ကလေးအပြာပုံတွေ ပိုင်ဆိုင်မှုကြောင့် တရားရင်ဆိုင်နေရစဉ် အဆုံးစီရင်သွားတဲ့ Glee မင်းသား

ကမ္ဘာကျော် ဂီတဒရမ်မာဇာတ်လမ်းတွဲ Glee ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ (၃၅)နှစ်အရွယ် သရုပ်ဆောင် Mark Salling ဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုနဲ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ Salling ရဲ့ ရုပ်အလောင်းကို သူနေထိုင်ရာ လော့စ်အိန်ဂျလိစ်မြို့ ဆန်းလန်းအပိုင်းရှိ ချောင်းတစ်ခုအနီးမှာ ရှာတွေ့ခဲ့တာပါ။

Glee ရုပ်သံဇာတ်လမ်းထဲမှာ Noah Puckerman အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားဟာ ကလေးညစ်ညမ်းပုံ (၅)သောင်းကျော် ပိုင်ဆိုင်ထားမှုနဲ့ တရားရင်ဆိုင်နေရပြီး ပြစ်ဒဏ်ချမှတ်ခြင်းကို စောင့်ဆိုင်းနေခဲ့တဲ့ ကာလဖြစ်ပါတယ်။ သူမှာ ရှိတဲ့ ကလေးညစ်ညမ်းပုံတွေထဲက အချို့ဟာ လူလားပင်မမြောက်သေးတဲ့ ကလေးတွေငယ်လေးတွေရဲ့ပုံတွေ ပါဝင်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း ၎င်းအမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ Salling ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့ဖူးပြီး သူ့ရှေ့နေကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ Salling ဟာ အမှုကြောင့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး ထောင်ဒဏ် (၄)နှစ်မှ (၇)နှစ်အထိ ချမှတ်ခံရနိုင်ဖွယ်ရှိနေခဲ့ပါတယ်။

READ
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Jeff Bezos ကို ပိုင်ဆိုင်မှုတွေ ဝေမျှပေးဖို့ ဆန္ဒပြခဲ့ကြသူများ

သူ့ကို ကလေးတွေအများဆုံးရှိတဲ့ ကျောင်းဝင်းတွေ၊ ပန်းခြံတွေ၊ ကစားကွင်းတွေ၊ ရေကူးကန်တွေနဲ့ ဗီဒီယိုဂိမ်းစင်တာတွေအနားကို ဝင်ထွက်သွားရောက်ခွင့်လည်း တားမြစ်ထားခဲ့ပါတယ်။ Salling မှာ ကလေးညစ်ညမ်းပုံတွေ ပိုင်ဆိုင်ထားကြောင်း အမျိုးသမီးတစ်ဦးက ရဲတွေကို သတင်းပေးခဲ့တာဖြစ်ပြီး (၂၀၁၅)ခုနှစ်အတွင်း အင်တာနက်တည်နေရာပြမှုကို ဖွက်ပြီး ဒေါင်းလုတ်ဆွဲထားခဲ့ကြောင်း သိရပါတယ်။

Salling ဟာ သူ့ရည်းစားဟောင်း Roxanne Gorzela ကို လိင်မှုစော်ကားခဲ့မှုနဲ့လည်း စွပ်စွဲခံရဖူးပြီး ဒေါ်လာ (၂.၇)သန်း လျော်ကြေး ပေးခဲ့ရပါသေးတယ်။ ညစ်ညမ်းပုံတွေရှိကြောင်း သတင်းပေးမှုကို ပြုလုပ်ခဲ့သူမှာလည်း ရည်းစားဟောင်း Gorzela ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။

White (Shwemom)

Ref: UNILAD, The Sun

SHARE