လူကြိုက်များ ခေတ်စားခဲ့တဲ့ ‘Pokemon Go’ AR game ထုတ်လုပ်ရေးကုမ္ပဏီ Niantic Labs ဟာ Harry Potter ရဲ့ မှော်လောကကြီးကို augmented-reality မိုဘိုင်းဂိမ်းအဖြစ် ၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

Warner Bros.Interactive Entertainment ရဲ့ အသစ်တိုးချဲ့လိုက်တဲ့ Portkey Games ဌာန နှင့်တွဲဖက်ပြီး “Harry Potter: Wizards Unite” အမည်ရှိ augmented-reality ဂိမ်းကို Nicantic Labs က စတင်ဖန်တီးနေပြီဖြစ်ကြောင်း TechCrunch သတင်းဌာနက ဖော်ပြထားတာပါ။

စာရေးဆရာမ J.K Rowling ရဲ့ နာမည်ကျော် Harry Potter ဇာတ်လမ်းတွဲစာအုပ်များနဲ့ Warner Bros ရဲ့ ရုပ်ရှင်တွေကို အခြေခံထားတဲ့ Harry Potter ဂိမ်းအသစ်ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ခုထိမသိရသေးပါဘူး။ သတင်းတွေအရတော့ ဂိမ်းကစားသူများဟာ မှော်လောကကို လက်တွေ့ အပြင်လောကနဲ့ တွဲဖက်ကာ စမတ်ဖုန်းများကို အသုံးပြုပြီး ကစားရမယ့်ပုံစံဖြစ်ကြောင်း ခန့်မှန်းသိရှိရပါတယ်။ WB Interactive နှင့် Niantic Labs ရဲ့ ကိုယ်စားလှယ်များကတော့ နောက်ထပ်အချက်အလက် မေးခွန်းများအတွက် တုန့်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရပါတယ်။
SiThu (Shwemom)