ကမ္ဘာတစ်ဝန်းမှာ အိမ်သာသုံးစက္ကူနဲ့ပတ်သက်ပြီးထိတ်လန့်တုန်လှုပ်မှုတွေဆက်တိုက်ဖြစ်နေတဲ့အချိန်မှာ သြစတြးလျ ကမိန်းကလေး(၂)ယောက်ကလည်း လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။
အသက်(၆)နှစ်အရွယ် Addyson နဲ့ သူမရဲ့သူငယ်ချင်း(၄)နှစ်အရွယ် Lucy တို့ဟာ တစ်ရှူးတွေနဲ့အိမ်သာ သုံးစက္ကူတွေကို လှည်းတစ်ခုအတွင်းထည့်ပြီး Queensland ပြည်နယ်ရှိ အိမ်နီးချင်းတွေကို လှည့်လည်ဝေငှခဲ့ပါတယ်။

သူတို့ရဲ့ရည်ရွယ်ချက်ကတော့ Mareeba မြို့ရွာလေးမှာနေထိုင်တဲ့ အိမ်ထဲကအိမ်ပြင်မထွက်နိုင်တဲ့ပင်စင်စားတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးဖို့ပဲဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်သာသုံးစက္ကူပြတ်လပ်မှုတွေဖြစ်လိမ့်မယ်လို့ လူအချို့ကလွဲမှားစွာယူဆထားပါတယ်။ ဒီယူဆထားတဲ့ ရလဒ်တစ်ခုအနေနဲ့ လူတွေဟာ အိမ်သာသုံးစက္ကူတွေကိုတတ်နိုင်သမျှဝယ်ယူစုဆောင်းမှုတွေ လုပ်ဆောင်နေကြပါတယ်။
အိမ်သာသုံးစက္ကူတွေထိတ်လန့်တကြားဝယ်ယူမှုကိုရပ်တန့်ဖို့ အစိုးရ၊ ကျန်းမာရေးဌာန၊ ကုန်ပစ္စည်းပေးသွင်း သူတွေနဲ့စူပါမားကတ်တွေကတားမြစ်ခဲ့ပေမယ့် စူပါမားကတ်မှာရှိတဲ့ အိမ်သာသုံးစက္ကူတွေထားတဲ့နေရာမှာတော့ ကုန်ပစ္စည်းပြတ်လတ်မှုတွေတောင်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ Addyson နဲ့ Lucy တို့သူငယ်ချင်းနှစ်ယောက်ကတော့ အေးဆေးတည်ငြိမ်စွာနဲ့ လူတွေလိုအပ်နေတဲ့ ပစ္စည်းတွေကိုလိုက်လံဝေငှပေးခဲ့ပါတယ်။
ဒီစိတ်ကူးဟာ သူတို့ရဲ့စိတ်ကူးတွေပဲဖြစ်ပြီး Coles စူပါမားကတ်ထဲမှာ အိမ်သာသုံးစက္ကူတွေကိုမတွေ့ရတာကြောင့် လိုအပ်နေတဲ့သူတွေကို လိုက်လံဝေငှဖို့စိတ်ကူးရခဲ့တာဖြစ်တယ်လို့ သူတို့လေးတွေရဲ့အမေတွေက Daily Mail သတင်းစာကို ပြောပြခဲ့ပါတယ်။
These two youngsters have used their pocket money to stock up on toilet paper and tissues for the pensioners in their…
Posted by news.com.au on Saturday, March 7, 2020
သွားနတ်သမီးကပေးတဲ့ပိုက်ဆံတွေကိုသုံးပြီး လိုအပ်နေတဲ့သူတွေကိုပေးဖို့ အိမ်သာသုံးစက္ကူအချို့ကိုဝယ်ယူချင် တယ်လို့ Addyson ကပြောခဲ့တာကို မိခင်ဖြစ်သူ Petrina ကပြန်လည်ပြောပြခဲ့ပါတယ်။ (သွားနတ်သမီးကပေးတဲ့ပိုက်ဆံဆိုတာကတော့ ကလေးတွေသွားကျိုးသွားရင် ခေါင်းအုံးအောက်ထားအိပ်ပြီး ညအချိန်မှာ နတ်သမီးကအဲ့ဒီသွားအတွက်မုန့်ဖိုးလာပေးတာဖြစ်တယ်လို့ ဒဏ္ဍာရီဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီအတိုင်းကို ကလေးတွေကလုပ်မယ်ဆိုရင် ညအချိန်မိဘတွေက ကလေးတွေမသိအောင် ခေါင်းအုံးအောက်မှာ မုန့်ဖိုးလာထည့်ပေးထားတာပဲဖြစ်ပါတယ်။)
မိန်းကလေး(၂)ယောက် ပတ်ဝန်းကျင်ရှိအိမ်တွေကို တွန်းလှည်းထဲအိမ်သာသုံးစက္ကူတွေထည့်ပြီး လိုက်လံဝေငှနေတဲ့ပုံ တွေကို သူတို့ရဲ့အမေတွေက ချစ်စနိုးနဲ့ဓာတ်ပုံရိုက်ကူးပြီး Facebook ပေါ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံကို ထောင်နဲ့ချီတဲ့ like တွေ၊ share တွေနဲ့ comment တွေရရှိခဲ့ပါတယ်။
Pls STOP! Calm common sense would tell us if some individuals were not buying excessive numbers of toilet rolls… there would be no problem. Don’t make it difficult for the vulnerable, elderly, people with disabilities to find basic necessities. @NSWHealth pic.twitter.com/PPVnmCaoPX
— Brad Hazzard (@BradHazzard) March 7, 2020
အများကထိတ်လန့် တကြားဖြစ်နေကြချိန်မှာ ဒီမိန်းကလေးနှစ်ယောက်ကတော့ အေးအေးဆေးဆေးနဲ့ လိုအပ်နေတဲ့ သူတွေကို အိမ်သာသုံးစက္ကူတွေ လိုက်လံဝေငှပေးနေတာကို တွေ့ရတဲ့လူတိုင်းက အံ့သြချီးကျူးဂုဏ်ပြု ခဲ့ကြပါတယ်။
Thae Su