နှလုံးအစားထိုးဖို့ နှလုံးသယ်ဆောင်လာတဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ ထူးထူးခြားခြား ဖြစ်ရပ်

Youtube_Helicopter Transporting Donor Heart Crashes On Helipad At SoCal Hospital

နှလုံးအစားထိုး ခွဲစိတ်ကုသမှုဆိုတာ တော်တော်လေးကို ခက်ခဲ့တဲ့ ခွဲစိတ်မှုတစ်ခုပါပဲ။ ရုတ်တရက် သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ နှလုံးကို နှလုံးခုန်နေတဲ့အချိန်အတွင်း အဆိုပါ လူရဲ့ ခန္ဓာကိုယ်ထဲကနေထုတ်ပြီး နှလုံးအစားထိုးခွဲစိတ်ကုသမှု လိုအပ်နေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို အချိန်မှီ အစားထိုးခွဲစိတ်ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီနှလုံးကို ရေခဲဗူး အသေးစားလေးထဲမှာထည့်ပြီး ရဟတ်ယာဉ်နဲ့ သယ်ဆောင်တာကိုတော့ ဆရာဝန်ဇာတ်ကားတော်တော်များများမှာ တွေ့မြင်ဖူးကြမှာပါ။ အခုလည်း ဒီလိုမျိုး ရဟတ်ယာဉ်နဲ့ အစားထိုးကုသမယ့် နှလုံးကို သယ်ဆောင်နေတဲ့အချိန်အတွင်း ဆင်းသက်ရမယ့် ဆေးရုံရဲ့ ခေါင်မိုးပေါ်မှာ ရဟတ်ယာဉ်ပျက်ကျမှု မတော်တဆ ဖြစ်ပွားခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Helicopter Transporting Donor Heart Crashes On Helipad At SoCal Hospital

အဆိုပါဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံ၊ California ပြည်နယ်ရှိ Los Angeles မြို့ရဲ့ Keck ဆေးရုံမှာ ပြီးခဲ့တဲ့ သောကြာနေ့(၆.၁၁.၂၀၂၀)ညနေခင်းအချိန် ၃ နာရီ ၁၅ မိနစ်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရဟတ်ယာဉ်က အစားထိုးခွဲစိတ်ဖို့ နှလုံးကို Keck ဆေးရုံကို သယ်ဆောင်လာတဲ့ အချိန်အတွင်း အဆိုပါဆေးရုံရဲ့ ရဟတ်ယာဉ်ဆင်းသက်ရာ ခေါင်မိုးမှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ရဟတ်ယာဉ်ဟာ ဆင်းသက်ဖို့ ပြုလုပ်နေတဲ့အချိန်အတွင်း အရှိန်မထိန်းနိုင်တော့ပဲ ရုတ်တရက် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းချင်တော့ ရဟတ်ယဉ်မောင်းသူနဲ့ အဆိုပါ ရဟတ်ယာဉ်ပေါ်မှာ ပါလာတဲ့ ဆေးရုံအကူဝန်ထမ်းနှစ်ဦးစလုံး ဘာမှမဖြစ်ခဲ့ပါဘူး။

READ
အဆိပ်ဓာတ်ငွေ့ကိုသုံးပြီး မိသားစုဝင်တွေနဲ့အတူ သေကြောင်းကြံစည်ခဲ့တဲ့ဖခင်

“ရဟတ်ယာဉ်ပျက်ကျခါနီး ဆေးရုအကူဝန်ထမ်း ၂ ဦးက ခေါင်မိုးပေါ် ခုန်ဆင်းလိုက်တော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ရဟတ်ယာဉ် မောင်းတဲ့သူကတော့ ပိတ်မိနေလို့ ချက်ချင်းကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အစားထိုးခွဲစိတ်ဖို့ ယူလာတဲ့ နှလုံးကလည်း ရဟတ်ယာဉ်အတွင်းမှာ ပိတ်မိနေလို့ တော်တော်လေး ခက်ခက်ခဲခဲ ထုတ်လိုက်ရပါတယ်။ ပြီးတော့ ထုတ်ထုတ်ပြီးချင်း ဆေးရုံက တာဝန်ရှိတဲ့ ဆရာဝန်တွေကို နှလုံးပေးပြီး အဲဒီနှလုံးကြီးကို သယ်ပြီး သွာနေတုန်း ရဟတ်ယာဉ် အပိုင်းအစတစ်ခုနဲ့ တိုက်မိလို့ နှလုံးသယ်သွားတဲ့ ဆရာဝန်က လမ်းမှာ ခလုတ်တိုက်ပြီး လဲကျသွားသေးတယ်။ နှလုံးကတော့ ဘာမှမဖြစ်သွားလို့ သိရပါတယ်။ နောက်ဆုံးရသတင်းကတော့ နှလုံးအစားထိုးခွဲစိတ်ကုသမှုပါ အောင်မြင်သွားတယ်လို့ သိရပါတယ်”လို့ Los Angeles Fire Department မှ မီးသတ်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
ကမ္ဘာ့အကြီးဆုံး မြွေကြီးကို ဘရားဇီးဆည်လုပ်သားများဖမ်းဆီးရမိ
Youtube-Helicopter Transporting Donor Heart Crashes On Helipad At SoCal Hospital

Pyi Hein Kyaw

SHARE