ဘဝနေဝင်ချိန်မှာ ချစ်သူနဲ့လက်ထပ်သွားချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ခဲ့သူ

မကြာခင်လူလောကနေထွက်ခွာရတော့မယ့် Raul Hinojosa ဆိုတဲ့ အမျိုးသားရဲ့ စိတ်ကူးအိမ်မက် ကတော့ သူချစ်ရတဲ့ မိန်းကလေးနဲ့လက်ထပ်သွားချင်တာပါ။အောက်တိုဘာလ(၂၂) ရက်နေ့လောက် က တည်းက သွေးကင်ဆာကြောင့် အမေရိကန် တက္ကဆက်ပြည်နယ် Baptist St. Anthony    ဆေးရုံ မှာ ဆေးကုသမှု ခံယူနေခဲ့ရ တာပါ။ ဒီလိုနဲ့ပဲ အချိန်တွေကုန်လာခဲ့ပြီး နောက်ဆုံးလူ့လော ကနေထွက်ခွာရတော့မယ့် (၃၈)နာရီလောက်အလိုမှာတော့ သူ့ရဲ့ အိမ်မက်အတိုင်း ဆေးရုံမှာပဲ ချစ်သူနဲ့လက်ထပ်ပွဲ ဆင်နွှဲသွားခွင့်ရခဲ့ပါတယ်။

HT-raul-and-yvonne-hinojosa-hospital-wedding-1-jt-161217_16x9_992

(၂၀၁၂)ခုနှစ်တည်းက ရောဂါနဲ့တိုက်ပွဲဝင်လာခဲ့ရတဲ့ Hinojosa ဟာ ဒီတစ်ကြိမ် မှာတော့ လက်မြှောက်အရှုံးပေးလိုက်ရပါတယ်။(၂၀၀၇)ခုနှစ်ကတည်းက လက်ထပ်ခွင့်တောင်းခံခဲ့တဲ့ ချစ်သူမိန်းကလေး Yvonne Lamas ကိုမသေခင်လေးမှာ လက်ထပ်သွားချင်တယ် လို့ ဆေးရုံ သူနာပြုတွေကို တောင်းဆိုခဲ့တာပါ။သားနှစ်ယောက်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ကျန်းမာရေးအခြေအေ နကြောင့် လက်ထပ်ပွဲဟာ နှောင့်နှေးခဲ့ရတာပါ။

READ
Relationship တစ်ခုမှာ တကိုယ်ကောင်းဆန်တဲ့ယောကျာ်းတစ်ယောက်ရဲ့ အပြုအမူများ

s073018909

“ကျွန်တော်သူ့ကို လက်ထပ်ချင်တယ်။သူ့ကိုပိုင်ဆိုင် သွားချင်တယ်လို့”Hinojosa ကပြောပါ တယ်။သူနာပြုတွေကတည်း အနီးအနားက တရားရုံးကို အကူအညီတောင်းပြီး သူတို့အတွက် တရားဝင်လက်ထပ်မှတ်ပုံတင်ပေးခဲ့သလို၊ မင်္ဂလာကိတ် နဲ့မင်္ဂလာပန်းစည်းကို ပြင်ဆင်ပေး ခဲ့ကြပါတယ်။

https _blueprint-api-production.s3.amazonaws.com_uploads_card_image_321048_0d8a5fc9-a4d5-4746-95c4-3b28666fec68

အဖြူရောင်ဂါဝန်ဝတ်ဆင်ထားတဲ့ သတို့သမီးဖြစ်သူကလည်း “သူကျမကိုတခါမှ ဒီဝတ်စုံနဲ့ မမြင်ဖူးသေးဘူး။ကျမလည်းသူ့ကို ဒီလိုဝတ်စုံနဲ့ မမြင်ဖူးဘူး။သူတကယ်ပဲ အရမ်းကြည့်ကောင်းနေ တယ်လို့ ” ပြောခဲ့ပါတယ်။“သူက ကျွန်တော့်ဘ၀တစ်ခုလုံး ကို ပြောင်းလဲပစ်ခဲ့သူပါ” လို့မသေ ခင်လေးမှာပြောသွားခဲ့တဲ့ သတို့သား Raul Hinojosa  ကတော့ ချစ်သူနဲ့လက်ထပ်ပြီး နောက် တစ်ရက်မှာပဲ ကွယ်လွန် သွားခဲ့ပါတယ်။

Ref; New York Post

SHARE