လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး စိတ်ဒုက္ခရောက်နေရတဲ့ အချိန်ကာလတစ်ခုပါ။ ကုမ္ပဏီတော်တော်များများလည်း ဒီကာလအတွင်းမှာ လုံးဝကို ပိတ်လိုက်ရသလို လူတော်တော်များများဟာလည်း ဒီ COVID19 ကာလထဲမှာပဲ အလုပ်လက်မဲ့ဘဝတွေကို ရောက်ရှိသွားရပါပြီ။ အခုလည်း အိန္ဒိယနိုင်ငံက အမျိုးသားကြီးတစ်ယောက်ဟာ COVID 19 ကာလအတွင်း အလုပ်ပြုတ်သွားတာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားရရှာပါတယ်။ ဒါ့ကြောင့် အဆိုပါ အမျိုးသားကြီးရဲ့ သမီးဖြစ်သူဟာ အခုဆိုရင် ၃ ဘီးမောင်းပြီး မိသားစုကို ထောက်ပံ့နိုင်အောင် လုပ်ဆောင်နေရကြောင်း Storypick သတင်းဌာနရဲ့ ဖြော်ပချက်အရ သိရှိရပါတယ်။
21 year old Banjeet Kaur from Udhampur breaks societal barriers to become an auto driver in order to support her family after her father lost his job amid the COVID-19 pandemic.
VIDEO https://t.co/LzHKvovbva
YT: https://t.co/R65bY09JeU |
— Ajay Criminologist (@JKCriminologist) January 12, 2021
အဆိုပါ အမျိုးသားကြီးကတော့ အိန္ဒိယနိုင်ငံ၊ Udhampur ပြည်နယ်ရှိ Sardar Gorakh အမည်ရ အမျိုးသားကြီးတစ်ယောက် ဖြစ်ပါတယ်။ Sardar ဟာ CO VID 19 ကာလမတိုင်ခင်မှာ ကျောင်းကားမောင်းတဲ့ ဒရိုင်ဘာတစ်ယောက်အဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် COVID 19 ကပ်ရောဂါ ဖြစ်ပွားတဲ့ အချိန်မှာတော့ ကျောင်းတွေလည်း ပိတ်သွားခဲ့တာကြောင့် Sardar တစ်ယောက် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဒါ့ကြောင့် Sardar ဟာ ၃ ဘီးမောင်းတဲ့ အလုပ်ကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃ ဘီးမောင်းတဲ့ ဝင်ငွေဟာ မိသားစုအတွက် မလုံလောက်တာကြောင့် နောက်ဆုံးမှာ Sardar ရဲ့ သမီးဖြစ်သူ Banjeet Kaur ကပါ ၃ ဘီးမောင်းပြီး မိသားစုကို တစ်ထောင့်တစ်နေရာက ထောက်ပံ့ဖို့ ပြုလုပ်လာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ Banjeet ဟာ ဒုတိယနှစ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း ကျောင်းပိတ်ထားတာကြောင့် အိမ်မှာပဲ နေနေရပါတယ်။ ဒီလိုအိမ်မှာ ထိုင်နေရမယ့်အတူတူ Banjeet ဟာ သူ့ဖခင်လိုပဲ ၃ ဘီးမောင်းပြီး မိသားစုကို ရှာဖွေကျွေးမွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဖခင်ဖြစ်သူကို အကူအညီတောင်းပြီး ၃ ဘီးမောင်းနည်းကို သင်ခိုင်းခဲ့ပါတယ်။ Banjeet ဟာ အချိန်ခဏလေးအတွင်းမှာတင် ၃ ဘီးကို အလွယ်တကူမောင်းနှင်နိုင်ခဲ့ပြီး အခုဆိုရင် ၃ ဘီးမောင်းကို မိသားစုကို ရှာဖွေကျွေးမွေးနေပြီပဲ ဖြစ်ပါတယ်။
“ဒီအချိန်မှာက ကိုယ်ဘာလုပ်ချင်တယ်ဆိုတာ ရွေးချယ်လို့ရတဲ့ အနေအထားမဟုတ်ပါဘူး။ ရိုးရိုးသာသားနဲ့ ပိုက်ဆံရတဲ့ အလုပ်ရှိရင် ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ လုပ်ကိုင်ရမှာပါပဲ။ အခုဆိုရင် ကျွန်မအမလည်း ကျွန်မလိုပဲ ၃ ဘီးမောင်းပြီး မိသားစုအတွက် ဝင်ငွေရှာနေပါပြီ။ ဒီခေတ်ကြီးထဲမှာ ဘယ်အလုပ်မဆို ယောကျာ်းမိန်းမ ခွဲခြားနေရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ မိန်းကလေးဆိုတာလည်း ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုစိတ်ခေါ်မှုတွေပဲလာလာ ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်နေရမှာပါ”လို့ Banjeet က Yahoo News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw