟခဲ့ပါတယ်။

READ
လမ်းသွားရင်း ဖုန်းသုံးလို့ရတဲ့ လူသွားလမ်းတွေဖန်တီးလိုက်တဲ့ ဗြိတိန်

Stuart က ဆက်လက်ပြီး ” သူတို့တစ်တွေရဲ့ ကြီးထွားမှုကို စောင့်ကြည့်နေရတာ ဘာနဲ့မတူပါဘူး … သိပ်ကို အံ့သြစရာ
ကောင်းပါတယ် … သူတို့ကို တစ်ရက် ရေဂါလန် (100) အထိ တိုက်ခဲ့ရပါတယ် .. “ဆိုခဲ့ပါတယ်။ Ian နဲ့ Stuart တို့ ဇနီး
မောင်နှံဟာ အင်္ဂလန်နိုင်ငံ၊ ဟမ်းရှိုင်းယားပြည်နယ်က Pennington ရွာလေးက ဥယျာဉ်ခြံမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်
ကိုင်ကြသူတွေ ဖြစ်ပါတယ်။

လာမယ့်အပတ်မှာ တာဝန်ရှိသူတွေက ဖရုံသီးကြီးကို လာရောက်တိုင်းထွာပြီး ယူကေရဲ့အကြီးဆုံးဖရုံသီးဘွဲ့ကို ပေးဖို့ ရှိ
နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် Ian နဲ့ Stuart တို့ကတော့ ဂင်းနစ်မှတ်တမ်းတင်ထားတဲ့ ကမ္ဘာ့အကြီးဆုံးဖရုံသီးကြီးရဲ့ စံချိန်ကိုပါ တစ်ချိန်ချိန်မှာ ချိုးဖြတ်မှတ်တမ်းတင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

READ
ကိုရီးယားမှာ ကမ္ဘာ့ အကြီးဆုံး 3D သမုဒ္ဒရာ ရေလှိုင်းတွေကို ဖန်တီး

ညီလင်းထက် (Shwemom)

source : thesun.co.uk

 

SHARE