သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူဖြစ်တဲ့ Greta Thunberg နဲ့ အမေရိကန်သမ္မတဟောင်း Donald Trump တို့ဟာ အွန်လိုင်းပေါ်မှာ မကြာခဏဆိုသလို တစ်ဦးနဲ့တစ်ဦး အဖက်မတန်သလို ဆက်ဆံနေခဲ့ကြတာပါ။ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုအတွက် ဆန္ဒပြတဲ့အနေနဲ့ Thunberg ဟာ ကမ္ဘာကိုအဆိပ်ခတ်တာရပ်တန့်ဖို့ လှုံ့ဆော်ရင်း Trump ရဲ့အမျက်ဒေါသကိုဆွခဲ့သူပါ။ Trump ကလည်း သူ့ရဲ့သမ္မတသက်တမ်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို သိပ်အလေးမပေးဘဲ လျစ်လျူရှုထားခဲ့သူဖြစ်ပါတယ်။
View this post on Instagram
ဇန်နဝါရီ ၂၀ရက်နေ့မှာတော့ ထရမ့်ပ်ဟာ သမ္မတအိမ်ဖြူတော်ကနေ ထွက်ခွာခဲ့ရပါတယ်။ ထရမ့်ပ်ရဲ့အိမ်ဖြူတော်ကနေအထွက် ရဟတ်ယာဉ်ပေါ်တက်ခါနီး ဓာတ်ပုံအောက်မှာတော့ Thunberg ဟာ Trump ကို နောက်ဆုံးအကြိမ်အဖြစ် တွစ်တာပေါ်မှာ အခုလိုလှောင်ပြောင်ခဲ့တာပါ။“ရှေ့မှာ တောက်ပကောင်းမွန်တဲ့အနာဂတ်ကိုမျှော်နေတဲ့ အရမ်းပျော်နေတဲ့လူအိုကြီးနဲ့တူတယ်။ သိပ်ကြည့်ကောင်းတာပဲ။”
He seems like a very happy old man looking forward to a bright and wonderful future. So nice to see! pic.twitter.com/G8gObLhsz9
— Greta Thunberg (@GretaThunberg) January 20, 2021
ဒါကတော့ Thunberg က Trump ကို အရင်က Trump ပြောခဲ့ဖူးတဲ့စကားနဲ့ ပြန်ခနဲ့လိုက်တာပါ။ Thunberg ဟာ ၂၀၁၉ ခုနှစ်က နယူးယောက်မှာကျင်းပတဲ့ UN ရာသီဥတုပြောင်းလဲမှုအတွက်လုပ်ဆောင်ရေး ညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို မိန့်ခွန်းခြွေခဲ့ပါတယ်။ သူမက ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကလေးတွေရဲ့အိပ်မက်တွေနဲ့ ကလေးဘဝတွေကို အနှစ်မပါတဲ့စကားလုံးတွေသုံးကာ ခိုးယူခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး အနာဂတ်လူငယ်တွေရဲ့ဘဝဟာ အစိုးရလက်ထဲမှာရှိကြောင်းနဲ့ လူငယ်တွေအပေါ်တာဝန်မကျေဘူးဆိုရင် မခွင့်လွှတ်ဘူးဆိုတဲ့အကြောင်းတွေ ဖော်ပြသွားတာ ဖြစ်ပါတယ်။
View this post on Instagram
သူမရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး အဲ့ဒီအချိန်တုန်းကတော့ Trump က “ရှေ့မှာ တောက်ပကောင်းမွန်တဲ့အနာဂတ်ကိုမျှော်နေတဲ့ အရမ်းပျော်နေတဲ့ ကလေးမလေးနဲ့တူတယ်။ သိပ်ကြည့်ကောင်းတာပဲ။” ဆိုပြီး လှောင်ခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ Thunberg ဟာ ပြန်ရွဲ့တဲ့အနေနဲ့ Trump ပြောတဲ့စကားကိုပဲ တွစ်တာပေါ်မှာသူမ bio အဖြစ်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တွစ်တာက Trump ကို အသုံးပြုခွင့်ပိတ်ပင်လိုက်ပြီဖြစ်လို့ အခုတော့ Thunberg ရေးထားတဲ့တွစ်ကို သူ့အနေနဲ့ ပြန်လည်တုံ့ပြန်ဖို့ မဖြစ်နိုင်တော့ကြောင်း forbes သတင်းအရ သိရပါတယ်။
ShweMom