အာဏာရှင်တစ်ဦးရဲ့ဖိအားပေးမှုကြောင့် စိတ်မပါပဲ မင်္ဂလာဆောင်ခဲ့ရတဲ့ သတို့သမီး

Tajikistan နိုင်ငံရဲ့ အာဏာရှင်ခေါင်းဆောင်က အတင်းအကြပ်ပြုလုပ်ပေးတဲ့ မင်္ဂလာပွဲတစ်ခုပါ။ ဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေအရ သတို့သမီးက မိမိအိမ်ထောင်ဖက်ကိုကြည့်ဖို့တောင် ငြင်းဆန်နေတာကို တွေ့ရပါလိမ့်မယ်။

သက်ဦးဆံပိုင် အုပ်ချုပ်သူတစ်ဦးဖြစ်တဲ့ Emomali Rahmon က သတို့သား Saidsho Asrorov အတွက် သတို့ သမီးတစ်ဦးရှာပေးဖို့ အမိန့်ချခဲ့ကြောင်း The Sun သတင်းစာမျက်နှာက ဖော်ပြခဲ့ပါတယ်။ ဒီနောက်မှာတော့ သတို့သားရဲ့ ပြုံးပျော်နေတဲ့ မျက်နှာကို မြင်တွေ့ရမှာပါ။

အာရုံဖမ်းစားနိုင်လောက်တဲ့ ပုံပါမြင်ကွင်းတွေက Tajikistan အာဏာရှင် ခေါင်းဆောင်ရဲ့ ဖိအားပေးခံရတဲ့ လက်ထပ်ပွဲပါ။ မင်္ဂလာပွဲမှာမြင်နေရတဲ့ သတို့သမီးရဲ့ စိတ်မချမ်းမသာဖြစ်နေတဲ့ ပုံပါ။

Emmomali Rahmon က အိမ်ထောင်ဖက်ရှာဖွေရေး ကော်မတီတစ်ခုကို Saidsho Asrorov အတွက် သတို့သမီးကောင်းတစ်ဦး ရှာခိုင်းခဲ့ပါတယ်။ အဲ့ဒီမှာ Marjona Hudoidodva ကို သွားတွေ့တာပါ။

တွေ့ရတဲ့ ဓာတ်ပုံ၊ ဗီဒီိယိုတွေအရ သတို့သမီးက သတို့သားကို ကြည့်တောင် မကြည့်ပဲ မျက်လွှာချနေခဲ့ပါတယ်။

Marjona Hudoidodova ဆိုတဲ့ အသက် ၂၂ အရွယ် မိန်းမပျိုလေးဟာ အောင်သွယ်ကော်မတီက သင့်တော်ကောင်းမွန်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ပေးခြင်းခံရသူပါ။

မင်္ဂလာပွဲဓာတ်ပုံတွေအရ သတို့သမီးက ပျော်ရွှင်တဲ့ပုံကိုမရှိတာပါ။ သူတို့သား Asrorov က အသက်၂၃နှစ်ပါ။ သမိုင်းပညာရပ်သင်ပြတဲ့ ကျောင်းဆရာတစ်ဦးဖြစ်ပြီး ငွေကြေးလည်း မတောင့်တင်းပါဘူး။ နောက်ပြီးတော့ သူမမှာ ပြင်ဆင်ဖို့အချိန်လည်းသိပ်မရှိခဲ့ပါဘူး။

READ
အခမဲ့ လေ့လာကြည့်ရှုခွင့်ပြုလိုက်တဲ့ Digital Library ၊ Streaming နဲ့ Audio Book များ

မွတ်ဆလင်နိုင်ငံဖြစ်တဲ့ Tajikistan မှာ ဒီလိုမျိုးကြိုတင်စီစဉ်ထားတဲ့ လက်ထပ်ပွဲမျိုးဆိုတာက ပုံမှန်ဖြစ်နေကြပါ။ ဒါပေမယ့် သမ္မတကိုယ်တိုင်က မြှားနတ်မောင်လုပ်ပေးတယ် ဆိုတဲ့ ကိစ္စမျိုးကျတော့ ရှားပါတယ်။

Tajik အာဏာရှင်ခေါင်းဆောင်ဟာ သူ့ရဲ့ ပြီးဆုံးသွားပြီဖြစ်တဲ့ ဆိုဗီယက်သမ္မတ စနစ်နဲ့ ရာစုနှစ်ရဲ့ လေးပုံတပုံလောက်ကို အုပ်ချုပ်ခဲ့ပါတယ်။ သူတက်ရောက်ခဲ့ကြတဲ့ စည်းဝေးပွဲတစ်ခုမှာ Asrorov က ချီးမွမ်းတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ပြခဲ့ပါတယ်။

