ဆုချီးမြင့်ပွဲမှ ရသမျှပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ ချက်ချင်းပြန်လှူခဲ့တဲ့ Greta

Instagram/GretaThunberg

သဘာဝပတ်ဝန်းကျင်အရေး အားတက်သရော ကြိုးပမ်းနေတဲ့ ဆွီဒင်တက်ကြွလှုပ်ရှားသူ ကောင်မလေးတစ်ယောက်ကိုတော့ အားလုံး သိကြမယ်ထင်ပါတယ်။ သူမကတော့ အသက်(၁၇)နှစ်သာရှိသေးတဲ့ Greta Thunberg ဖြစ်ပြီး၊ ကျောင်းတွင်းသဘာဝပတ်ဝန်းကျင် ပြုပြင်ရေးဆိုင်ရာ တပ်ဦးကို ဦးဆောင်ရင်း ကမ္ဘာကျော်လာသူလေးပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကတ်ကတ်လန်အောင် ရန်ထောင်ရင်း၊ သဘာဝပတ်ဝန်းကျင်အရေးမှာ ကမ္ဘာ့ခေါင်းဆောင်တွေ တာဝန်မကျေဘူးလို့ ရဲရဲတင်းတင်း ဝေဖန်တိုက်ခိုက်ရင်း Greta ဟာ တဟုန်ထိုးနာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။

သူမဟာ ဘယ်လောက်အထိ နာမည်ကြီးသလဲဆိုရင် Time မဂ္ဂဇင်းရဲ့ Person Of The Year အဖြစ် နှစ်ကြိမ်တိုင် ရွေးချယ်ခံခဲ့ရသလို၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အမည်စာရင်းမှာလည်း အရွယ်နဲ့မလိုက်ဖက်စွာ နှစ်ကြိမ်တိုင် တင်သွင်းခြင်း ခံခဲ့ရသူပါ။ ဒီလောက်ဆိုရင် သူမအကြောင်းက လုံလောက်နေပါပြီ။

အခု Greta ဟာ Gulbenkian Prize for Humanity ဆုကြီးကို လက်ခံရရှိခဲ့ပါတယ်။ ဆုကြေးငွေကတော့ ယူရိုတစ်သန်းဖြစ်ပြီး၊ ပေါင်အားဖြင့် (၉)သိန်းဖြစ်ပါတယ်။ အလွန်များပြားတဲ့ မက်လောက်စရာ ပိုက်ဆံဆိုပေမယ့် Greta ကတော့ တစ်ပြားတစ်ချပ်မှ မသုံးဘဲ သဘာပတ်ဝန်ကျင်အရေး လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေကို ပြန်လှူခဲ့ပါတယ်။

View this post on Instagram

I’m extremely honoured to receive the Gulbenkian Prize for Humanity! We’re in a climate emergency, and my foundation will as quickly as possible donate all the prize money of 1 million Euros to support organizations and projects that are fighting for a sustainable world, defending nature and supporting people already facing the worst impacts of the climate- and ecological crisis — particularly those living in the Global South.
 Starting with giving €100.000 to the SOS Amazonia Campaign led by @FridaysForFutureBrasil to tackle COVID-19 in the Amazon, and €100.000 to the Stop Ecocide Foundation (@ecocidelaw ) to support their work to make ecocide an international crime. @fcgulbenkian #facetheclimateemergency

A post shared by Greta Thunberg (@gretathunberg) on

Greta ဟာ Gulbenkian Prize for Humanity ဆုကို အလွယ်တကူ ရရှိခဲ့တာတော့ မဟုတ်ပါဘူး။ နိုင်ငံပေါင်း (၄၆)နိုင်ငံက ဒိတ်ဒိတ်ကြဲနာမည်ကျော် (၁၃၆)ဦးနဲ့အတူ အမည်စာရင်း တင်သွင်းခံခဲ့ရတာဖြစ်ပြီး၊ ဒီဆုကို ရရှိခဲ့တာပါ။ သူမရဲ့ အင်စတာဂရမ်မှာတော့ ဒီအတွက် သူမဟာ ကမ္ဘာကြီးကို ပိုကောင်းအောင်လုပ်ဖို့ တွန်းအားတွေ ဖြစ်သွားခဲ့ပြီလို့ ပြောခဲ့ပါတယ်၊။

လင်းသူရိန်

SHARE