လက်စတာကိုဓာတ်ပုံတစ်ပုံနဲ့ သတိပေးခြိမ်းခြောက်လိုက်တဲ့ဟယ်ရီကိန်း

လက်စတာဟာ ဝက်စ်ဟမ်ကို သရေကျပြီး အမှတ်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလို သရေတစ်မှတ်ပဲ ရချိန်မှာ စပါးအသင်းရဲ့
တိုက်စစ်မှုး ဟယ်ရီကိန်းကတော့ ဓာတ်ပုံတစ်ပုံကို Twitterပေါ်တင်ပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။

Foxes(မြေခွေး)လို့နာမည်ပြောင်ရတဲ့ လက်စတာအသင်းသရေကျပြီးနောက်မှာ ဟယ်ရီကိန်း က အင်စတာဂရမ်
ပေါ်မှာ မြွေခွေးတွေကို အမဲလိုက်မယ့်အသွင်နဲ့ ခြင်္သေ့တစ်အုပ်ရဲ့ပုံကို တင်ခဲ့ပါတယ်။ လက်စတာဟာ ဝက်စ်ဟမ်း
အသင်းကို ဗာဒီရဲ့သွင်းဂိုးနဲ့ နိုင်နေခဲ့ပေမယ့် ၈၄မိနစ်နဲ့ ၈၆မိနစ်မှာ ၂ဂိုးဆက်တိုက်ပြန်ပေးခဲ့ရ့ပါတယ်။ ဒါပေမယ့်
လက်စတာက ဇွဲမလျော့ပဲ ကြိုးစားခဲ့တာကြောင့် ပင်နယ်တီအခွင့်အရေးရခဲ့ပြီး တစ်မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Harry-Kane-Lion-instagram-post

 

ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးစာရင်းမှာ ဗာဒီနဲ့အတူ ၂၂ဂိုးနဲ့ရပ်တည်နေပါတယ်။ ဟယ်ရီကိန်း
တင်တဲ့ ခြင်္သေတွေလို မြေခွေးတွေကိုတကယ်ပဲ နှိမ်နင်းနိုင်မလားဆိုတာကတော့ လက်ကျန်ပွဲတွေစောင့်ကြည့်ရ
အုံးမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ လက်စတာဟာ ၃၄ပွဲကစားထားပြီး ၃၃ပွဲကစားထားတဲ့ စပါးကို၈မှတ်
ဖြတ်ထားပါတယ်။

READ
၂-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Source:mirror

shwemom post photo

SHARE