ကမ္ဘာအနှံ့အပြားမှာ ကုံကုမံကို တန်ဖိုးကြီးတဲ့ဟင်းချက်အမယ်တစ်မျိုးအနေနဲ့ အသုံးပြုကြပါတယ်။ ခေတ်ပေါ်လေ့လာချက်တွေအရ ကုံကုမံကို အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေအတွက် အသုံးပြုနိုင်ကြောင်း သိရပါတယ်။ အောက်ဘက်မှာတော့ NDTV FOOD ကတဆင့် ကုံကုမံရဲ့ကျန်းမာရေးအကျိုးပြုချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေးတယ်
ကုံကုမံမှာ လိမ္မော်ရင့်ရောင်၊ ရေမှာပျော်ဝင်နိုင်တဲ့ crocin ဆိုတဲ့ carotene ပါဝင်ပါတယ်။ Crocin ဟာ လူသားတွေရဲ့ ကင်ဆာဆဲလ်အမျိုးမျိုးကို သေဆုံးအောင်ပံ့ပိုးနိုင်တဲ့အစွမ်းရှိပါတယ်။ ၄င်းနဲ့ပတ်သက်ပြီး မက္ကစီကိုသုတေသနပညာရှင်တွေဟာ ကုံကုမံရဲ့ အဆီအနှစ်တွေကိုထုတ်ယူကာ လေ့လာခဲ့ကြပါတယ်။ သူတို့တွေ့ရှိလာတာက ကုံကုမံရဲ့ပါဝင်ပစ္စည်းတွေဟာ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်ရှိတဲ့ဆဲလ်တွေကို ဟန့်တားပေးတယ်ဆိုတာပါ။ ကုံကုမံဟာ ပုံမှန်ဆဲလ်တွေကိုတော့ ဘာမှမလုပ်ဘဲ ကင်ဆာဆဲလ်တွေကိုဖျက်ဆီးနိုင်တဲ့ ကိုယ်ခံအားဆဲလ် lymphocytes တွေ ဖွဲ့စည်းဖြစ်ပေါ်လာအောင် ကူညီပေးပါတယ်။
View this post on Instagram
မှတ်ဉာဏ်ကောင်းမွန်စေတယ်
ကုံကုမံမှာပါဝင်တဲ့ Crocin ဟာ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကူညီပေးရာမှာ အသုံးဝင်ပါတယ်။ ဂျပန်မှာတော့ ပါကင်ဆန်ရောဂါရှင်တွေကို ကုသခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်းနဲ့ ရောင်ရမ်းခြင်းတွေအတွက် ကုံကုမံကို ဆေးဝါးပုံစံပြုလုပ်ကာ တိုက်ကျွေးကြပါတယ်။
ဟော်မုန်းတွေကိုလှုံ့ဆော်ပေးတယ်
အပျိုဖော်ဝင်ချိန်နောက်ကျတဲ့ မိန်းကလေးတွေအတွက် ကုံကုမံမှာ ထူးခြားတဲ့အစွမ်းသက်ရောက်မှုရှိပါတယ်။ ကုံကုမံတတို့စာလောက်ကိုကြိတ်ပြီး နွားနို့စားပွဲတင်ဇွန်း ၁ဇွန်းနဲ့သောက်တဲ့အခါ ဟော်မုန်းတွေကိုလှုံ့ဆော်မှုပေးပြီး လိုချင်တဲ့ရလဒ်ထွက်လာအောင် ပြုလုပ်နိုင်ပါတယ်။
ခန္ဓာကိုယ်ကို နိုးကြားတက်ကြွစေတယ်
ကုံကုမံဟာ လိင်ပိုင်းဆိုင်ရာ နိုးကြားမှုဖြစ်အောင် ကူညီပေးပါတယ်။ ညအိပ်ရာဝင်ချိန်မှာ ကုံကုမံတစ်တို့လောက်ကို နို့တစ်ဖန်ခွက်ထဲထည့်သောက်နိုင်ပါတယ်။
View this post on Instagram
အအေးမမိအောင်ကာကွယ်ပေးတယ်
ကုံကုမံဟာ အဖျားရောဂါနဲ့ အအေးမိရောဂါ ကုသရာမှာ အရမ်းအသုံးဝင်ပါတယ်။ ၄င်းကို နွားနို့နဲ့ရောပြီး နဖူးပေါ်မှာသုတ်လိမ်းပေးရင် အအေးမိတာကို အလျင်အမြန်သက်သာစေနိုင်ပါတယ်။
ထိပ်ကွက်ခြင်းကို သက်သာစေတယ်
ဆံပင်တွေကွက်ပြီးပြောင်နေတာအတွက် ကုံကုမံကို နွယ်ချို၊ နွားနို့တို့နဲ့ ရောစပ်ပြီး ဆံပင်တွေပြန်ပေါက်လာစေဖို့ ဆံပင်သန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
View this post on Instagram
အစားအသောက်အဖြည့်ပစ္စည်းအဖြစ်သုံးနိုင်တယ်
အစားအသောက်တွေကို အရောင်လှအောင် အရသာတိုးအောင်ပြုလုပ်ရတဲ့ ရသာဖြည့် ပစ္စည်းတုတွေဟာ တစ်ခါတစ်လေ လူတွေနဲ့ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကုံကုမံကတော့ အလာဂျီဖြစ်နိုင်ခြေနည်းပါးလွန်းတဲ့အတွက် အစားအသောက်အဖြည့်ခံပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ကုံကုမံကို ယေဘူယျအားဖြင့် ကျန်းမာရေးအတွက်စိတ်ချရတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးနို့တိုက်စဉ်မှာတော့ မသုံးစွဲသင့်ပါဘူး။ ကုံကုမံအဆိပ်သင့်တယ်ဆိုတာ ရှားပေမယ့် ကုံကုမံကို စားပွဲတင်ဇွန်း၁ ဇွန်းသို့မဟုတ် ၂ဇွန်းထပ် ပိုသုံးစွဲမိရင်တော့ လူကိုအဆိပ်အတောက်ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။
ShweMom