သင် ဒီအပြုအမူတွေလုပ်တဲ့အခါ မိန်းကလေးတွေက သင့်ကို sexy ကျတယ်လို့ ထင်ကြတယ်

Olichel / Pixabay

ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ ချောမောပြီး ကြည့်ကောင်းတဲ့ မျက်နှာမျိုးလည်းမရှိဘူး။ ယောင်္ကျားပီသတဲ့ ခန္ဓာကိုယ်မျိုးလည်း မရှိဘူးဆိုရင် ပိုဆိုးပြီပေါ့။ တကယ်တော့ မိန်းကလေးတစ်ယောက်က သင့်ကိုသဘောကျဖို့ဆိုရင် သင့်အနေနဲ့ဆွဲဆောင်မှုတွေ အများကြီးရှိဖို့ မလိုပါဘူး။ တစ်ခါတစ်လေ သင် မထင်မှတ်ထားပဲ လုပ်လိုက်တာလေးတွေက သူတို့စိတ်ထဲမှာ တမျိုးလေးဖြစ်သွားစေပြီး သင်ဟာ Sexy ကျတဲ့ ကောင်လေးပါလားလို့ ထင်မှတ်သွားစေမှာပါ။

အထူးသဖြင့် ဒီလို အပြုအမူလေးတွေပေါ့…။

(၁)။ တစ်ခုခုချက်ပြုတ်ပေးနေတဲ့အချိန်

မီးဖိုချောင်ဝင်တတ်တဲ့၊ ဟင်းချက်ကောင်းတဲ့ ယောင်္ကျားလေးတွေဟာ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့အကြောင်းတော့ ပြောစရာလိုမယ်မထင်တော့ပါဘူးနော်။

olafBroeker/Pixabay

(၂)။ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဆော့နေတဲ့အချိန်

အိမ်မွေးတိရိစ္ဆာန်တွေဖြစ်ကြတဲ့ ကြောင်တွေ၊ ခွေးတွေနဲ့ ဆော့နေတဲ့အချိန်မှာ ယောင်္ကျားလေးတွေဟာ ဆွဲဆောင်မှု ရှိကြပါသတဲ့။ မိန်းကလေးတွေက အဲဒါကို သဘောကျကြတယ်ဆိုပဲ။

READ
လစာကို အဖတ်တင်အောင် ဘယ်လိုစုမလဲ..?

(၃) မနက်စောစော အိပ်ချင်မူးတူးနဲ့ ဖုန်းဆက်တဲ့အသံ

မနက်စောစော သူ့ဆီကို ဖုန်းဆက်လိုက်လို့ အိပ်ချင်မူးတူးနဲ့ ဖုန်းပြန်ဖြေတဲ့ အသံကိုလည်း မိန်းကလေးတွေ သဘောကျတတ်ကြပါတယ်။ အဲဒီအချိန်ကျရင် အသံက နဂိုအသံနဲ့တူမနေဘဲ ခပ်သြသြ ဖြစ်နေတာမို့ နားထောင်ရတာ တမျိုးလေးဖြစ်နေမှာပေါ့။

(၄)။ ကလပ်ထဲမှာ အကွက်ဆန်းတွေနဲ့လျှောက်ကနေတဲ့အချိန်

ယောင်္ကျားလေးတစ်ယောက် မကတတ် ကတတ်နဲ့ လျှောက်က နေတဲ့အချိန်ဟာ ရယ်စရာလို့ ထင်ရတတ်ပေမယ့် တချို့မိန်းကလေးတွေက အဲဒါမျိုးကို သဘောကျတတ်ကြပါတယ်။ ဒါဟာ ဟန်မဆောင်တတ်တာ၊ ချစ်စရာကောင်းတာလို့ သူတို့က ထင်ကြပြီး ကိုယ်သဘောကျတဲ့ မိန်းကလေးရှေ့မှာ အခွင့်အရေးရတိုင်း ကပြဖို့ ကြိုးစားကြပါ။

Free-Photos/Pixabay

(၅)။ ဆံပင်တွေရှုပ်ပွနေတဲ့ပုံစံ

ဆံပင်ပုံစံ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းတဲ့ကောင်လေးမျိုးကိုမှ သဘောကျကြတယ် မထင်ပါနဲ့။ တချို့မိန်းကလေးတွေအတွက်တော့ ဆံပင်တွေ ရှုပ်ပွနေတဲ့ပုံစံနဲ့၊ ဘာကိုမှဂရုမစိုက်တဲ့ မျက်နှာပေးမျိုးနဲ့ကောင်လေးတွေက ပိုပြီးတော့ ဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ကြပါတယ်။

READ
ငွေကြေးသုံးစွဲမှုကို မှတ်သားထားခြင်းရဲ့ ကောင်းကျိုး (၅) ရပ်
stokpic/Pixabay

(၆)။ တစ်ယောက်တည်းအော်ရယ်နေတဲ့အချိန်

သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် တစ်ခုခုကို သဘောကျပြီး တစ်ယောက်တည်း အော်ရယ်နေတဲ့ ယောင်္ကျားလေးမျိုးကို မိန်းကလေးတွေ သဘောကျကြပါတယ်တဲ့။

(၇)။ အားကစားလုပ်နေတဲ့အချိန်

ယောင်္ကျားလေးတွေ အားကစားလုပ်နေတဲ့ အချိန်တွေမှာလည်း ဆွဲဆောင်မှုရှိတယ်လို့ မိန်းကလေးတွေက ထင်ကြတယ်။ အားကစားပြိုင်ပွဲတွေထဲမှာ ယှဉ်ပြိုင်နေတဲ့ ယောင်္ကျားလေးတွေဟာ အနိုင်ရလိုစိတ်ကြောင့် ပိုပြီး ဆွဲဆောင်မှုရှိလာတတ်ကြတာပါ။

Linn

SHARE