ဟက်ကာတွေရဲ့တိုက်ခိုက်ခံရအပြီး ဖေစ့်ဘုတ်မှာ ပထမဆုံးအကြိမ်ပြန်ပေါ်လာတဲ့ဟိန်းမင်းသူ

သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဟိန်းမင်းသူကတော့ အောက်တိုဘာလ (၁၁) ရက်နေ့မှာ ဖေ့စ်ဘုတ် အကောင့်ဟက်ခံခဲ့ရပြီးနောက်မှာ ဂုဏ်သိက္ခာနဲ့ ပတ်သတ်တဲ့ တိုက်ခိုက်မှုတွေကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ဟိုလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပြီး ဝေဖန်မှုတွေကိုလည်း အကြီးအကျယ်ရရှိခဲ့ပါတယ်။ ဟိန်းမင်းသူကတော့ အဲဒီပြဿနာတွေကြောင့် ဆေးအလွန်အကျွံသောက်ပြီး ဆေးရုံရောက်တဲ့အထိပါ ဖြစ်ခဲ့ပါတယ်။

အဲဒီပြဿနာတွေဖြစ်ပြီးနောက်မှာ ဖေစ်ဘုတ်ကနေ ပျောက်သွားခဲ့တဲ့ ဟိန်းမင်းသူကတော့ အောက်တိုဘာလ ၁၈ ရက်နေ့ ညက ပရိသတ်တွေရဲ့ ရှေ့ကို တဖန်ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဟိန်းမင်းသူကတော့ သူ့ရဲ့ ဖေစ်ဘုတ်အကောင့်ကနေ Live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြောခဲ့တာဖြစ်ပါတယ်။ ဟိန်းမင်းသူကတော့ အတိတ်အကြောင်းတွေကို မေ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပရိသတ်တွေအတွက် အနုပညာအသစ်တွေကို ချပြဖို့လည်း ကြိုးစားနေပြီဆိုတဲ့အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဟိန်းမင်းသူကတော့ “ကျွန်တော် လူအမြင်ကပ်တဲ့ ပုံစံမျိုးလေးတွေ လျှော့မယ် ကျွန်တော့်ကို အမြင်ကပ်တဲ့လူတွေ နည်းသွားအောင် လူအမြင်ကပ်တဲ့အရာလေးတွေလျှော့မယ်” ဆိုပြီးတော့လည်း ဗီဒီယိုထဲမှာ ပြောထားပါတယ်။ သီချင်းအသစ်ကိုလည်း ဒီရက်ပိုင်းမှာ တင်သွားမှာဖြစ်တယ်လို ဟိန်းမင်းသူက ပြောထားပါတယ်။ စိတ်သစ်လူသစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတဲ့ ဟိန်းမင်းသူကို အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ…။

Posted by Hein Min Thu on Thursday, October 18, 2018

Source: Hein Min Thu

SHARE