လက်ကိုင်အိတ်တွေကပြောတဲ့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်း

အ၀တ်အစားတွေက ယောက်ျားတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ညွှန်းတယ်ဆိုရင် အမျိုးသမီးတွေဆင်မြန်းလေ့ရှိတဲ့ အဆင်တန်ဆာတွေက အဲ့ဒီအမျိုးသမီးရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ညွှန်းတယ် ဆိုနိုင်မလား..?

လူတစ်ယောက်ရွေးချယ်ဝယ်ယူတဲ့ ပစ္စည်းဟာ အဲ့ဒီလူရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်စေနိုင်ပါတယ်။ဒါဆိုရင် လက်ကိုင်အိတ်တွေကရော လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဘယ်လိုဖော်ညွှန်းနေသလဲ..?

(၁)အိတ်တိုလေးတွေ

တကယ်လို့များ သင်ဟာအိတ်တိုလေးတွေကို လွယ်ပြီးသွားလာတတ်သူဆိုရင်တော့ သင်ဟာ ဘ၀ကံကြမ္မာကပေးလာတဲ့ ဘယ်အရာကိုပဲဖြစ်ဖြစ် လက်ခံလိုက်ဖို့ အသင့်ရှိနေတတ်သူဖြစ်ပါတယ်။ဘာကိုမဆို ပြင်ဆင်ထားတတ်တဲ့မိန်းကလေးမျိုးပါ။

BSCT_PSTL_SLVR_01_PROD_0000_1024x1024

 

(၂)ကျောပိုးအိတ်

ကျောပိုးအိတ်ကို လွယ်တတ်တဲ့သူဆိုရင်တော့ သင်ဟာလွတ်လပ်မှုကို မြတ်နိုးပြီး တခြားလူတွေဆီကလည်း စစ်မှန်မှုကိုလည်း ချစ်မြတ်နိုးစောင့်ဆိုင်း တတ်သူတစ်ယောက်ပါ။ဒီနေ့အတွက် အသက်ရှင်နေတဲ့ သူဖြစ်ပြီး စွေန့်စားမှုတွေ စူးစမ်းလေ့လာမှုတွေ လုပ်ဖို့ နေ့စဉ်နဲ့အမျှဆန္ဒရှိနေသူဖြစ်ပါတယ်။

(၃)လက်ကိုင်အိတ်

လက်ကိုင်အိတ်အသေးတွေကို ကိုင်တတ်တဲ့သူဆိုရင်တော့ အိတ်ထဲမှာပစ္စည်းတွေအများကြီး ထည့်ရတာကို မကြိုက်ပဲ ပေါ့ပေါ့ပါးပါးကို ကြိုက်တဲ့သူတွေပါ။မိန်းမတွေလိုချင်တဲ့ ကြိုက်တတ်တဲ့အရာ အကုန်လုံးကို နှစ်သက်လွန်တဲ့ မိန်းမဆန်သူတစ်ယောက်ဖြစ်ပါတယ်။လိုအပ်တာလောက်ကိုပဲ ယူချင်တတ်သူဖြစ်သလို ပြီးမြောက်မှုကသာ သင့်အတွက်အဓိကအရေးကြီးတဲ့သော့ချက်ဖြစ်ပါတယ်။

READ
ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တွေနဲ့ ဘယ်လာဟက်ဒီး

original_personalised-clutch-bag

(၃)ဘေးလွယ်အိတ်

ဘေးလွယ်အိတ်ကိုမှကြိုက်တဲ့သူဆိုရင်တော့ သင်ဟာဖက်ရှင်ကို ချစ်မြတ်နိုးတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး သင့်အတွက်မရှိမဖြစ်တဲ့ပစ္စည်းတွေမပါတဲ့ အိမ်ကနေမထွက်တတ်တဲ့ သူတစ်ယောက်ပါ။

jm1105_lifestyle_a_1

(၄)ချိုင်းချိတ် အိတ်အသေး

ချိုင်းချိတ်လွယ်တဲ့အိတ်အသေးလေးတွေကို ကိုင်တတ်တဲ့သူဆိုရင်တော့ စိတ်ဓါတ်ခိုင်မာ၊ယုံကြည်ချက် ခိုင်မာသူ၊စိတ်ခံစားမှုပြင်းထန်သူတစ်ယောက်ပါ။မကြာခဏဆိုသလို လက်တွေ့မကျတဲ့အပြုအမှုတွေ၊ စိတ်ခံစားမှုကိုဦးစားပေးတဲ့အပြုအမှုတွေကို လုပ်လေ့ရှိပေမယ့် ဘ၀မှာကောင်းတဲ့အရာတွေနဲ့ပျော်မွေ့တတ်သူ တစ်ယောက်ပါ။ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်ပြီး ထောင်လွှားမော်ကြွားတတ်သူတော့မဟုတ်ပါဘူး။

SHARE