Harry Stylesနဲ့လေယာဉ်မယ်လေးတို့ရဲ့ တိတ်တခိုးဇာတ်လမ်း

Harry Styles တစ်ယောက် အမေရိကန်လေယာဉ်မယ် တစ်ယောက်နဲ့ တိတ်တခိုးတွဲနေတဲ့ ဇာတ်လမ်းအခုရက်ထဲ
မှာ သတင်းစာမျက်နှာတွေပေါ်ရောက်လာခဲ့ပါတယ်။ အသက်၂၄အရွယ် Megan Smithဆိုတဲ့ လေယာဉ်မယ်လေး
ဟာ Private Jetတစ်ခုမှာ လေယာဉ်မယ်လုပ်ခဲ့ရာကနေ Harry နဲ့တွေ့ခဲ့တာဖြစ်ပါတယ်။

2

သူတို့နှစ်ယောက်တွဲနေတတာကို ၂ယောက်စလုံးက လျှို့ဝှက်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့၂ယောက်ရဲ့ရင်း
နှီးမှုဟာ One Directionအဖွဲ့ ကွဲပြဲမှုတွေဖြစ်တဲ့ အချိန်မှာ ပိုပြီးနီးစပ်လာခဲ့တာလည်းဖြစ်ပါတယ်။ အမည်မဖော်လို
တဲ့ Harryရဲ့ သူငယ်ချင်းတစ်ယောက်က “Harryနဲ့Meganတို့ဟာ Private Jetတစ်ခုပေါ်မှာ စတွေ့ခဲ့တာပါ။ သူ
တို့၂ယောက်က မြင်မြင်ချင်းပဲ အချင်းချင်းသဘောကျခဲ့ကျပြီး ခဏခဏလည်း ချိန်းတွေ့ခဲ့ကြပါတယ။ Harryဟာ
သူမကို ပိုပိုပြီးချစ်လာတာလည်း တွေ့ရပါတယ်။”လို့ဆိုခဲ့ပါတယ်။

Harryတစ်ယောက် Meganနဲ့မှ ခြေငြိမ်သွားမလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

shwemom post photo (1)

Source: thesun.co.uk

 

 

SHARE