ထိုက်တန်တဲ့ လစာရဖို့ Professional ကျကျ လစာညှိနှိုင်းနည်း

လုပ်ငန်းခွင်တစ်ခုကို ၀င်ရောက်နေကြတဲ့ သူတွေပဲ ဖြစ်ဖြစ်၊ အခုမှ စပြီး လုပ်ငန်းခွင်ကို ၀င်ဖို့ ပြင်ဆင်နေကြတဲ့ သူပဲ ဖြစ်ဖြစ် မဖြစ်မနေ လုံးဝ သိထားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ လစာညှိနှိုင်းနည်းပါ။လစာကောင်းကောင်းရဖို့ ဘယ် လို တွေ ညှိနှိုင်းရမလဲ..? ဒီအချက်ကို လူတော်တော်များများက မေ့လျော့နေကြတာရှိပါတယ်။အထူးသဖြင့် အခုမှ လုပ်ငန်းခွင် ၀င်မယ့်သူတွေ၊ လုပ်ငန်းခွင်ထဲမှာ ကျင်လည်နေတာ သက်တမ်းနုသေးတဲ့ လူငယ်တော်တော် များများမှာဆိုရင်  လစာညှိ တာနဲ့ပတ်သက်ပြီး သေချာ နားလည် သဘောပေါက်တဲ့ သူရှားပါတယ်။ထိုက်သင့်တဲ့ လုပ်အားခ တစ်ခုကို ရချင်တယ်ဆိုရင် တော့ ဒီအချက်တွေကို မဖြစ်မနေကို သိထားဖို့ လိုပါတယ်။ဒီနေရာမှာတော့ အလုပ်တစ်က သင့်ကို ကမ်းလှမ်းလာပြီဆိုရင်  ထိုက်သင့်တဲ့ လစာကို ရဖို့ ဘယ်လိုညှိနှိုင်းရမလဲ ဆိုတဲ့ အချက်ကို ဖော်ပြထားပါတယ်။

(၁)သင့်ဘက်ကနေ ကြိုတင်ပြင်ဆင်ပါ

အလုပ်တစ်ခုကို စလျှောက်ပြီဆိုတာနဲ့ ကုမ္ပဏီတော်တော်များများကတော့ မျှော်မှန်းလစာကို တစ်ခါတည်း ဖြည့်စွက်ရပါ တယ်။ဒါပေမယ့် တစ်ချို့တွေကတော့ အင်တာဗျူးကျမှ မျှော်မှန်းလစာနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းကြတာ များပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အင်တာဗျူး တစ်ခု သွားပြီဆိုတာနဲ့ အလုပ်ခန့်ကြောင်း အကြောင်းကြားမှ လစာ ကိစ္စကို စဉ်းစား တာမျိုး မလုပ်ပါနဲ့။အင်တာဗျူး သွားပြီဆိုတာနဲ့ ကိုယ်လစာ ဘယ်လောက် တောင်းမလဲ ဆိုတာကို ကြိုစဉ်းစား သွားပါ။ ဒီနေရာ မှာ တစ်ခု ဖြည့်စွက်ပြောချင်တာက သင်တောင်းတဲ့ လစာကို ပြောတဲ့ အခါမျိုးမှာ အလုပ်ရှင် ဘက်ကနေ သေချာ ပေါက် ဈေးဆစ်မှာပါ။ သင်တောင်းတဲ့ ငွေပမာဏရဲ့ အောက်ကို သေချာ ပေါက် သူက လျော့ပြီး ဈေးဆစ်အုံးမယ်ဆိုတဲ့ အချက်ကိုတော့ သေချာပေါက်မမေ့ပါနဲ့။

