ညှိနှိုင်းမှုတွေ အပြီးမှာ တရားဝင် ကွာရှင်းပြီးသွားကြပြီဖြစ်တဲ့ Goo Hye Sun နဲ့ Ahn Jae Hyun

IG/Kdramas

ဒီနေ့မှာ Gyo Hye Sun နဲ့ Ahn Jae Hyun တို့ရဲ့ ကွာရှင်းဖို့အတွက် ပထမဆုံး ညှိနှိုင်းမှုကို ဆိုးလ်မြို့ တရားရုံးမှာ စတင် ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ တရားရုံးကို သူတို့ နှစ်ဦးလုံး တက်ရောက်ခဲ့ခြင်း အလျဉ်း မရှိခဲ့ပါဘူးလို့ allkpop ကနေ ရေးသားထားခဲ့ပါတယ်။

https://www.instagram.com/p/CB8fcUgjs0B/

သတင်းတွေအရ သူတို့ နှစ်ဦးရဲ့ ရှေ့နေအသီးသီးကသာ တက်ရောက်ခဲ့ကြပြီး သူတို့ရဲ့ တရားဝင် ထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့ကြပါတယ်။ “Gyo Hye Sun နဲ့ Ahn Jae Hyun နှစ်ဦးလုံးက ကွာရှင်းမှုရဲ့ ညှိနှိုင်းမှုတွေကို ဒီကနေ့ ဇူလိုင် ၁၅ ရက်နေ့မှာ သဘောတူပါတယ်။ နှစ်ယောက်လုံးက သက်ဆိုင်ရာလမ်းတွေကို ဆက်လျှောက်ကြမှာ ဖြစ်ပြီး တစ်ယောက်ရဲ့ အနာဂတ်အတွက် တစ်ယောက်က ဝမ်းမြောက်ပေးမှာပါ။ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အများပြည်သူတွေကို အာရုံစိုက်မိစေတာမျိုး ဖြစ်စေခဲ့တဲ့ အတွက် နှစ်ဖက်လုံးက တောင်းပန်ပါတယ်။” လို့ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ နှစ်ဦးက ၂၀၁၅ ခုနှစ်တုန်းက Blood ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်နှစ်အကြာ ၂၀၁၆ မေလ မှာတော့ သူတို့ နှစ်ဦးက လက်ထပ်ခဲ့ကြပါတယ်။ မနဲ့ မောင် ဇာတ်လမ်းလေးမို့ လူတိုင်းက စိတ်ဝင်စား ဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမယ့် လက်ထပ်အပြီး ၃ နှစ်အကြာ ၂၀၁၉ စက်တင်ဘာလမှာတော့ Ahn Jae Hyun က ကွာရှင်းဖို့ စတင် လျှောက်ထားခဲ့ပါတယ်။ ၂၀၁၉ အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ Goo Hye Sun ကလည်း ကွာရှင်းခွင့်ကို လက်ခံခဲ့ပါတယ်။ အဲ့ဒီအချိန်တွေတုန်းက သူတို့နှစ်ဦးရဲ့ လူမှုရေး အငြင်းအခုန်တွေ ပရိသတ်တွေကြားမှာ ပြန့်နှံ့နေခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့ရဲ့ ကွာရှင်းမှုရဲ့ တရားရေးရာ လုပ်ထုံးအဆင့်ဆင့်တွေ ပြီးဆုံးခဲ့ပြီး ကွာရှင်းပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

Kham

SHARE