အသည်းပုံနှာခေါင်းလေးကြောင့် ရောက်လေရာမှာ လူတွေရဲ့မေတ္တာ ရနေတဲ့ခွေးလေး

Wiley လို့အမည်ရတဲ့ ခွေးလေးဟာ ငယ်စဉ်ကတည်းက တစ်ခြားခွေးနဲ့မတူ တစ်မူထူးခြားတဲ့ အသွင်သဏ္ဍာန်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဆိုပါ ခွေးလေးရဲ့ နှုတ်သီးတစ်ဝိုက်ဟာ အသည်းပုံသဏ္ဍာန် အမည်းရောင်အကွက်ကလေး ရှိနေတာက သူ့ကို လူတွေက အချစ်ပိုစေခဲ့ပါတယ်။

Instagram/hi.wiley

ခွေးလေးရဲ့နှုတ်သီးက အသည်းပုံဟာ သူအရွယ်ရောက်လာတာနဲ့အမျှ ပိုထင်ရှားလာပါတယ်။ Wiley ရဲ့ သခင်မဖြစ်သူ Lexi Smith ကတော့ သူမရဲ့ခွေးလေးရဲ့ ဒီအသွင်သဏ္ဍာန်ကို အလွန်သဘောကျနေပါတယ်။ ဒါပေမယ့် ဒီလိုပုံစံ ဘယ်လိုက ဘယ်လိုဖြစ်သွားသလဲဆိုတာကိုတော့ သူမလည်း မပြောတတ်ဖူးလို့ ဆိုပါတယ်။

Instagram/hi.wiley

Lexi ရဲ့ အဆိုအရ Wiley ဟာ အလွန်ခင်တတ်တဲ့ ခွေးလေးတစ်ကောင်ဖြစ်သလို၊ အဆော့လည်း မက်ကြောင်း၊ သို့သော် သူ မနှစ်သက်တဲ့လူဆိုရင် အရေးမလုပ်ဘဲ လူမိတ်ဆွေအသစ်တွေနဲ့ တွေ့ကြုံနှုတ်ဆက်ရတာကို သဘောကျတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားတဲ့နှာခေါင်းလေးကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရောက်တဲ့နေရာမှာ ခံရကြောင်း ဆိုပါတယ်။

READ
ကင်မရာကို လာစူးစမ်းရင်း ဆယ်ဖီတွေပြန်ရိုက်မိခဲ့တဲ့ ပိုလာဝက်ဝံလေး
Instagram/hi.wiley

Lexi က ” လူတိုင်းက သူ့အသည်းပုံလေးကို သိတယ် … သူ့ကို ခေါ်သွားရင် လူတွေက အုံနေတော့တာပဲ .. ဒါပေမယ့် သူက လူတွေ အာရုံစိုက်ခံရတာကို သဘောကျပါတယ် … “လို့ ပြောပါတယ်။ အခုဆိုရင် Wiley ဟာ လူမှုကွန်ရက်မှာလည်း အားပေးသူ ပရိသတ်တွေ အခိုင်အမာ ရရှိထားပြီဖြစ်ပါတယ်။

Instagram/hi.wiley

https://www.instagram.com/p/BhW5Fc0FiOl/?utm_source=ig_embed

သူ့အတွက် Lexi ဖွင့်ပေးထားတဲ့ hi.wiley အင်စတာဂရမ်အကောင့်မှာ 29.4k အထိ ရှိနေပြီး သခင်မဖြစ်သူ Lexi ကလည်း နေ့စဉ်နဲ့အမျှ Wiley ရဲ့ပုံလေးကို တင်ပေးလေ့ရှိကြောင်း သိရပါတယ်။

နတ်စည်တော် (Shwemom)

source : ilovemydogsomuch.tv

SHARE