ဒေါက်မြင့်ဖိနပ် စီးပါများရင် ဒီလိုထိခိုက်ဒဏ်ရာတွေ ဖြစ်လာနိုင်ပါတယ်

သင်က ဒေါက်မြင့်စီးရတာ ကြိုက်သူလား ။ မိန်းကလေးတွေအတွက် ဒေါက်မြင့်ဖိနပ်က ဖက်ရှင်တစ်ခုလိုပါပဲ။ ဒါပေမယ့် ဒေါက်မြင့်ဖိနပ်က ကျန်းမာရေးကို ထိခိုက်စေနိုင်တာကိုရော သတိပြုမိရဲ့လား။ ဒါကြောင့် ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်။

(၁) ခါးနာလာတတ်တယ်

Pinterest

မိန်းကလေးတွေအတွက် ဒေါက်မြင့်ဖိနပ်စီးတယ်ဆိုတာ ဖက်ရှင်တစ်ခုလိုပါပဲ။ ဒေါက်မြင့်စီးလိုက်ရင် ဆွဲဆောင်မှုပိုရှိလာသလို ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုရှိလာသလိုမျိုးပါ။ ဒါပေမယ့် ဒါတွေက အမြဲတည်ရှိမနေသလို သက်တောင့်သက်သာလည်း မရှိနေပါဘူး။ ဒေါက်မြင့်စီးပါများရင် ခြေထောက်နာလာတတ်သလို အပေါ်ဝိတ်များရင် ပိုနာတတ်ပါတယ်။ ဒါ့အပြင် ခါးအောက်ပိုင်းကိုလည်း နာလာစေပါတယ်။

(၂) ခြေဖနှောင့် နာတတ်တယ်

ဒေါက်မြင့်ဖိနပ်တွေကတော့ ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုး ရှိပါတယ်။ ဒေါက်မြင့်ဖိနပ်တွေကို အချိန်အကြာကြီး စီးမိသူတွေအတွက် ခြေထောက်နာလာတတ်ပါတယ်။ တစ်နေ့ကုန်စီးမိရင်တော့  ခြေဖနောင့်နာတာတွေကိုပါ ဖြစ်လာစေတတ်ပါတယ်။ ခြေချောင်းတွေကလည်း နာပြီး ကျင်လာတတ်ပါတယ်။

READ
ကိုယ်အလေးချိန်လျှော့ဖို့အတွက် သကြားပါဝင်မှုကိုရှောင်ကျဉ်နိုင်ယမ့် နည်းလမ်း(၅)မျိုး

(၃)   သွေးကြောတွေကို တင်းကြပ်စေတတ်တယ်

ဒေါက်မြင့်ဖိနပ်တွေကတော့ အမြင်တော့ အရမ်းလှပေမယ့် တစ်နေ့ကုန်စီးမိရင် သက်တောင်သက်သာ မဖြစ်စေပါဘူး။ ဒေါက်ဖိနပ်တွေက ခြေဖျားထောက်ထားသလို အနေအထားဖြစ်နေတာကြောင့် ခြေချောင်းလေးတွေက ရှေ့ထိပ်မှာ တင်းကြပ်ပြီး စုနေတတ်ပါတယ်။ ဒီလိုဆိုရင် သွေးကြောတွေပါ တင်းကြပ်လာတတ်ပါတယ်။

(၄) ခြေချောင်းတွေ ကွေးလာတတ်တယ်

Pinterest

ဒေါက်မြင့်ဖိနပ်ရဲ့ အဆိုးဆုံး အန္တရာယ်ကတော့ Hammer toe ဖြစ်တာပါပဲ။ Hammer toe ကတော့ ခြေချောင်းလေးတွေကို ကောက်ကွေးသွားတာကို ပြောတာပါ။ သူကတော့ ဆိုဒ်မတော်တဲ့ ဖိနပ်ထိပ်ပိတ်အကြပ်တွေကို ၀တ်ပါများရင်ဖြစ်တတ်ပါတယ်။

(၅) ဒူးနာတတ်တယ်

ဒေါက်မြင့်စီးတဲ့အခါမှာ အားအပြုရဆုံးက ဒူးခေါင်းပါ။ ဒါကြောင့် ဒေါက်မြင့်စီးပါများလာရင် ဒူးနာလာတတ်ပါတယ်။

Hannwe Soe

SHARE