လူ(၈)ဦးသေခဲ့တဲ့ ရွှံ့မြေပြိုမှုမှာ၊ မြေစာပုံထဲမှ ကောင်မလေးတစ်ဦးကို ကယ်တင်နိုင်ခဲ့

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်၊ ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာရာ မြို့တစ်ခုဖြစ်တဲ့ Montecito အနီးမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ခဲ့ပါတယ်။ အဆိုပါဒေသမှာ မကြာသေးခင် လပိုင်းလောက်က ကြီးမားတဲ့ တောမီးကြီးကလည်း ဝင်ရောက်မွှေနှောက်ခဲ့ပါသေးတယ်။

REX

အခုအခါမှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်နံရံတွေ ပြိုကျကာ လမ်းပိတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး၊ ကြီးမားတဲ့ ရေလွှမ်းမိုးမှုတွေနဲ့အတူ အနီးအနားလူနေအိမ်ချေတွေပေါ်ကိုလည်း ရွှံ့မြေတွေဒလဟော ဖုံးအုပ်ခဲ့ကြောင်း သိရပါတယ်။ ဒီမြေပြိုမှုမှာ (၈)ယောက်အထိ သေဆုံးခဲ့ပါတယ်။ လူထောင်ချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး၊ လမ်းတွေကိုလည်း ရှင်းလင်းခဲ့ရပါတယ်။

REX

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ခဲ့တာပါ။ မိုးရေချိန်လက်မဟာ နှစ်လက္မမှ (၄.၅)လက္မအထိ ရွာသွန်းခဲ့ပြီး၊ မိုးလေဝသဌာနကလည်း မိုးသည်းထန်နိုင်ကြောင်း ကြိုတင်သတိပေးခဲ့ပါသေးတယ်။ ကြီးမားလှတဲ့ ရွှံမြေစာတွေအောက်ကနေ အသက်(၁၄)နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

REX

Santa Barbara မှာလည်း ရွံ့မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး၊ အိမ်တွေ ပြိုကာ လူတော်တော်များများ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။ အဆိုပါဒေသမှာ အသက်(၁၄)နှစ်အရွယ် ကောင်မလေးကို ရွှံ့နွံတွေဖုန်းလွှမ်းနေတဲ့ နေအိမ်အပြိုအပျက်တွေကြားထဲကနေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပါတယ်။

READ
လှေနဲ့တောင်မဆံ့တဲ့ ပင်လယ်ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့တဲ့အမျိုးသား
REX

Montecito ရဲ့ အဓိကဆက်သွယ်ရေးလမ်းကြီးဖြစ်တဲ့ Hot Springs Road လမ်းမပေါ်ကိုလည်း တောင်နံရံတွေကနေ ပြိုကျတဲ့ ကျောက်တုံးတွေကြောင့် လမ်းပိတ်စို့မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ လူပေါင်း (၇၀၀၀)ကျော် ဘေးလွှတ်ရာ တိမ်းရှောင်နေဖို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့က လိုက်လံဆော်သြခဲ့ရပါတယ်။

REX

ရွှံမြေတွေဟာ ပျော်ရည်အဖြစ် လူနေအိမ်ချေတွေရှိရာကို စီးဆင်းခဲ့ပြီး၊ လူ့ခါးတစ်ဝက်လောက်အထိ ရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး၊ လူအသေအပျောက်နဲ့ ဒဏ်ရာရစာရင်းကို ဒီထက်တိုးမလာစေဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE