အိပ်ယာထက်မှာ လှဲနေရတဲ့အဖွားကို အမြဲအပျော်တွေနဲ့ တင်ဆက်ပေးနေသူ မြေးမလေး

မကြာသေးခင်ရက်ပိုင်းက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ ဗွီဒီယိုလေးကတော့ အားလုံးကို အပျော်တွေ ပေးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ အသက်(၂၃)နှစ်အရွယ် Ploy Theerada Mokkhasak အမည်ရ မြေးမလေးဟာ သူမရဲ့အဖွားဆီကို သွားရောက်လည်ပတ်စဉ်မှာ အဖွားဖြစ်သူနဲ့အတူ ကခဲ့ကြတာ ဖြစ်ပါတယ်။

en.goodtimes.my
en.goodtimes.my

Ploy ဟာ အိပ်ယာထက်လဲနေတဲ့ အဖွားဆီကို မကြာခဏသွားရောက် လည်ပတ်လေ့ရှိပြီး အခုလို ပျော်စရာလေးတွေ ဖန်တီးပေးလေ့ရှိပါတယ်။ အသက်(၇၉)နှစ်အရွယ် အဖွားဖြစ်သူ Sumlee ဟာ လမ်းမလျှောက်နိုင်တော့ဘဲ၊ ပြင်ပအောက်ဆီဂျင်ပိုက်နဲ့ အသက်ရှုနိုင်အောင် ကြိုးစားနေရသူပါ။ သူတို့ကတော့ ထိုင်းနိုင်ငံမှာ နေထိုင်သူတွေဖြစ်ပါတယ်။

en.goodtimes.my
en.goodtimes.my

သို့သော်လည်း အဖွား Sumlee ဟာ လှုပ်ရှားနိုင်မှုအတိုင်းအတာ တစ်ခုထိသာ ရှိတယ်ဆိုပေမယ့် မြေးမလေးဖွင့်ထားတဲ့ တီးလုံး၊ တီးကွက်၊ စည်းချက်တွေနဲ့အတူ သူမ လှုပ်လို့ရနိုင်သလောက် လိုက်လှုပ်ပြီး ကခဲ့တာကို တွေ့ရပါတယ်။ အဖွားဟာ လက်ကလေးကို မြှောက်မြှောက်ပြီး မြေးမလေး Ploy နဲ့အတူ လိုက်ကခဲ့တာပါ။

READ
ဖိုတိုရှော့သုံးပြီး တိရစ္ဆာန်လေးတွေနဲ့ အရာဝတ္ထုတွေကို ပေါင်းစပ်ကြည့်တဲ့အခါ….

ဒီဗွီဒီယိုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူပေါင်း သန်းချီရှိခဲ့ပါတယ်။ ဆရာဝန်တွေကတော့ အိပ်ယာထက် လဲနေတဲ့ လူနာတစ်ယောက်အတွက် ဂီတနဲ့ ကလိုစိတ်ကို နှိုးဆွပေးတဲ့တီးလုံးတွေကလည်း တကယ်လိုအပ်ပြီး၊ တစ်ချို့ဆိုရင် ဂီတကြောင့် စိတ်ချမ်းမြေ့မှုတွေ ရရှိကြသလို၊ တုံ့ဆိုင်းနေတဲ့ အကြောတွေကိုလည်း ပြေစေနိုင်တယ်လို့ ဆိုပါတယ်။

Ploy က “ကျွန်မကတော့ အဖွားဆီကို သွားတိုင်း က,တော့တာပဲ … အဖွားကလည်း တစ်ခါတလေ လိုက်ကတယ် … တစ်ခါတလေကျတော့လည်း မျက်လုံးကလေး ကလည်ကလည်နဲ့ ကြည့်နေတော့တာပဲ … အဖွားက အတော်လေးကို အကကောင်းတဲ့သူပါ” လို့ ပြောပါတယ်။

en.goodtimes.my

သူမက ဆက်လက်ပြီး “အဖွားက ကျွန်မ ငယ်ငယ်လေးကတည်းက ကျွန်မကို စောင့်ရှောက်ခဲ့သူပါ … ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်ကြပါတယ် … အဖွားက သီချင်းတွေ ဂီတတွေကို ချစ်တယ် … အခု အဖွားက တကယ်ကို အိုစာနေပါပြီ .. ကျွန်မက အဖွားကို အပျော်တွေပဲ ပေးချင်တယ် .. ဒါကြောင့်မို့လို့ က,ရတာပါ” လို့ ပြောပါတယ်။ Ploy လိုပဲ ဖွားချစ် ဖိုးချစ်လေးတွေလည်း ကိုယ့်အဖိုးအဖွားတွေကို ပျော်ရွှင်အောင် ထားပေးကြသင့်တယ်နော်..။

READ
မြေခွေးကိုတွေ့လို့ ဗီဒီယိုမှတ်တမ်းတင်ခဲ့ရာမှ နောင်တရစရာ ကြုံခဲ့ရသူ

နတ်စည်တော် (Shwemom)

source : en.goodtimes.my

SHARE