အင်ဒီယားနား ဂျုံးစ် ဇာတ်ဆောင်အသစ်ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်ခဲ့တဲ့ ဟယ်ရီဆင်ဖို့ဒ်

Indiana Jones ဇာတ်ကားကို တစ်ဖန် ဆန်းသစ်ရိုက်ကူးဖို့နဲ့ ပတ်သက်တဲ့ အကြုံပြုချက်တွေကို မင်းသားကြီး ဟယ်ရီဆင်ဖိုဒ့်ရဲ့ မိသားစုက ပယ်ချခဲ့တယ်လို့ yahoo လိုက်ဖ်စတိုင်လ်ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ဖို့ဒ်က သူနေရာမှာ နောက်ထပ် မင်းသားမှ သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ The Today Show မှာလည်း အင်ဒီးယားနာ ဂျုံးစ်က သူမရှိတော့တာနဲ့ ကွယ်ပျောက်သွားမှာပဲလို့ ပြောခဲ့ပါတယ်။

မင်းသားအငယ်တွေနဲ့ ပြန်ရိုက်ဖို့လုပ်နေတယ်လို့ ကောလဟာလထွက်တုန်းက Chris Pratt ဟာ ယင်းနေရာအတွက် စိတ်ဝင်းစားနေတယ်လို့ ထွက်ခဲ့တာဖြစ်ပါတယ်။ ဖိုဒ့်ရဲ့ တခြား ကျော်ကြားတဲ့ ဇာတ်ရုပ်ကတော့ Star Wars ရဲ့ Han Solo ဖြစ်တယ်။ ၄င်းအနေနဲ့ Han Solo ထက် Indiana Jones ကို ပိုတွယ်တာပုံပေါ်တယ်။

READ
(၂၀၁၈)အတွက် အမေရိကရဲ့ အချမ်းသာဆုံး ဆယ်လီများ
Inverse

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ  ၁၉၈၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Indiana Jones ရဲ့ ပထမဆုံး ဇာတ်ကား Raiders of the Lost Ark ကတည်းက အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ဖြစ်ပါတယ်။ အဲ့ဒီ့က စလို့ ထုတ်လုပ်ရေးရဲ့ ပင်တိုင်ဖြစ်လာခဲ့တယ်။

Paramount Pictures

အဲ့ဒီ့နောက် ၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Indiana Jones and the Temple of Doom ရယ် 1989 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Indiana Jones and the Last Crusade ရယ် စတဲ့ ဇာတ်လမ်းတွေမှာလည်း ဆက်လက် သရုပ်ဆောင်ခဲ့တယ်။

READ
သေချာပေါက် ကြည့်သင့်တဲ့ ဘောလိဝုဒ်နိုင်ငံရေး ဇာတ်ကား(၄) ကား
Shutterstock/shwemom

နောင် ဆယ်စုနှစ် နှစ်စုလောက် အကြာ ၂၀၀၈ ခုနှစ်မှာတော့ ဖို့ဒ် ဟာ Indiana Jones and the Kingdom of the Crystal Skull  တစ်ခါပြန် ပါဝင်လာခဲ့တယ်။ MovieWeb ရဲ့ ဖော်ပြချက်အရ (၅)ကားမြောက် ဇာတ်ကားကို ဒါရိုက်တာ စတီဗင် စပီးလ်ဘတ်နဲ့ ရိုက်ကူးဖို့ရှိနေပြီး ၂၀၂၁ မှာ ထွက်နိုင်အောင် မှန်းထားကြောင်း သိရပါတယ်။

Matthew (ShweMOM)

SHARE