ရွတ်ဖတ်ပြပြီးတဲ့နောက် Asrorov က ကျွန်တော် မိန့်ခွန်းပြောနေတုန်းမှာ အတော်လေးစိုးရိမ်ပြီး စိတ်လှုပ်ရှားနေခဲ့ပါတယ် လို့ ပြောပါတယ်။

ပြီးတော့ သူက RFE/RL ကိုပြောပါတယ်။ ” သမ္မတက ကျွန်တော့ဘ၀အကြောင်းနဲ့ မိသားစုအကြောင်းကိုမေးတယ်။ ပြီးတော့ ကျွန်တော့်ကို လက်ထပ်ပြီးပြီလားမေးတယ်လေ။ ကျွန်တော်က မထပ်ရသေးဘူးလို့ ဖြေလိုက်တယ်။ အဲဒါနဲ့ သမ္မတက ခရိုင်ခေါင်းဆောင်ကို ကျွန်တော့်အတွက် သတို့သမီးရှာပေးဖို့ ညွှန်ကြားလိုက်တယ်။ အဲဒီမှာ Marjona ကိုသွားတွေ့တာပဲလို့ ပြောပါတယ်။ ”

Rahmon ရဲ့ အမိန့် ရရာကနေပြီး လက်ထပ်ပွဲကျင်းပတဲ့ အထိ ၁၀ရက်သာ အချိန်ကြာပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။ သတို့သားက သူနာပြု Marjona ကို ပွဲတစ်ခုမှာတွေ့ဖူးပါတယ်။ အဲဒီမှာကတည်းက သတို့သားက နှစ်သက်နေခဲ့ပါတယ်။ သူတို့သမီးကတော့ သူတို့သားကို မမြင်ဖူးပါဘူး။

READ
၂၀၁၈ အကုန်မှာ ခေတ်စားလာတဲ့ ပုရိသတို့ရဲ့ ပန်းမုတ်ဆိတ်များ

လက်ထပ်ပွဲမှာလည်း သူမက သူတို့သားနဲ့ အကြည့်ချင်းရှောင်နေခဲ့ပါတယ်။ သူမက ” အောင်သွယ်တော်တွေက ကျွန်မမိဘတွေကို လာဆက်သွယ်ပါတယ်။ မိဘတွေကလည်း လက်ထပ်ပြီးတဲ့နောက် အလုပ်ဆက်လုပ်ခွင့်ပေးတဲ့ အမျိုးသားကိုပဲ လက်ခံဖို့ သဘောတူကြပါတယ်။ ကျွန်မကလည်း ဆေးရုံမှာ သူနာပြုအလုပ်ကို ဆက်လုပ်ချင်ပါတယ်။” လို့ဖြေကြားခဲ့ပါတယ်။

အချို့ဓာတ်ပုံတွေမှာ သူမက ကြမ်းပြင်ကို တည်တည်ငြိမ်ငြိမ်နဲ့ စိုက်ကြည့်နေပါတယ်။ သတို့သားဖြစ်သူနဲ့ ပျော်ရွှင်မှုကို မမျှဝေခဲ့ပါဘူး။ သူမက ဒေသခံသတင်းဌာန တစ်ခုကိုအခုလိုပြောပြပါတယ်။ ” ကျွန်မသတို့သားက ကျွန်မ အလုပ်ဆက်လုပ်မယ်ဆိုတာကို သဘောတူခဲ့ပါတယ်။ လက်ရှိအထိတော့ဖိအားပေးတာ မရှိပါဘူး။”

အောင်သွယ်တော်တွေက Marjona ဟာ Gulzor ရွာရဲ့ ခေတ်ပညာတတ် အမျိုးသမီးကောင်းလေးတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတက ၀င်စွက်ဖက်တာကြောင့် ပြည်နယ်က ပေါင် ၁၄၀၀ လောက်ရှိတဲ့ ကုန်ကျငွေကို ပေးခဲ့ပါတယ်။

ဝေဖန်မှုတွေရှိနေတဲ့ ဒီမင်္ဂလာပွဲမှာ မင်္ဂလာဆောင်ပြီးတဲ့နောက်မှာ ဘာဆက်လုပ်ရမယ်ဆိုတာကို သမ္မတရဲ့ အကူအညီ မယူဘဲနဲ့  သတို့သားသိမယ်လို့ မျှော်လင့်တယ်လို့ တစ်ယောက်ကပြောထားပါတယ်။ လူများစုကတော့ သူတို့သမီးရဲ့ မျက်နှာပေးအမူအရာကို ကြည့်ပြီး ဒီမင်္ဂလာပွဲက လက်ခံနိုင်ဖွယ်မရှိဘူး ၊ တစ်ခုခုတော့ လွဲနေတယ် လို့လည်း ပြောကြပါတယ်။

SHARE