မင်္ဂလာဆောင်အကြောင်း မပြောခင် အရင်ဆုံး သူတို့တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Gwyneth Paltrow ကိုတော့ အားလုံးက Iron-Man ရဲ့ ဇနီးအဖြစ် အားလုံးက သိကြမှာပါ။ နောက်မင်းသမီး Dakota Johnson ကတော့ Fifty Shades of Grey ထဲက မင်းသမီးလေးပေါ့။ သူတို့နှစ်ယောက်ဟာ ထူးခြားတဲ့ ပတ်သက်မှုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။
အဲဒါကတော့ Dakota Johnson အခု လက်ထပ်မယ့် ခင်ပွန်းလောင်းဟာ Gwyneth Paltrow ရဲ့ အရင်ခင်ပွန်းဟောင်းပဲဖြစ်ပါတယ်။ Chris Martin နဲ့ Dakota Johnson တို့နှစ်ယောက်ဟာ ၃ နှစ်လောက်တွဲခဲ့ပြီးနောက် အခုတော့ လက်ထပ်တော့မယ်ဆိုပြီး တရားဝင်ပြောလာခဲ့ကြပါတယ်။
View this post on Instagram
၂၀၂၀ အစောပိုင်းလောက်ကတည်းက Gwyneth ဟာ မင်းသမီးအပြင်ကိုမှ wedding planner ကိုလည်း စပြီး လုပ်နေခဲ့တာပါ။ ကိုဗစ်ကာလအတွင်းလုပ်တဲ့ မင်္ဂလာဆောင်တွေအတွက် အထူးစီစဉ်ပေးရတာပေါ့။
View this post on Instagram
အခုလည်း သူမရဲ့ ခင်ပွန်းဟောင်း မင်္ဂလာထပ်ဆောင်တော့မယ်ဆိုတော့ Gwyneth အနေနဲ့ အစစအရာရာ စီစဉ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ ဖြစ်လာတယ်ဆိုတာကလည်း Dakota ကိုယ်တိုင်ကိုက အကူအညီတောင်းခဲ့လို့ပဲဖြစ်ပါတယ်တဲ့။
အမျိုးသားတစ်ယောက်တည်းကို လက်ထပ်ခဲ့ကြပေမယ့်လို့ Gwyneth ရော Dakota ရောဟာ တစ်ယောက်ကိုတစ်ယောက် တကယ့်ကို ညီအစ်မတွေလို ချစ်ခင်နေခဲ့ကြတာ့ပါ။ ဒါကြောင့် မင်္ဂလာဆောင်ကို စီစဉ်ပေးရုံတင်မကဘဲ Gwyneth ဟာ သတို့သမီးအရံတောင်လုပ်ပေးဖို့ အစီအစဉ်စွဲခဲ့တာပါ။
View this post on Instagram
မင်္ဂလာဆောင်ကိုတော့ ဘယ်နေရာမှာလုပ်မယ်၊ ဘယ်ရက်မှာပွဲဖြစ်မယ်ဆိုတာတွေကိုတော့ မပြောထားသေးပါဘူး။
View this post on Instagram
View this post on Instagram
penny