Cristiano Ronaldo က တော့ သူ့ရဲ့ ဘောလုံးကစားတဲ့ သမိုင်းတစ်လျောက်မှာ အောင်မြင်မှု မှတ်တိုင် များစွာကို စိုက် ထူေ နတဲ့ ကမ္ဘာ ကျော် ဘောလုံးသမား တစ်ယောက်ပါ။အခုလည်း နောက်ထပ် အောင်မြင်မှု မှတ်တိုင် သစ် ထပ်ပြီး စိုက်ထူလိုက် ပါတယ်။ဒူဘိုင်းမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်းပပြုလုပ်တဲ့ Globe Soccer Awards မှာ ဒိုလေးက ရာစုနှစ်ရဲ့ အကောင်းဆုံး ကစားသမားဆု Player of the Century ဆုကို ဆွတ်ခူး ရရှိ ခဲ့ပါတယ်။အခု ဆု က တော့ ၂၀၀၁-၂၀၂၀ အတွင်း ကစားသမား တွေ ရဲ့ စွမ်းဆောင်ရည်ကို အကဲ ဖြတ် ကာ ရွေးချယ် ချီးမြှင့် ခဲ့ တာ ဖြစ်ပြီး ငါးကြိမ် တိုင် တိုင် Balon d’or ကို ရရှိ ပိုင်ဆိုင်ထားတဲ့ ဒိုလေး ကပဲ အခုဆုကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီအ ကြောင်းကိုတော့ Daily Mail နဲ့ goal.com မှာ ဖော်ပြထား တာပါ။
View this post on Instagram
ဆု ပေးပွဲကိုတော့ ဒိုဘိုင်းအားကစားကောင်စီနဲ့ ဒူဘိုင်း International Sports Conference တို့ က နေ ပူးပေါင်းကြီးမှူး ကျင်းပ ခဲ့ တာပါ။ဆု ပေးပွဲ အတွင်းမှာတော့ မကြာ သေးခင်က ကွယ်လွန် သွားပြီ ဖြစ်တဲ့ အာဂျင်တီးနားရဲ့ ၁၉၈၆ World Cup hero Diego Maradona နဲ့ Paolo Rossi တို့ ကို ချီးကျူး ဂုဏ်ပြု တဲ့ ဗီဒီယို ဖိုင် ကို ဖွင့်ပြ ခဲ့ပါတယ်။Globe Soccer Awards ကို တော့ ဒူဘိုင်းရဲ့ အမြင့်ဆုံး မိုးမျှော် တာဝါ Burj Khalifa. မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။
View this post on Instagram
ဒိုလေးက တော့ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် တုန်းကလည်း Golden Foot award ဆု ချီးမြှင့် ခံ ထားရ ပါ သေးတယ်။ ပြိုင်ဖက် Lionel Messi ကို ကျော် တက်ပြီး ဒီ ဆုကို ရခဲ့တာပါ။ဒိုလေးက တော့..”ဒီလို ဆုကြီးကို ရတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။နောက်နှစ်ကျရင် တော့ ကပ် ဆိုး ကြီး ပြီး သွား ဖို့ မျှော်လင့်ပါတယ်။ဒီဆုက ကျွန်တော့် အတွက် Motivation ရ စေ ပါတယ်.” လို့ ဆု လက်ခံရယူ ချိန် မှာ ဒိုလေးက ပြော ခဲ့ပါတယ်။ဒီနှစ်ပွဲမှာ ဆုရရှိသူတွေ က တော့..
Player of the Century 2001-2020: Cristiano Ronaldo
View this post on Instagram
Coach of the Century 2001-2020: Josep Guardiola
View this post on Instagram
Club of the Century 2001-2020: Real Madrid
View this post on Instagram
Agent of the Century 2001-2020: Jorge Mendes
View this post on Instagram
Top Title Winners of Middle East: Al-Ahly
View this post on Instagram
Player of the Year 2020: Robert Lewandowski
View this post on Instagram
Coach of the Year 2020: Hans-Dieter Flick
View this post on Instagram
Player Career Award: Iker Casillas and Gerard Piqué
View this post on Instagram
Club of the Year 2020: Bayern Munich
View this post on Instagram
#SHWEMOM