(၂)စိတ်ထဲမှာ မှန်းထားတဲ့ လစာထက် ပိုတောင်း

ဒီအချက်ကတော့ လုံးဝကို မမေ့ပါနဲ့။အကောင်းဆုံးကတော့ ကိုယ် join မယ့် အလုပ်ထဲက လစာနှုန်းထား တွေ ကို အတိ အကျ မဟုတ်တောင် တီးမိခေါက်မိတဲ့ အနေအထားလောက် သိထားရင်တော့ ပိုကောင်း ပါတယ်။အလုပ် ရှင် ဘက်က ဈေးဆစ် မယ်ဆိုတာကတော့ တစ်ရာရာခိုင်နှုန်းကို သေချာနေတာကြောင့် မျှော်မှန်းလစာ ကို ကိုယ်စိတ်ထဲမှာ မှန်း ထားတဲ့ ပမာဏ ထက် လုံးဝလုံးဝလျော့ မပြောပါနဲ့။ပိုပြောပါ။ပိုတောင်းပါ။အလုပ်မရမှာ စိုးပြီး လစာကို လျော့ ချင်တိုင်းလျော့ ပေး လိုက်ရင်တော့ အချိန်တန်လုပ်ငန်းခွင်ထဲရောက်မှ ကိုယ်နဲ့ ရာထူးတူတွေက ကိုယ့်ထက် လစာ ပိုများနေမှန်း သိတဲ့ အခါမျိုး ကျရင် သေချာ ပေါက် အစာမကြေရင်ခံရပါလိမ့်မယ်။ဥပမာ- ရာထူးချင်းတူပေမယ့် ဒီလူနဲ့ အင်တာဗျူး လုပ်တုန်းက ဒီလူက တစ် သိန်း ရမှ လုပ်မှာမို့ လုပ်ငန်းရှင်က တစ်သိန်းပေးခဲ့တာဖြစ်ပြီး သင်ကတော့ (၈)သောင်းနဲ့ တောင်းလို့ သင့်ကို လုပ်ငန်း ရှင်က (၈) သောင်းနဲ့ အလုပ်ခန့် လိုက်တဲ့ ကိစ္စမျိုးကို နောက်မှ သင်ပြန်သိရရင်တော့………….

READ
ကိုယ်နဲ့ အသင့်လျော်ဆုံးဖြစ်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကို ဘယ်လိုရှာမလဲ

(၃)အကျိုးသင့်အကြောင်းသင့်တောင်းပါ

လစာညှိနှိုင်းတယ်ဆိုတဲ့ ကိစ္စက သေချာပေါက် အကျိုးအကြောင်းသင့်နေဖို့ လိုပါတယ်။လစာတွေ စွတ်ရွတ် တောင်း နေပြီး ကိုယ့်ဘက်ကနေ ဘာကြောင့် ဒီလိုတောင်းရလဲ ဆိုတာကို အကျိုးသင့် အကြောင်းသင့် မပြောပြနိုင်ဘူး ဆိုရင်တော့  အလုပ်ရှင်က သင့်ကို ပိုက်ဆံကိုပဲ ငမ်းငမ်းတက်နေတဲ့ ဘ၀င်ရူးလို့ ထင်သွားပါလိမ့်မယ်။သင်က ကုမ္ပဏီ အတွက် ဘာတွေ လုပ်ပေးနိုင်လဲ ဆိုတဲ့ သင့်ရဲ့ Skill တစ်နည်းအားဖြင့် ဒီလစာကို ရဖို့ ဘာကြောင့် ထိုက်တန် ရသလဲ ဆိုတာကို ရှင်း ပြနိုင်ဖို့ လိုပါတယ်။နောက်တစ်ခုကတော့ အခြေအနေ တစ်ခု -ဥပမာ အလုပ်က အိမ်နဲ့ အရမ်းဝေးလို့၊အလုပ်က ဝေးလံတဲ့ နေရာ မျိုး မှာရှိနေတဲ့ အခါ လမ်းခရီးစရိတ်ပိုကုန်ကျမှာမို့…ဒီလိုမျိုး သင့်ဘက်ကနေ ဘာကြောင့် ဒီလောက်တောင်းရသလဲ ဆိုတဲ့ အကြောင်းအရင်းကို အသေအချာ ရှင်းပြနိုင်ရပါမယ်။

