ဖုန်းပေါ်မှာညစ်ညမ်းဝက်ဘ်ဆိုဒ်ကြည့်တတ်သူများကို Hackerများအာရုံစိုက်လာ

ဖုန်းပေါ်မှာ ညစ်ညမ်းဝက်ဘ်ဆိုဒ်များကို ကြည့်တတ်သူများအနေနဲ့ ယနေ့နည်းပညာခေတ်ကြီးထဲမှာ ပိုမိုသတိထားရတော့
မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဟတ်ကာတွေဟာ အချက်အလက်တွေကို ခိုးယူဖို့ ညစ်ညမ်းဝက်ဘ်ဆိုဒ်နဲ့ ညစ်ညမ်း
Appတွေကို အသုံးပြုနေကြပါတယ်။

အချို့Appတွေက ဖုန်းထဲကိုဝင်ပြီးသွားရင် ပြန်ပြိး unistallလုပ်လို့လည်း မရတော့ပါဘူး။ အဲ့ဒိappကတစ်ဆင့် သင့်ဖုန်း
ထဲက အချက်အလက်တွေကို သင်အင်တာနက်ဖွင့်တိုင်း ဟတ်ကာဆီကိုပို့ပေးနေမှာဖြစ်ပါတယ်။ သင့်ရဲ့ passwordတွေ၊
သင့်ရဲ့ဘဏ်အကောင့်အချက်အလက်တွေ အစရှိသဖြင့် သင့်ဖုန်းပေါ်က အချက်အလက်တွေကို Appက ဟတ်ကာဆီကို
ပြန်ပို့ပေးနေမှာဖြစ်ပါတယ်။

အင်တာနက်လုံခြုံရေးသုတေသနပြုလုပ်သူ Alex Dubrovskyက ဒီလိုမျိုးAppတွေကို အသေးစိတ်လေ့လာနေသူဖြစ်
ပါတယ်။ ဒီAppတွေဝင်သွားတဲ့ဖုန်းတွေဟာ တစ်ခါတစ်လေ Screen Lockဖြစ်နေတာမျိုးတောင် ဖြစ်တတ်တယ်လို့
ဆိုပါတယ်။  “ကျွန်တော်တို့ ဒီလို Appမျိုးတွေ ၁၀၀ကျော်ကိုတွေ့ပြီးပါပြီ။ ဒီAppတွေထဲမှာ Malwareတွေပါဝင်နေပြီး
နောက်ကွယ်က ဘယ်သူက ကြိုးကိုင်နေသည်ဖြစ်စေ ထိုလူဟာ ဖုန်းပိုင်ရှင်ရဲ့ အချက်အလက်တွေကို ခိုးယူဖို့ဆိုတာ
သေချာပါတယ်။”လို့ Dubrovskyကပြောခဲ့ပါတယ်။ “အခုလောလောဆယ်တော့ ဒီAppတွေဟာ အချက်အလက်တွေ
ခိုးယူတာ သိပ်မတွေ့ရသေးပေမယ့် ဒါဟာ စိုးရိမ်စရာကောင်းတဲ့အခြေအနေပါ။ နောက်ကွယ်က ဟတ်ကာတွေဟာဒီလို
Appမျိုးတွေကိုအခုမှစထွင်နေပြီး တိုးတက်အောင်ကြိုးစားနေတယ်ဆိုတာထင်ရှားပါတယ်”လို့ သူကဆက်ပြောပါတယ်။

READ
ဖုန်းက ရေစိုခံလား/မခံလားဆိုတဲ့ကိစ္စနဲ့ သြစီမှာ ပြဿနာတက်နေတဲ့ Samsung

Shwemomပရိတ်သတ်ကြီးထဲက ဒီလိုမျိုးဖုန်းပေါ်မှာ ညစ်ညမ်းဝက်ဘ်ဆိုဒ်ကြည့်တဲ့ ပရိတ်သတ်ရှိရင်လည်း သတိထား
ကြအုံးနော်။ ဖုန်းပေါ်မှာ Mobile Bankingလို Appမျိုးရှိနေရင် မိမိရဲ့ဘဏ်အချက်အလက်တွေပါသွားနိုင်ပါတယ်။

Source: metro

shwemom

SHARE