JB နဲ့ တရားဝင် သက်ဆိုင်သွားပြီဖြစ်ကြောင်း နည်းလမ်းတစ်မျိုးနဲ့ အသိပေးလိုက်တဲ့ Hailey

Justin Bieber နဲ့ Hailey Baldwin တို့ကတော့ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက လက်ထပ်ပြီးပြီဆိုတဲ့ ကောလဟာလတွေ ထွက်ခဲ့ပါတယ်။ မင်္ဂလာပွဲ မကျင်းပရသေးတာကြောင့် သူတို့နှစ်ယောက် တရားဝင် အကြင်လင်မယား ဖြစ်လား မဖြစ်လားဆိုပြီးလည်း ပရိသတ်တွေ စဉ်းစားစရာဖြစ်ခဲ့ပေမယ့် JB ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ တုန်းက “My wife is awesome” ဆိုတဲ့ caption လေးနဲ့ စုံတွဲပုံ တင်ခဲ့တာကြောင့် သူတို့ လက်ထပ်ပြီးပြီဆိုတာ ထပ်ပြီး အတည်ပြုလိုက်တာပါပဲ။

Instagram

လတ်တလောမှာ စုံတွဲက သူတို့နှစ်ယောက်စလုံးရဲ့ အင်စတာဂရမ်အကောင့်တွေမှာ ချစ်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေလည်း မကြာခဏ တင်နေတတ်ကြပြီး ဟန်းနီးမွန်းမှာလည်း ပျော်ရွှင်နေပုံပေါ်ကြပါတယ်။ JB တို့ စုံတွဲက ပထမဆုံးမှာတော့ ချစ်သူဘဝ၊ နောက်တော့ လက်ထပ်ခြင်း၊ အခုနောက်ဆုံးမှာတော့ ဇနီးက ချစ်ခင်ပွန်းရဲ့ နာမည်ကို တရားဝင် ပြောင်းယူလိုက်ပြီပဲဖြစ်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့တုန်းက Hailey က သူမရဲ့ အင်စတာဂရမ်အကောင့်နာမည်ကို Hailey Bieber လို့ ပြောင်းလဲလိုက်တာပါ။

READ
သီလရှင်အဖြစ်နဲ့ အလှူအတန်းတွေ ပြုလုပ်နိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ နန်းစန္ဒာလှထွန်း
Instagram

သူမရဲ့ အကောင့်ကို @hailybieber လို့ ပြောင်းလိုက်တာဖြစ်ပြီး နာမည်နေရာမှာတော့ Hailey Rhode Bieber လို့ ရေးထားပါတယ်။ JB ရဲ့ ဇနီးသည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ပြသလိုက်တဲ့ ပထမဆုံး အမှတ်အသားဖြစ်ပြီး အနောက်က Bieber ဆိုတဲ့ နာမည်ကို ယူမှည့်ရတာ ဂျေဘီ့ fan တိုင်းရဲ့ အိပ်မက်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ယခင်တစ်ပတ်က Hailey ရဲ့ ig အကောင့်နဲ့ ပတ်သက်လို့ တခြားသတင်းရှိပါသေးတယ်။ Hailey က Selena Gomez ပရိသတ်ရဲ့ အကောင့်ကို follow လုပ်ပြီး unfollow ပြန်လုပ်လိုက်တယ်ဆိုတဲ့ သတင်းကလည်း ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါသေးတယ်။ Hailey တစ်ယောက် Selena နဲ့ ပတ်သက်လို့ လိုက်ရှာဖွေကြည့်နေပုံပါပဲ။

READ
မော်လ်ဒိုက်ကမ်းခြေမှာ စိတ်လွတ်ကိုယ်လွတ်အပန်းဖြေနေတဲ့ သင်ဇာဝင့်ကျော်
Instagram
Instagram

Ref: TMZ, The Cut, Harper Bazaar

SHARE