သခင်ပြန်ခေါ်လာနိုးနဲ့ နှင်းတောထဲမှာစောင့်နေတဲ့ သနားစဖွယ်ခွေးမလေးရဲ့အဖြစ်

နှင်းတွေ အလုံးအရင်းလိုက်ကျနေတဲ့ အလွန်ချမ်းအေးနေတဲ့ ဇန်န၀ါရီလလယ် တစ်ခုသောရက်မှာ အမေရိကန်၊ ပင်ဆီဗီးနီးယားပြည်နယ်က၊ ပန်းခြံတစ်ခုမှာ ခွေးမလေးတစ်ကောင်ဟာ ဟိုပြေးဒီပြေးနဲ့ ဂဏာမငြိမ်ဖြစ်နေတာကို မက်ကင်းနစ်ဘာ့ဂ် ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

လူတချို့က ထိုခွေးမလေးဆီကို သွားဖို့ကြိုးစားပေမယ့် အနားကို အကပ်မခံပါဘူး။ ရာသီဥတုကလည်း အေးခဲနေတာကြောင့် ခွေးလေးအသက်ရှင်သန်ဖို့ကို စိုးရိမ်ကြတဲ့လူတွေက တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့အစည်းကို အကူအညီတောင်းခဲ့ကြပါတယ်။ အဖွဲ့အစည်းကိုတည်ထောင်သူ Janine Guido ဟာ သတင်းရရခြင်းပဲ ပန်းခြံဆီသွားပြီး ခွေးမလေးကို ရှာဖွေခဲ့ပါတယ်။

Source: Speranza Animal Rescue via Facebook

Guido က ခွေးမလေးကို Carla လို့ အမည်ပေးထားပါတယ်။ နေ့တိုင်း Carla ဟာ ပန်းခြံထဲက နေရာတစ်နေရာထဲမှာပဲ ရှိနေတာကြောင့် အစွန့်ပစ်ခံ ခွေးမလေးတစ်ကောင်ဖြစ်ကြောင်း Guido အတွက် ပိုပြီးသေချာစေခဲ့ပါတယ်။ Carla ကတော့ သူ့သခင်တွေပြန်လာခေါ်နိုးနဲ့ ဘယ်မှမသွားပဲ ပန်းခြံထဲမှာ စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

READ
မွေးနေ့လက်ဆောင်ရတဲ့ အရက်ပုလင်းတွေရောင်းပြီး အိမ်ဝယ်ခဲ့တဲ့ ဆယ်ကျော်သက်လေး
Source: Speranza Animal Rescue via Facebook

Guido ကအစပိုင်းမှာ Carla ကိုအစားအသောက်နဲ့မျှားပြီး ကားထဲထည့်ဖို့ကြိုးစားပေမယ့် Carla က ထွက်ပြေးနေခဲ့ပါတယ်။ Guido ဟာ သခင်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေတဲ့ Carla ကို ဓာတ်ပုံရိုက်ပြီး သူမနဲ့ Carla ကြားက တစစရင်းနှီးလာမှုတွေကိုလည်း Facebook မှာတင်ခဲ့ပြီး ဗီဒီယိုဖိုင်လည်း မျှဝေခဲ့ပါသေးတယ်။

ဒီလိုနဲ့ Guido က Carla ကို တိရစ္ဆာန်ကုဆရာဝန်ဆီ ခေါ်သွားခွင့်ရခဲ့ပါတယ်။ Carla ဟာ(၁၀)နှစ်အရွယ် ခွေးမလေးပါ။ အလေးချိန်ကတော့ (၁၀)ပေါင်ကနေ (၁၅)ပေါင် ကြားသာရှိတာကြောင့် ကိုယ်အလေးချိန်တွေ ကျနေပါတယ်။ ခွေးမလေးဟာ အပြင်မှာ အချိန်အတော်ကြာအောင် နေခဲ့ရတာကြောင့် အရမ်းပင်ပန်းနေပါပြီ။

Guido က သူမကို စောင့်ရှောက်ရေးဂေဟာဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ အခုအခါမှာတော့ Carla ဟာ နွေးထွေးတဲ့အိမ်အသစ်လေးမှာ သခင်အသစ်၊ မောင်နှမအသစ်တွေနဲ့အတူ ပျော်ရွှင်လျက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

READ
ဟယ်ရီနဲ့ မီဂန်တို့အတွက် လုံခြုံရေး ငွေခွန်ဆောင်ဖို့ ကနေဒါနိုင်ငံသားများ ငြင်းဆို

လင်းလင်း(ShweMom)

SHARE