ပရိသတ်အားပေးမှု အခိုင်အမာရနေတဲ့ YouTube ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ To Catch a Cheater အစီစဉ်ဟာ အခုအခါမှာတော့ ချစ်သူစုံတွဲတစ်တွဲ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်စမ်းသပ်ရင်း၊ အမျိုးသမီးအလှည့်မှာတော့ စိတ်တိုင်းကျစရာ အဖြေမထွက်ခဲ့ပါဘူး။ ကနဦးတုန်းက ချစ်သူအမျိုးသား သစ္စာရှိမရှိကို ကောင်မလေးဘက်က စမ်းသပ်ခဲ့တာပါ။ ဒါပေမယ့် ကောင်လေးက ရိပ်မိနေခဲ့ပါတယ်။ ကောင်လေးက တစ်ကွက်ကျော်ပြီး ကောင်မလေးကို ပြန်စမ်းသပ်ခဲ့ပါ
တယ်။
ပြန်စမ်းသပ်တဲ့အချိန်မှာတော့ ကောင်လေး ထင်မထားတဲ့အရာတွေ စဖြစ်ပါတော့တယ်။ ထောင်ချောက်ဆင်တဲ့သူကိုတိုင်
ထောင်ချောက်ထဲ ပြန်ကျသွားတဲ့ အဖြစ်ပါ။
လင်းဇော်ကို (Shwemom)