အိန္ဒြာကျော်ဇင်နဲ့ တူလွန်းတာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ သူမ

ဖေစ်ဘုတ်ပရိသတ်တွေကြားမှာတော့ နာမည်ကျော် အကယ်ဒမီ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ တူတဲ့သူတစ်ယောက်အဖြစ် နာမည်ကြီးနေတဲ့ ကချင်တိုင်းရင်းသူလေးကတော့ တော်တော်လေးကို လူပြောများနေပါတယ်။ သူမကတော့ Marip Jaseng ဆိုတဲ့ တိုင်းရင်းသူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ TikTok ဗီဒီယိုတွေကြောင့်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဖေစ်ဘုတ် အသုံးပြုသူတစ်ယောက်က အိန္ဒြာကျော်ဇင်နဲ့ တူတယ်ဆိုပြီးတော့ သူမရဲ့ TikTok ဗီဒီယိုတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ ရုပ်ချင်းဆင်ရုံသာမက အမူအရာတွေလည်း တူတာကြောင့် ပရိသတ်တွေကတော့ တော်တော်လေးသဘောကျနေကြပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ကားဇာတ်ဝင်ခန်းတွေကိုလည်း TikTok ဗီဒိယိုတွေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ တူမတူတော့ ပရိသတ်တွေပဲ ကြည့်လိုက်ကြပါဦးနော်။

Posted by Yair Yint Tun on Friday, February 22, 2019

Posted by Yair Yint Tun on Friday, February 22, 2019

Source: Marip Jaseng, Yair Yint Tun

SHARE