အခင်ဆုံးသူငယ်ချင်း(၅)ဦးရှိတဲ့အမျိုးသမီးတွေက တခြားအမျိုးသမီးတွေထက်ကလေးရနိုင်ချေများ

ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေ ငါးဦးနဲ့အထက်ရှိတဲ့ အမျိုးသမီးတွေဟာ တခြားအ မျိုးသမီးတွေထက်ပိုပြီး မျိုးအောင်နိုင်ချေပိုများတယ်လို့ သိရပါတယ်။လေးနက်တဲ့ အမျိုးသမီးအချင်းချင်းမိတ်ဆွေဆက်ဆံရေးတွေက အမျိုးသမီးတွေရဲ့ ဟော်မုန်း နဲ့ရာသီစက်ဝိုင်းတို့ကို စိတ်ဖိစီးမှုတွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ေ အာ က်စဖို့ဒ်တက္ကသိုလ်ရဲ့ပါမောက္ခRobin Dunbar ကပြောရာမှာ Relation sh ips ကျယ်ပြန့်မှုအနေအထားက ဟော်မုန်းတွေအပေါ် သက်ရောက်မှုရှိကြောင်း၊ စိတ်ဖိစီးမှုဟာ ရာသီစက်ဝိုင်းနဲ့ မျိုးပွားမှုအပေါ် မတည်မငြိမ် ဖြစ်စေတယ်လို့ ဆိုပါတယ်။

cfffe76a96787b35b425782856f78d0f

ရင်းနှီးခင်မင်တဲ့ အသိအကျွမ်းများပြားမှုဟာ အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်ချေကို အထောက်အကူဖြစ်စေကြောင်း၊ဒါပေမယ့် အရမ်းရင်းနှီးတဲ့ သူငယ်ချင်း အသိ အကျွမ်းအရမ်းများလွန်းပြန်ရင်လည်း ဟော်မုန်းတွေကို မတည်မငြိမ်ဖြစ်စေကာ မျိုးပွားမှုနှုန်းကို ထိခိုက်စေပြီး မျိုးမအောင် တာတွေ ဖြစ်စေတယ်လို့ သိရပါ တ ယ်။သူငယ်ချင်းတွေရဲ့ ပခုံးပေါ်မှာ ငိုကြွေးခြင်းဟာ အမျိုးသမီးတွေရဲ့ မျိုးပွား မှုနှုန်းကို အထောက်အပံ့ဖြစ်စေတယ်လို့ ဘော်စတွန်မှာ ပြုလုပ်တဲ့ အဆင်မြင့် သိပ္ပံဆိုင်ရာ American Association for the Advancement of Science ပွဲမှာ ပါမောက္ခRobin Dunbar ကပြောခဲ့ပါတယ်။

READ
(၂၀၁၇)အတွက် အလှဆုံး သတို့သမီးဆံပင်ပုံစံ(၇)မျိုး

nintchdbpict000303051451

ဒါကြောင့် ငါးယောက်ဆိုတဲ့ အုပ်စုကတော့ အသင့်တော်ဆုံးဖြစ်ကာ၊အဲ့ဒီလို အရမ်းရင်းနှီးတဲ့ သူငယ်ချင်းငါးယောက်တောင်မှ မရှိဘူးဆိုရင်တော့ အဲ့ဒီအ မျိုးသမီးအနေနဲ့ ရာသီစက်ဝိုင်းနဲ့ဟော်မုန်း ပုံမှန်မဟုတ်တာတွေ ဖြစ် လာနိုင် ပါတယ်။ပါမောက္ခDunbar ဟာ လူတစ်ယောက်ရဲ့ဦးနှောက်ဟာ အများဆုံး သူငယ်ချင်း(၁၅၀)ကိုသာ လက်ခံနိုင်တယ်ဆိုတဲ့ သီအိုရီကြောင့် နာမည်ကြီး လာခဲ့သူပါ။အမျိုးသမီးတွေရဲ့မိတ်ဆွေဆက်ဆံရေးမှာ တစ်ယောက်ယောက် နဲ့တစ်ယောက် ဖုန်းအဆက်အသွယ်လုပ်တာလောက်သာရှိတယ်ဆို တာ ကို လေ့လာတွေ့ရှိခဲ့ပါတယ်။ဒါပေမယ့် သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးကို ထိန်းထားနိုင်ဖို့ အတွက် ဒီလောက်နဲ့မလုံလောက်ပဲ လူချင်းတွေ့ဆုံဖို့လည်း လိုအပ်ပါတယ်။

Ref;thesun

SHARE