(၄)အချိန်ဆွဲပါ

ဒါကတော့ နဲနဲအိုက်တင်ခံရမယ်ဆိုတဲ့ သဘောပါ။ အလုပ်တစ်ခုကနေ သင့်ကို လစာ ပမာဏ တစ်ခု နဲ့ ကမ်းလှမ်း လာပြီ ဆိုရင် လက်မခံနိုင်ရင် မခံနိုင်တဲ့ အကြောင်းငြင်းပါ။ဒီလိုမဟုတ်ပဲ လက်ရှိကမ်းလှမ်းတဲ့ လစာကလည်း သင့် အတွက် သိပ် တော့ မဆိုးလှဘူး၊ဒါပေမယ့် နောက်ထပ် အလုပ်အင်တာဗျူး တစ်ခုလည်း ရှိနေသေးတယ်ဆိုရင်တော့ ချက်ချင်း ကြီး လက် မခံပစ်လိုက်ပါနဲ့။စဉ်းစားကြည့်မယ်၊ဘယ်နေ့ အကြောင်းပြန်ပေးပါ့မယ်ဆိုပြီး အချိန်ဆွဲပါ။ဒါက နောက် အလုပ် အင်တာဗျူး တစ်ခု ရှိနေတဲ့ အနေအထားမှ မဟုတ်ပါဘူး။မရှိဘူးဆိုရင်တောင်မှ ကမ်းလှမ်းမှုကို ချက်ချင်းကြီး အဖြေမပေးပဲ  အချိန် တစ်ခုယူပြီးစဉ်းစားပါ။(တကယ်မစဉ်းရင်တောင်မှ အိုက်တင်ခံပြီး စဉ်းစားသလိုလုပ်ပါ)

READ
ဘ၀ရဲ့အရေးပါတဲ့ကိစ္စရပ်တွေ အမြန်ပြီးမြောက်စေဖို့ လျှို့ဝှက်ချက် (၅)ချက်

(၅)ချေပစ်လိုက်ပါ

ဒါကတော့ လက်ရှိ ခေတ်စကား ဖြစ်တဲ့ အတိုင်း ချေပစ်လိုက်ပါ။အလုပ်အင်တာဗျူးတစ်ခုက တစ်ခါတလေ ကျရင် မာယာ တွေ အရမ်းများတဲ့ တိုက်ပွဲ တစ်ခုလိုပါပဲ။သင်ရော အလုပ်ရှင်၊အင်တာဗျူးတဲ့ သူတွေ ဘက်ကပါ မာယာတွေ အသား ကုန် ထုတ်သုံးကြမှာပါ။သင်ကို ဒီလောက်နဲ့ဆို လုပ်နိုင်မလားလို့ မေးတဲ့ အခါမျိုးကျရင် သေချာပါတယ် အင်တာဗျူးသူတွေ က သင် မဟုတ်လဲ တခြားတစ်ယောက်ကို ခန့်ပစ်လိုက်လို့ ရတယ်ဆိုတဲ့ မျက်နှာပေးမျိုး ဖြစ်နေမှာပါ။သူတို့စိတ်ထဲမှာ သင့်ကို ခန့်ချင်နေရင်တောင်မှ သူတို့မျက်နှာပေါ်မှာ ထုတ်မပြပဲ သူတို့ဘက်ကလဲ ချေကြမှာပါ။အလွယ်ပြောရရင်တော့ သူတို့ ဈေး ဆစ်တာကို သင့်ဘက်က လက်ခံချင်သွားအောင် သူတို့က မျက်နှာအမူအရာတွေနဲ့ဖော်ပြတာတွေ၊စိတ်ဓါတ် စစ်ဆင် ရေး တွေ ဆင်နွှဲလာမှာတော့ သေချာပါတယ်။ဒါကြောင့် ချေပစ်လိုက်ပါ။ No ဆိုရင် No ကို ပြတ်ပြတ်သားသား ပြော ပစ်လိုက်ပါ။ အလုပ်လိုချင်ဇောနဲ့ ပြောသမျှ ခေါင်းညိတ်တာမျိုးတွေ မလုပ်ပါနဲ့။ကိုယ်လက်မခံနိုင်ရင် လက်မခံ နိုင်ကြောင်း ပြော လိုက်ပါ။ ဖြည့်စွက်ချက်အနေနဲ့ကတော့သူမှမခန့်ရင် ကိုယ်တစ်သက် အလုပ်မရနိုင်တော့တဲ့ မျက်နှာငယ်မျိုးထက် ကိုယ့်အရည် အချင်း ကို အပြည့်အ၀ ယုံကြည်မှုရှိတဲ့၊သူမခန့်လဲ တခြားနေရာကို သွားနိုင်တယ်ဆိုတဲ့ ယုံကြည်မှု အပြည့် ရှိတဲ့ မျက်နှာ မျိုး ဖြစ်နေပါစေ။

#Shwemom

 

SHARE