ဗီယက်နမ်နောက်ဆုံးဘုရင်ရဲ့ Rolex နာရီကိုလေလံတင်ရာ စံချိန်တင်ပေါင် ၃.၉၅ သန်းရရှိခဲ့

ဗီယက်နမ် ငုယင်  မင်းဆက်(Nguyen Dynasty)ရဲ့ ၁၃ ဆက်မြောက်မင်းဆက်ဖြစ်ပြီး ဗီယက်နမ်နောက်ဆုံးဘုရင်တစ်ပါးဖြစ်တဲ့ ဘောင်ဒိုင်(Bao Dai) ဟာ Rolex 1952 Reference 6062 မော်ဒယ်နာရီကို ၁၉၅၄ ခုနှစ်ဆွစ်ဇာလန်နိုင်ငံမှာ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ဒီနာရီဟာ နာရီဒိုင်ခွက် အမှတ်သားတစ်ချို့မှာ စိန်စီထားတဲ့ နာရီတစ်လုံးလည်းဖြစ်ပြီး ကမ္ဘာပေါ်မှာ ၃ လုံးသာ ထုတ်လုပ်ခဲ့တယ် လို့သိရပါတယ်။

ဒီနာရီကို ၂၀၀၂ ခုနှစ်တုန်းကလည်း ပေါင် တစ်သန်း ၅သောင်း ၅ထောင်ဖြင့် ရောင်းချခဲ့တာဖြစ်ပြီး ယခု ဂျနီဗာ မှာ ထပ်မံလေလံတင်ခဲ့ရာမှာတော့ မနှစ်က Rolex ကိုရောင်းချခဲ့တဲ့ စံချိန် ပေါင် ၁.၈၆ သန်းကို ကျော်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဘောင်ဒိုင်ရဲ့ Rolex ကို လေလံတင်ခဲ့တဲ့ ဖိလစ် လေလံဆိုင်မှ တာဝန်ရှိသူတစ်ဦးကတော့ ” ဒီနာရီဟာ ဖိလစ်လေလံဆိုင်ကို ၂၀၀၂ ခုနှစ်က ရောက်လာခဲ့တာဖြစ်ပါတယ်။အခုလို့ ဘောင်ဒိုင်ရဲ့ Rolex နာရီကို လေ့လံတင်နိုင်ခဲ့တာဟာ ကျွန်တော်အတွက်ဂုဏ်ယူစရာတစ်ခုပါပဲ။ဖိလစ်ဟာ ပြီးခဲ့တဲ့ နှစ်က ရောင်းချနိုင်ခဲ့တဲ့ စံချိန်တင် Rolex လေလံကို ပဲ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။Rolex အမှတ်တံဆိပ်ရဲ့ ရှားပါးမှုနဲ့ စစ်မှန်မှု၊ဘုရင်တစ်ဦးပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတစ်ခုဖြစ်နေခြင်း တို့ကြောင့် ဒီလောက်အထိ လေလံဈေးရခဲ့တာဖြစ်ပြီး ဒါဟာ ဖိလစ်လေလံဆိုင်က စုဆောင်းသူတွေကို အကောင်းဆုံးပစ္စည်းတွေပဲ တင်ဆက်ပေးတယ် ဆိုတဲ့ သက်သေတစ်ခုလည်းဖြစ်ပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။

READ
လိင်မှုကိစ္စမှာ ညံ့ဖျင်းတဲ့ဖောက်သည်ရဲ့ ဦးခေါင်းကို သေနတ်နဲ့ နှစ်ချက်ဆင့်ပစ်ခဲ့တဲ့ ဇိမ်မယ်

ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံး နာရီကတော့ ဆွစ်ဇာလန် နာရီထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Patek Philippe ရဲ့ ၁၉၄၃ မော်ဒယ်ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ က ပေါင် ၈.၅ သန်းနဲ့ ရောင်းထွက်ခဲ့တာ ဖြစ်ပါတယ်။

Arkar Hein (Shwemom)

Ref : The Sun

SHARE